daily-news စစ်မှုထမ်းစာရင်းအကြောင်းပြ၍ တာမွေတွင် လူငယ် ၃ ဦး ဖမ်းဆီးခံရ၊ အာဏာလုစစ်အုပ်စုက စစ်မှုထမ်းရန် လူဦးရေစာရင်းပြုစုပြီး အလှည့်ကျစနစ်ဖြင့် ဆင့်ခေါ်ရန် စီမံနေ May 16, 2026 Htet Ko မောင်မောင်ကဲ/PSM(News) မေ ၁၆၊ ၂၀၂၆ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်တွင် စစ်မှုထမ်းစာရင်းတွင် ပါဝင်သည်ဟုဆိုကာ လူငယ် သုံး ဦး အဓမ္မဖမ်းဆီးခေါ်ဆောင်ခံရမှု ဖြစ်ပွားခဲ့ပြီး တစ်ဖက်တွင်လည်း အာဏာလုစစ်အုပ်စုက အကျုံးဝင်သည့် လူငယ်အင်အားစာရင်းများကို လဝကနှင့် ပူးပေါင်းပြုစုကာ အလှည့်ကျစနစ်ဖြင့် ဆင့်ခေါ်ရန် ပြင်ဆင်နေကြောင်း သိရသည်။ ပြီးခဲ့သည့် မေ ၁၄ ရက် နံနက်ပိုင်းက တာမွေမြို့နယ်၊ ကျောက်မြောင်း၊…
daily-news ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပ၊ လက်နက်ခဲယမ်းနှင့် ဒရုန်းများ ဖြည့်တင်းပေးအပ် May 16, 2026 Htet Ko PSM(News) မေ ၁၆၊ ၂၀၂၆ ချင်းအမျိုးသားအဖွဲ့ချုပ် / ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ၏ အခြေခံစစ်ပညာ သင်တန်း အမှတ်စဉ် (၂/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မေ ၁၅ ရက် နံနက်ပိုင်းက CNO/CNDF ၏ စစ်သင်တန်းကျောင်း တစ်နေရာ၌ အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့…
international news အမေရိကန်ကို ယုံကြည်မှုမရှိသော်လည်း အလေးအနက်ထားမှသာ ဆွေးနွေးမည်ဟု အီရန်ပြောကြား May 16, 2026 Htet Ko PSM NEWS မေ ၁၆၊ ၂၀၂၆ အီရန်နိုင်ငံအနေဖြင့် အမေရိကန်အစိုးရအပေါ် ယုံကြည်မှု လုံးဝမရှိကြောင်းနှင့် အမေရိကန်ဘက်မှ အမှန်တကယ် အလေးအနက်ထားသည့် လက္ခဏာပြမှသာလျှင် ဆွေးနွေးမှုများပြုလုပ်ရန် စိတ်ဝင်စားကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရတ်ချီ က ပြောကြားလိုက်သည်။ ၎င်းသည် အိန္ဒိယနိုင်ငံတွင် ကျင်းပသည့် BRICS နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိနေစဉ်အတွင်း သောကြာနေ့က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ…
international news အဂတိလိုက်စားမှုဖြင့် စွပ်စွဲခံရသည့် အိန္ဒိယဘီလျံနာ ဂေါတမ်အဒါနီ၏အမှုကို အမေရိကန်အစိုးရ ကျေအေးပေးရန် သဘောတူ May 16, 2026 Htet Ko PSM (NEWS) မေ ၁၆၊၂၀၂၆ အိန္ဒိယနိုင်ငံရှိ နေရောင်ခြည်စွမ်းအင်စီမံကိန်းများနှင့် ပတ်သက်၍ လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသော အိန္ဒိယဘီလျံနာ ဂေါတမ်အဒါနီ နှင့် ၎င်း၏ကုမ္ပဏီအပေါ် စွဲဆိုထားသည့်အမှုကို ကျေအေးပေးရန် အမေရိကန်အစိုးရက သဘောတူညီလိုက်ကြောင်း ရုံးတော်မှတ်တမ်းများအရ သိရသည်။ ၂၀၂၄ ခုနှစ်အတွင်း အမေရိကန် ငွေကြေးနှင့် အိတ်ချိန်းကော်မရှင် (SEC) ၏ တရားစွဲဆိုချက်အရ ဂေါတမ်အဒါနီနှင့် ၎င်း၏တူဖြစ်သူ…
international news အထက်လွှတ်တော်အမတ်ကို ဖမ်းဆီးရန် ICC ၏ တောင်းဆိုချက်ကို ဖိလစ်ပိုင် လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီးအတည်ပြု May 16, 2026 Htet Ko 8PSM (NEWS) မေ ၁၆၊ ၂၀၂၆ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများဖြင့် အလိုရှိနေသည့်ထိပ်တန်းအထက်လွှတ်တော်အမတ်တစ်ဦးကို ဖမ်းဆီးရန် နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) ၏ တောင်းဆိုချက်ကို ဖိလစ်ပိုင်နိုင်ငံအနေဖြင့် “မပျက်မကွက်” လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားရေးဝန်ကြီးက သောကြာနေ့တွင် ပြောကြားခဲ့သည်။ သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး လက်ထက်သွေးထွက်သံယိုဖြစ်ပွားခဲ့သည့် “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲ” ကို အဓိကကြီးကြပ်ခဲ့သူ…
international news ထိုင်ဝမ်အခြေစိုက် TSMC မှ Vanguard ရှိ ၎င်း၏ ရှယ်ယာများကို ဒေါ်လာ ၈၅၀ သန်းဖြင့် ရောင်းချမည် May 16, 2026 Htet Ko PSM (NEWS) မေ ၁၆၊၂၀၂၆ ကမ္ဘာ့အကြီးဆုံးကန်ထရိုက်စနစ်သုံးချစ်ပ်ပြားထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည့် ထိုင်ဝမ်အခြေစိုက် (Taiwan Semiconductor Manufacturing Company Limited, TSMC) သည် ၎င်းပိုင်ဆိုင်သော Vanguard International Semiconductor (VIS) ရှိ ရှယ်ယာပေါင်း ၁၅၂ သန်းကို ရောင်းချရန် စီစဉ်နေကြောင်း သောကြာနေ့တွင် ထုတ်ပြန်ခဲ့သည်။ ယခုရောင်းချမှုကြောင့် VIS တွင် TSMC…
daily-news ကောလင်းတွင် ရိက္ခာပြတ်နေသည့် စစ်သားများ အရက်ပြန်ကို ဆားခတ်၍ အရက်လုပ်သောက်ရာမှ ပိုးသတ်ဆေးနှင့် မှားယွင်းရောစပ်မိပြီး ၇ ဦး နေရာတင် ပွဲချင်းပြီးသေဆုံး May 16, 2026 Htet Ko PSM (News) မေ ၁၅၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင် တပ်စွဲထားသော အာဏာလုစစ်အုပ်စု တပ်ဖွဲ့ဝင်များသည် ရိက္ခာပြတ်လပ်မှုကြောင့် ဆေးရုံသုံးအရက်ပြန်ကို ဆားခတ်ကာ အရက်အဖြစ် လွဲမှားစွာသောက်သုံးရာမှ ပိုးသတ်ဆေးများနှင့် မှားယွင်းရောစပ်မိသဖြင့် ပြင်းထန်စွာ အဆိပ်သင့်ပြီး ခုနစ် ဦးမှာ နေရာတင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။ ကောလင်းမြို့ရှိ အာဏာလုစစ်အုပ်စုဝင် ၃၀ ကျော်သည်…
daily-news ပေါင်းတည်တွင် စစ်ကြောင်းထိုးလာသည့် အာဏာလုစစ်အုပ်စုကို PDF မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၄ ဦး ထိခိုက်သေဆုံးပြီး စစ်တပ်က ကျေးရွာကို မီးရှို့ဖျက်ဆီး May 16, 2026 Htet Ko PSM(News) မေ ၁၅၊ ၂၀၂၆ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်းသို့ နယ်မြေရှင်းလင်းရန် စစ်ကြောင်းထိုး ဝင်ရောက် လာသည့် အာဏာလုစစ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် စစ်သား လေး ဦး ထိခိုက်သေဆုံးခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာနက ယနေ့ မေ ၁၅ ရက်တွင် ထုတ်ပြန်သည်။ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ…
daily-news ဥရောပသမဂ္ဂက အာဏာလုစစ်အုပ်စုအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ထပ်မံ သက်တမ်းတိုးလိုက်ပြီး အခြား ၁၁ နိုင်ငံကလည်း ပူးပေါင်းပါဝင် May 16, 2026 Htet Ko PSM(News) မေ ၁၅၊ ၂၀၂၆ မြန်မာနိုင်ငံတွင် အာဏာလုယူထားသည့် စစ်အုပ်စု၏ လုပ်ရပ်များကြောင့် ချမှတ်ထားသည့် အရေး ယူပိတ်ဆို့မှု များကို ဥရောပသမဂ္ဂ (EU) က ၂၀၂၇ ခုနှစ်အထိ ထပ်မံသက်တမ်းတိုးလိုက်ပြီး အခြား မဟာမိတ် ၁၁ နိုင်ငံကလည်း ယင်းဆုံးဖြတ်ချက်အတိုင်း လိုက်နာဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ဥရောပကောင်စီ၏ ပြီးခဲ့သည့် ဧပြီ ၂၇…
international news ဟော်မုဇ်ရေလက်ကြားတွင် တရုတ်သင်္ဘောများ ဖြတ်သန်းသွားလာခွင့် အီရန်ခွင့်ပြုဟု Fars သတင်းဌာန ဖော်ပြ May 15, 2026 Htet Ko PSM (NEWS) မေ ၁၅၊ ၂၀၂၆ အီရန်နိုင်ငံသည် ဟော်မုဇ်ရေလက်ကြား အတွက် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို နားလည်မှုရရှိပြီးနောက် တရုတ်သင်္ဘောအချို့ကို စတင်ဖြတ်သန်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း အီရန်အခြေစိုက် Farsသတင်းဌာနက ကြာသပတေးနေ့တွင် သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ခရီးစဉ်ရောက်ရှိနေသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် စွမ်းအင်ကဏ္ဍ လွတ်လပ်စွာ စီးဆင်းနိုင်ရေးအတွက် ဟော်မုဇ်ရေလက်ကြားကို ဖွင့်လှစ်ထားရမည်ဖြစ်ကြောင်း…