PSM(News) မေ ၁၆၊ ၂၀၂၆ ချင်းအမျိုးသားအဖွဲ့ချုပ် / ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ၏ အခြေခံစစ်ပညာ သင်တန်း အမှတ်စဉ် (၂/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မေ ၁၅ ရက် နံနက်ပိုင်းက CNO/CNDF ၏ စစ်သင်တန်းကျောင်း တစ်နေရာ၌ အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ CNO/CNDF ကာကွယ်ရေးအတွင်းရေးမှူးနှင့် ဒုတိယ စစ်ဦးစီးချုပ် တို့ တက်ရောက်ကာ သင်တန်းဆင်း တပ်ဖွဲ့ဝင်များကို စစ်ရေးသတိပေးချက်များနှင့်အတူ အားပေးစကားပြောကြားခဲ့သည်။ ယခု အခြေခံစစ်ပညာသင်တန်းမှ သင်တန်းဆင်းလာသည့် ရဲဘော်များသည် ချင်းပြည်နယ်၊ ချင်းလူမျိုးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်နှင့် တော်လှန် ရေးတိုက်ပွဲများတွင် တတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ၏ အမှတ် (၁) တပ်ရင်းတွင် ဆက်လက်တာဝန်ထမ်းဆောင်ကြမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ရှေ့တန်းစစ်ဆင်ရေးများတွင် လိုအပ်မည့် လက်နက်ကြီးများ၊ ဒရုန်းများ၊ စနိုက်ပါ လက်နက် များနှင့် လက်နက်ခဲယမ်းများကိုလည်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ဌာနချုပ်က သင်တန်းဆင်း ရဲဘော်များနှင့်အတူ တစ်ပါတည်း ဖြည့်တင်းပေးအပ်ခဲ့ကြောင်း CNO/CNDF ၏ သတင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဓာတ်ပုံ-CNO/CNDF Post navigation ကောလင်းတွင် ရိက္ခာပြတ်နေသည့် စစ်သားများ အရက်ပြန်ကို ဆားခတ်၍ အရက်လုပ်သောက်ရာမှ ပိုးသတ်ဆေးနှင့် မှားယွင်းရောစပ်မိပြီး ၇ ဦး နေရာတင် ပွဲချင်းပြီးသေဆုံး စစ်မှုထမ်းစာရင်းအကြောင်းပြ၍ တာမွေတွင် လူငယ် ၃ ဦး ဖမ်းဆီးခံရ၊ အာဏာလုစစ်အုပ်စုက စစ်မှုထမ်းရန် လူဦးရေစာရင်းပြုစုပြီး အလှည့်ကျစနစ်ဖြင့် ဆင့်ခေါ်ရန် စီမံနေ