Author: Htet Ko

ထိုင်းရောက် မြန်မာလုပ်သားများအတွက် CI စာအုပ်ထုတ်ပေးမည့် စခန်း ၅ ခု ဖေဖော်ဝါရီ ၁၇ ရက်တွင် စတင်ဖွင့်လှစ်မည်၊ 7-Eleven တွင် ငွေပေးသွင်း၍ ရက်ချိန်းယူနိုင်

PSM (NEWS) ဖေဖော်ဝါရီ ၁၃ ၊ ၂၀၂၆ ထိုင်းနိုင်ငံတွင် အလုပ်သမားကတ် (Work Permit) ကိုင်ဆောင်ထားသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးရေး စခန်းများကို လာမည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှစတင်ကာ မြို့ကြီး ငါး မြို့တွင် ဖွင့်လှစ်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ အလုပ်သမားသံအရာရှိရုံးက ကြေညာထားသည်။…

ချင်းတွင်းမြစ်ကြောင်းအတွင်း ကမ်းပါးပြိုမှုနှင့် ဂေဟစနစ်ပျက်စီးစေမည့် ရွှေမျှောလုပ်ငန်းများ မလုပ်ရန် ကနီမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ သတိပေး 

PSM(News) ဖေဖော်ဝါရီ ၁၃ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်တွင် ကမ်းပါးပြိုမှုအန္တရာယ်နှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ ဖြစ်ပေါ်စေသည့် ရွှေမျှောလုပ်ငန်းများကို လုံးဝ (လုံးဝ) မလုပ်ကိုင်ကြရန် ကနီမြို့နယ် အရေးပေါ်အုပ်ချုပ်ရေး (ဗဟို) အဖွဲ့က ဖေဖော်ဝါရီ ၁၀ ရက်နေ့ ရက်စွဲဖြင့် သတိပေးထုတ်ပြန်ထားသည်။ ချင်းတွင်းမြစ်ကြောင်းအတွင်း ရွှေမျှောလုပ်ငန်းများ လုပ်ကိုင်နေမှုကြောင့် မြစ်ကမ်းဘေးရှိ ကျေးရွာများတွင် ကမ်းပါးပြိုကျမည့်…

ကောလင်းခရိုင် PDF တပ်ရင်း (၄) မှ ရဲဘော်များ ဖေဖော်ဝါရီ ၂၈ ရက် နောက်ဆုံးထား၍ တာဝန်ပြန်လည် ထမ်းဆောင်ရန် အကြောင်းကြား၊ တော်လှန်ရေး အရှိန်မြှင့်ရန် တပ်ရင်းအင်အား ပြန်လည်စုစည်းခြင်းဟုဆို

========= PSM (News) ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆ တော်လှန်ရေးလုပ်ငန်းစဉ်များ အရှိန်အဟုန်ဖြင့် အမြန်ဆုံး ပြီးမြောက်အောင်မြင်စေရေးအတွက် တပ်ရင်းအင်အားများ ပြန်လည်စုစည်းရန် ခွင့်လွန်၊ ခွင့်မဲ့ ဖြစ်နေသည့် ရဲဘော်များအားလုံး ပြန်လည် သတင်းပို့ တာဝန်ထမ်းဆောင်ကြရန် ကောလင်းခရိုင် တပ်ရင်းက အကြောင်းကြားစာ ထုတ်ပြန် ထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ…

အစ္စရေးသမ္မတ၏ သြစတြေးလျခရီးစဉ် ဆန္ဒပြမှုများကြားတွင် ပြီးဆုံး

PSM (NEWS) ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆ အစ္စရေးသမ္မတ အိုင်ဇက် ဟာဇော့ဂ်၏ လေးရက်တာခရီးစဉ်နောက်ဆုံးနေ့ဖြစ်သော ကြာသပတေးနေ့တွင် မဲလ်ဘုန်းမြို့၌ လူပေါင်း ၁၀,၀၀၀ ခန့် စုဝေးကာ အပြင်းအထန် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြသူများသည် ဂါဇာစစ်ပွဲအတွင်း လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်သည်ဟု စွပ်စွဲကာ သမ္မတကို ဖမ်းဆီးရန် တောင်းဆိုခဲ့ကြပြီး မြို့လယ်လမ်းမများကို ပိတ်ဆို့ခဲ့ကြသည်။ ရဲတပ်ဖွဲ့သည်အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ အထူးအာဏာသုံးကာ…

မင်နီဆိုတာပြည်နယ်ရှိ လူဝင်မှုကြီးကြပ်ရေး အထူးနှိမ်နင်းရေးစီမံချက်ကို အဆုံးသတ်ရန် ဖက်ဒရယ်အာဏာပိုင်များ ဆုံးဖြတ်

PSM (NEWS)ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆ အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုတာ ပြည်နယ်အတွင်း လူအများအပြား ဖမ်းဆီးထိန်းသိမ်းခံရမှုများ၊ ကန့်ကွက်ဆန္ဒပြမှုများနှင့် လူသေဆုံးမှုဖြစ်စဉ်များ ဖြစ်ပွားစေခဲ့သည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အထူးနှိမ်နင်းရေးစီမံချက်ကို အဆုံးသတ်တော့မည်ဖြစ်ကြောင်း အိမ်ဖြူတော်၏ နယ်စပ်ရေးရာအရာရှိချုပ် တွမ် ဟိုးမန်း က ကြာသပတေးနေ့တွင် တရားဝင် ထုတ်ဖော်ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလက စတင်ခဲ့သော “Operation Metro Surge” အမည်ရ…

ဂါဇာပြန်လည်ထူထောင်ရေးအတွက် ဒေါ်လာဘီလီယံချီ အသုံးပြုမည့် စီမံကိန်းနှင့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ အစည်းအဝေးကို သမ္မတ ဒေါ်နယ် ထရန့် ကြေညာမည်

PSM (NEWS)ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆ ဂါဇာဒေသ ပြန်လည်ထူထောင်ရေးအတွက် ဒေါ်လာဘီလီယံပေါင်းများစွာ အသုံးပြုမည့် စီမံကိန်းနှင့် ကုလသမဂ္ဂ (UN) က အသိအမှတ်ပြုထားသည့် တည်ငြိမ်ရေးတပ်ဖွဲ့များ စေလွှတ်မည့် အသေးစိတ်အစီအစဉ်ကို သမ္မတ ဒေါ်နယ် ထရန့် က လာမည့်အပတ်တွင် ကျင်းပမည့် ၎င်း၏ ပထမဆုံး ငြိမ်းချမ်းရေးဘုတ်အဖွဲ့ (Board of Peace) အစည်းအဝေးတွင် ထုတ်ဖော်ကြေညာမည်ဖြစ်ကြောင်း…