Former Myanmar military chief and Myanmar president Min Aung Hlaing arrives for a session of the Pyidaungsu Hluttaw (Union Parliament) in Naypyidaw on April 10, 2026. Myanmar junta chief Min Aung Hlaing was sworn in as president on April 10, 2026, AFP journalists saw, continuing his rule from a civilian post five years after snatching power in a coup. (Photo by Sai Aung MAIN / AFP)

PSM(News)

မေ ၁၅၊ ၂၀၂၆

မြန်မာနိုင်ငံတွင် အာဏာလုယူထားသည့် စစ်အုပ်စု၏ လုပ်ရပ်များကြောင့် ချမှတ်ထားသည့် အရေး ယူပိတ်ဆို့မှု များကို ဥရောပသမဂ္ဂ (EU) က ၂၀၂၇ ခုနှစ်အထိ ထပ်မံသက်တမ်းတိုးလိုက်ပြီး အခြား မဟာမိတ် ၁၁ နိုင်ငံကလည်း ယင်းဆုံးဖြတ်ချက်အတိုင်း လိုက်နာဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဥရောပကောင်စီ၏ ပြီးခဲ့သည့် ဧပြီ ၂၇ ရက် ဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ကန့်သတ်ပိတ်ဆို့မှုများကို ၂၀၂၇ ခုနှစ် ဧပြီ ၃၀ ရက်အထိ သက်တမ်းတိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆုံးဖြတ်ချက်တွင် ရွေးတုစစ်အုပ်စုနှင့် ဆက်နွှယ်နေသည့် လူပုဂ္ဂိုလ် ၃၃ ဦးနှင့် အဖွဲ့အစည်း ၉ ခုတို့၏ အချက်အလက်များကို ပြန်လည်ပြင်ဆင်ဖြည့်စွက်ခဲ့ပြီး သေဆုံးသွားသူ တစ်ဦးကိုမူ စာရင်းမှပယ်ဖျက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကန့်သတ်ပိတ်ဆို့မှုများကို EU အဖွဲ့ဝင်နိုင်ငံများသာမက အယ်လ်ဘေးနီးယား၊ အာမေးနီးယား၊ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား၊ အိုက်စလန်၊ လစ်တင်စတိန်း၊ မော်လ်ဒိုဗာ၊ မွန်တီနီဂရိုး၊ မြောက်မက် စီဒိုးနီးယား၊ နော်ဝေ၊ ဆားဘီးယားနှင့် ယူကရိန်းနိုင်ငံတို့ကလည်း ဥရောပကောင်စီ၏ အဆိုပါ ဆုံးဖြတ်ချက်အတိုင်း လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ကတိကဝတ်ပြုခဲ့ကြသည်။

အဆိုပါနိုင်ငံများသည် ၎င်းတို့၏ အမျိုးသားမူဝါဒများကို ဥရောပကောင်စီ၏ ဆုံးဖြတ်ချက်နှင့်အညီ ဖြစ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဥရောပသမဂ္ဂကလည်း အဆိုပါ နိုင်ငံများ၏ ပူးပေါင်းပါဝင်မှုကို ကြိုဆိုကြောင်းနှင့် မှတ်တမ်းတင်ထားကြောင်း ဖော်ပြထားသည်။

ယခုကဲ့သို့ နိုင်ငံတကာက အရေးယူပိတ်ဆို့မှုများ သက်တမ်းတိုးမြှင့်ခြင်းမှာ မြန်မာနိုင်ငံတွင် ဒီမို ကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ အာဏာလုယူထားသည့် စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများနှင့် အကြမ်းဖက်မှုများကြောင့် ဖြစ်ကြောင်း သိရသည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *