Myanmar’s detained former leader Aung San Suu Kyi shakes hands with Myanmar’s Resident Representative and Head of Delegation for the International Committee of the Red Cross (ICRC) Arnaude de Baecque, in Naypyidaw, Myanmar August 3, 2026. Khine Khine Soe, Myanmar Government spokesperson/Handout via REUTERS PSM(News) ဩဂုတ် ၅၊ ၂၀၂၆ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က သွားရောက်တွေ့ဆုံခဲ့မှုကို လှိုက်လှဲစွာ ကြိုဆိုသော်လည်း အဆိုပါတွေ့ဆုံမှုကို အာဏာလု စစ်အုပ်စုက နိုင်ငံရေးအရ တရားဝင်မှုရရှိရေး အသုံးချခွင့် မပြုသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယမန်နေ့ ဩဂုတ် ၄ ရက်တွင် ထုတ်ပြန်သတိပေးလိုက်သည်။ နှစ်ပေါင်းများစွာ အဆက်အသွယ်ဖြတ်တောက် ခံထားရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် သက်ရှိထင်ရှား ရှိနေသေးကြောင်း သိရှိခဲ့ရသဖြင့် စိုးရိမ်ပူပန်နေကြသည့် ပြည်သူလူထုအတွက် စိတ်သက်သာရာရ ဝမ်းမြောက်မိကြောင်း၊ သို့သော် ယခုတွေ့ဆုံမှုသည် အာဏာလု စစ်အုပ်စု၏ စေတနာကြောင့် မဟုတ်ဘဲ နိုင်ငံတကာ၏ ဖိအားပေးမှုနှင့် ပြည်သူများ၏ မဆုတ်မနစ် ကြိုးပမ်းတောင်း ဆိုမှုများ၏ ရလဒ်ဖြစ်ကြောင်း NUG က ဆိုသည်။ လူသားချင်းစာနာမှုဆိုင်ရာ တွေ့ဆုံမှုတစ်ခုတည်းဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး၊ ချုပ်နှောင် ထားရှိသည့် အခြေအနေများနှင့် ပတ်သက်၍ စိုးရိမ်မှုများ လျော့ပါးသွားခြင်း မရှိဘဲ ဒေါ်အောင်ဆန်းစု ကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရေး ကို အစားထိုးနိုင်မည် မဟုတ်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် အာဏာလု စစ်အုပ်စုသည် ယခုတွေ့ဆုံမှုကို အခြေခံ၍ တရားဝင်မှု ရရှိရန် အသုံးချခြင်း၊ ၎င်းတို့ ကျူးလွန်ထားသည့် ကြီးလေးသော နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများကို ဖုံးကွယ်ခြင်း၊ မြန်မာ့နိုင်ငံရေး အကျပ်အတည်းအတွက် စစ်မှန်သော နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရမည့် အရေးကိစ္စများကို အစားထိုး လှည့်စားခြင်းတို့အတွက် လုံးဝ အသုံးချခွင့် မပြုရန် ထုတ်ပြန်ထားသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် စဉ်ဆက်မပြတ် တောင်းဆိုပေးခဲ့သည့် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝန်းကို ကျေးဇူးတင်ရှိကြောင်းနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တော်လှန်ရေးအင်အားစုများ နှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု NUG က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Military Chief Min Aung Hlaing (front L) arrives for a memorial event at the Myanmar International Convention Centre (MICC) in Naypyidaw on March 28, 2026, to mark the first anniversary since a 7.7-magnitude tremor struck, killing more than 3,800 people in Myanmar — and around 90 more in neighbouring Thailand. (Photo by ANTHONY WALLACE / AFP) Post navigation ရခိုင်တွင် အထိနာနေသည့် အာဏာလု စစ်အုပ်စုက ဧရာဝတီတိုင်းအတွင်း စစ်မျက်နှာဖွင့် ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ ပြင်းထန်နေ အသက်အန္တရာယ် စိုးရိမ်ရပါက မြန်မာဒုက္ခသည်များ ပြန်လည်ပို့ဆောင်ရေး အစီအစဉ်ကို ဆက်လက်လုပ်ဆောင်မည်မဟုတ်