Author: Htet Ko

ပုလဲမြို့ပေါ်သို့ အင်အားအလုံးအရင်းဖြင့် စစ်အုပ်စု စစ်ကြောင်းထိုးဝင်ရောက်လာ၍ ကားလမ်းအချို့ ယာယီပိတ်ထား

PSM (News) ဇွန် ၂၇ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း၌ နယ်မြေစိုးမိုးရေး ပြန်လည်ရယူရန်အတွက် ပုလဲမြို့ပေါ်သို့ အာဏာလုစစ်အုပ်စု၏ စစ်ကြောင်းတစ်ကြောင်း အင်အားအလုံးအရင်းဖြင့် ရောက်ရှိ နေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။ ပုလဲမြို့ပေါ်သို့ ရောက်ရှိနေသည့် အဆိုပါ စစ်ကြောင်းတွင် တပ်ဖွဲ့ဝင် အင်အား ၂၀၀ နှင့် ၃၀၀ ကြား…

ကေ့ဗ်ဗာ့ဒ် အသင်း ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်သို့ တက်လှမ်းနိုင်ခဲ့

PSM(NEWS) ဇွန်၂၇၊ ၂၀၂၆ ကေ့ဗ်ဗာ့ဒ်နိုင်ငံသည် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ရှုံးထွက်အဆင့်သို့ တက်လှမ်းနိုင်သည့် အသေးငယ်ဆုံးနိုင်ငံအဖြစ် သမိုင်းမှတ်တမ်းတင်နိုင်ခဲ့သည်။ အသက် ၄၀ အရွယ် ဂိုးသမား ဗိုဇင်ဟာ၏ စွမ်းဆောင်ရည်နှင့်အတူ ၎င်းတို့၏ ကြံ့ခိုင်မှုကို ပြသနိုင်ခဲ့သည်။ “ကျွန်တော်တို့နိုင်ငံက သေးငယ်ပေမဲ့ နှလုံးသားကတော့ ကြီးမားပြီး တိုက်ပွဲဝင်သူတွေ ဖြစ်ပါတယ်” ဟု ဗိုဇင်ဟာက ပြောကြားခဲ့သည်။ သောကြာနေ့ညက ဆော်ဒီအာရေဗျအသင်းနှင့် (၀-၀)…

ယင်းမာပင်တွင် ခရိုင်ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်၏ PA က တပ်ရင်းမှူး ကိုပုလဲမောင်အား အနီးကပ် သေနတ်ဖြင့် ပစ်သတ်၍ စစ်ရာဇဝတ်မှု ကျူးလွန်

PSM(News) ‌ဇွန် ၂၇၊ ၂၀၂၆ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန လက် အောက်ခံ ပြည်သူ့ကာကွယ် ရေးတပ်မတော် (PDF) စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် စစ်ဌာန၌ ပြုလုပ်သည့် အစည်းအဝေးတွင် ခရိုင်ကွပ်ကဲရေးမှူး၏ PA (ကိုယ်ရေးအရာရှိ) က တပ်ရင်းမှူးတစ်ဦးကို သေနတ်ဖြင့် အနီးကပ် ပစ်သတ် သည့် ပြစ်မှုကျူးလွန်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း စစ်ရေးအရင်းအမြစ်ထံမှ သိရသည်။…

မက္ကဆီကိုနိုင်ငံတွင် ဖြစ်ပွားနေသည့် မူးယစ်ဂိုဏ်းအကြမ်းဖက်မှုများကြားမှ ကမ္ဘာ့ဖလားပွဲတော် အခမ်းအနားများ အေးစက်နေ

PSM (NEWS) ဇွန် ၂၇ ၊၂၀၂၆ မက္ကဆီကိုနိုင်ငံ၊ ဂွာဒါလာဂျာရာနှင့် မွန်တရေးမြို့တို့တွင် ဇွန်လ ၁၁ ရက်နေ့က စတင်ခဲ့သည့် ကမ္ဘာ့ဖလားဘောလုံးပွဲတော်များကို လူအများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနေကြသော်လည်း မူးယစ်ဂိုဏ်းများ၏ အကြမ်းဖက်မှုဒဏ်ကို ခံနေရသည့် ဒေသများတွင်မူ အဆိုပါပွဲတော်ကို ကြောက်ရွံ့မှုများနှင့်သာ ဖြတ်သန်းနေကြရသည်။ မက္ကဆီကိုနိုင်ငံ၏ မြို့ရွာအချို့တွင် ပစ်ခတ်မှုများမှာ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသဖြင့် ဘောလုံးပွဲကြည့်ရှုမှုများကို အများအားဖြင့်…

