PSM (News)

ဩဂုတ် ၁၃၊၂၀၂၆

ထိုင်းနိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ချိန်ညှိထားသော ဆက်ဆံရေးမူဝါဒနှင့် နေပြည်တော်အပေါ် သံတမန်ရေးအရ အားပေးဆောင်ရွက်မှုများသည် ပြည်တွင်းနှင့် ဒေသတွင်း ပြင်းထန်သောဝေဖန်မှုများကို ရင်ဆိုင်နေရသည်။

ထို့အပြင်ထိုင်းနိုင်ငံ၏မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရာတွင်မူ သိသာထင်ရှားသော အကျိုးအမြတ် တစ်စုံတစ်ရာ မရရှိခဲ့ကြောင်း နိုင်ငံရေးသုံးသပ်ချက်များက ဖော်ပြနေပါသည်။

ထိုင်းဝန်ကြီးချုပ် အနုတင် ချန်းဗီရာကူလ်သည် မြန်မာနိုင်ငံ၏ အာဏာလုသမ္မတ မင်းအောင်လှိုင်ကို သြဂုတ်လ ၆ ရက်မှ ၇ ရက်နေ့အထိ လက်ခံတွေ့ဆုံခဲ့ပြီး နယ်စပ်လုံခြုံရေး၊ နိုင်ငံဖြတ်ကျော် လိမ်လည်မှုတိုက်ဖျက်ရေး၊ မီးခိုးမြူနှင့် ရေထုညစ်ညမ်းမှု ထိန်းချုပ်ရေးတို့အတွက် ရည်မှန်းချက်ထား လုပ်ဆောင်ခဲ့သော်လည်း နိုင်ငံတကာနှင့် ပြည်တွင်းဒီမိုကရေစီ အရေးလှုပ်ရှားသူများ၏ ပြင်းထန်သော ဆန့်ကျင်ကန့်ကွက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

မင်းအောင်လှိုင်၏ ခရီးစဉ်သည် စစ်ကောင်စီအတွက် တရားဝင်မှု ရရှိစေရန် အထောက်အကူဖြစ်စေခဲ့ပြီး၊ ထိုင်းနိုင်ငံအနေဖြင့် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်ကို လျစ်လျူရှုရာရောက်ခဲ့ကြောင်း ဝေဖန်ခံခဲ့ရသည်။

နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ (MOU) များနှင့် ရေထုအရည်အသွေး စီမံခန့်ခွဲမှုဆိုင်ရာ သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ကြသော်လည်း ရှမ်းပြည်နယ်ရှိ မြေရှားသတ္တုတွင်းလုပ်ငန်းများမှ ကူးစက်လာသည့် ကော့မြစ် ရေထုညစ်ညမ်းမှုကို ကိုင်တွယ်ရာတွင် မြန်မာဘက်က ထိန်းချုပ်နိုင်စွမ်း အားနည်းမှုကြောင့် လက်တွေ့တွင် အကောင်အထည်ဖော်ရန် ခက်ခဲနေဆဲဖြစ်သည်။

ထိုင်းနိုင်ငံရောက် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများနှင့် ထိုင်းအတိုက်အခံ ပြည်သူ့ပါတီ အမတ်များက ငြိမ်းချမ်းရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များကို ပြတ်သားစွာ ဖိအား‌ပေးရန်‌တောင်းဆိုခဲ့ကြသည်။

ကိုးကား-Thai PBS

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *