PSM NEWS

မေ ၁၆၊ ၂၀၂၆

အီရန်နိုင်ငံအနေဖြင့် အမေရိကန်အစိုးရအပေါ် ယုံကြည်မှု လုံးဝမရှိကြောင်းနှင့် အမေရိကန်ဘက်မှ အမှန်တကယ် အလေးအနက်ထားသည့် လက္ခဏာပြမှသာလျှင် ဆွေးနွေးမှုများပြုလုပ်ရန် စိတ်ဝင်စားကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရတ်ချီ က ပြောကြားလိုက်သည်။

၎င်းသည် အိန္ဒိယနိုင်ငံတွင် ကျင်းပသည့် BRICS နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိနေစဉ်အတွင်း သောကြာနေ့က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ အီရန်သံရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားလိုက်ခြင်းဖြစ်သည်။

အီရန်ရေတပ်နှင့် ကြိုတင်ညှိနှိုင်းမှုရှိပါက အီရန်နှင့် စစ်ဖြစ်နေသည့် သင်္ဘောများမှလွဲ၍ ကျန်သင်္ဘောအားလုံးကို ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းခွင့်ပြုမည်ဟု ဝန်ကြီးက ဆိုသည်။ သို့သော် လက်ရှိရေလမ်းကြောင်းအခြေအနေမှာ အလွန်ရှုပ်ထွေးနေဆဲဖြစ်သည်။

ပါကစ္စတန်နိုင်ငံက ကြားဝင်စေ့စပ်ပေးနေသည့် အမေရိကန်-အီရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် နှစ်ဖက်စလုံးက အပြန်အလှန်ကမ်းလှမ်းချက်များကို ငြင်းပယ်ခဲ့ကြသဖြင့် ပြီးခဲ့သည့်အပတ်မှစ၍ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

အီရန်က တရုတ်နိုင်ငံကို ဗျူဟာမြောက်မိတ်ဖက်အဖြစ် သတ်မှတ်ထားပြီး တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုမှန်သမျှကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အီရန်အပေါ် ၎င်း၏စိတ်ရှည်နိုင်စွမ်း ကုန်ဆုံးနေပြီဖြစ်ကြောင်းနှင့် ဟော်မုဇ်ရေလက်ကြားကို မဖြစ်မနေ ပြန်ဖွင့်ရမည်ဖြစ်ကြောင်း သတိပေးပြောဆိုထားသည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *