PSM (NEWS)

မေ ၁၆၊၂၀၂၆

ကမ္ဘာ့အကြီးဆုံးကန်ထရိုက်စနစ်သုံးချစ်ပ်ပြားထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည့် ထိုင်ဝမ်အခြေစိုက် (Taiwan Semiconductor Manufacturing Company Limited, TSMC) သည် ၎င်းပိုင်ဆိုင်သော Vanguard International Semiconductor (VIS) ရှိ ရှယ်ယာပေါင်း ၁၅၂ သန်းကို ရောင်းချရန် စီစဉ်နေကြောင်း သောကြာနေ့တွင် ထုတ်ပြန်ခဲ့သည်။

ယခုရောင်းချမှုကြောင့် VIS တွင် TSMC ပိုင်ဆိုင်သည့် ရှယ်ယာပမာဏမှာ ၂၇.၁ ရာခိုင်နှုန်းမှ ၁၉ ရာခိုင်နှုန်းအထိ လျော့ကျသွားမည်ဖြစ်သည်။

အဆိုပါရှယ်ယာများ၏ ခန့်မှန်းတန်ဖိုးမှာ ထိုင်ဝမ်ဒေါ်လာ ၂၆.၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈၅၀ သန်းခန့်) ရှိသည်။

မိမိတို့၏ပင်မစီးပွားရေးလုပ်ငန်းများ အပေါ်တွင်သာ အရင်းအမြစ်များကို ပိုမိုအာရုံစိုက်ရန် ထိုသို့ရှယ်ယာများရောင်းချခြင်းဖြစ်သည်။

ရှယ်ယာများရောင်းချသော်လည်း ကုမ္ပဏီနှစ်ခုအကြားရှိ နည်းပညာပိုင်းဆိုင်ရာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများမှာ ဆက်လက်တည်ရှိနေမည်ဖြစ်သည်။

ကိုးကား-Reuters

By Htet Ko

You missed