ဗင်နီဇွဲလားတွင် လှုပ်ခတ်ခဲ့သည့် ပြင်းထန်သော ငလျင်သည် ယာယီသမ္မတ ဒယ်စီ ရိုဒရီဂွက်ဇ် ၏ အစိုးရသစ်အတွက် ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်လာ

PSM(NEWS) ဇွန် ၂၇ ၊၂၀၂၆ ဗင်နီဇွဲလားနိုင်ငံတွင် လွန်ခဲ့သော ရာစုနှစ်တစ်ခုအတွင်း အပြင်းထန်ဆုံးအဖြစ် မှတ်တမ်းဝင်သည့် ငလျင်နှစ်ခု ဗုဒ္ဓဟူးနေ့ညပိုင်းတွင် လှုပ်ခတ်ခဲ့သည်။ မဂ္ဂနီကျူ့ ၇ ဒသမ ၂ နှင့် ၇ ဒသမ ၅ ရှိသည့် အဆိုပါငလျင်များကြောင့် သေဆုံးသူဦးရေ ၁၀,၀၀၀ ကျော်အထိ ရှိလာနိုင်ကြောင်း အမေရိကန်အစိုးရ၏ ခန့်မှန်းချက်များက ဆိုသည်။ ဤသဘာဝဘေးအန္တရာယ်သည်…

ကနေဒါနှင့် ဂျပန်တို့ တရုတ်နိုင်ငံကို အစားထိုးနိုင်မည့် အရေးပါသော သတ္တုတွင်းထွက်ပစ္စည်းများကို ပူးတွဲသိုလှောင်ရန် စီစဉ်နေ

PSM (NEWS) ဇွန် ၂၇၊ ၂၀၂၆ ကနေဒါနှင့် ဂျပန်နိုင်ငံတို့သည် အရေးပါသော သတ္တုတွင်းထွက်ပစ္စည်းများအတွက် တရုတ်နိုင်ငံအပေါ် မှီခိုနေရမှုကို လျှော့ချရန်နှင့် ထောက်ပံ့ရေးကွင်းဆက်ကို ပိုမိုခိုင်မာစေရန် ရည်ရွယ်၍ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နေသည်။ ကနေဒါနိုင်ငံ၏ နိုင်ငံတကာကုန်သွယ်ရေးဝန်ကြီး မာနင်ဒါ ဆစ်ဒူသည် ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး နှစ်နိုင်ငံအကြား သတ္တုတူးဖော်ရေး စီမံကိန်းများ၊ ဝယ်ယူမှုဆိုင်ရာ သဘောတူညီချက်များနှင့် ဂရပ်ဖိုက်၊ ဂယ်လီယမ်ကဲ့သို့သော…

နယူးဇီလန်နိုင်ငံ မြို့တော်တွင် မုန်တိုင်းဒဏ်ကြောင့် လေကြောင်းခရီးစဉ် ရာနှင့်ချီ၍ ဖျက်သိမ်းရ

PSM(NEWS) ဇွန် ၂၇ ၊၂၀၂၆ သောကြာနေ့တွင် နယူးဇီလန်နိုင်ငံ အလယ်ပိုင်း၌ ပြင်းထန်သော မုန်တိုင်းတစ်ခု ဝင်ရောက်တိုက်ခတ်ခဲ့သည့်အတွက် မြို့တော် ဝယ်လင်တန်၏ လေကြောင်းသွားလာမှုများ ရပ်တန့်သွားခဲ့ပြီး အိမ်ထောင်စု ထောင်ပေါင်းများစွာ လျှပ်စစ်မီးပြတ်တောက်ခြင်း၊ ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့သည်။ အမျိုးသား မိုးလေဝသခန့်မှန်းရေးဌာန (MetService) က လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြတ်သန်းဝင်ရောက်လာသဖြင့် ပြင်းထန်သော ရာသီဥတုဆိုင်ရာ သတိပေးချက်များစွာကို ထုတ်ပြန်ထားသည်။…

မြန်မာ့နွေဦးတော်လှန်ရေးမှ လူထုအခြေပြုစည်းရုံးလှုံ့ဆော်သူများ အမေရိကန်၏ ၂၀၂၆ ဒီမိုကရေစီဆု ဆွတ်ခူး

PSM(News) ဇွန် ၂၆၊ ၂၀၂၆ ကမ္ဘာတစ်ဝန်းရှိ ဒီမိုကရေစီအခွင့်အရေးနှင့် လွတ်လပ်ခွင့်များအတွက် သတ္တိရှိရှိ ဦးဆောင်ကြိုးပမ်းနေသူများကို ချီးမြှင့်သည့် အမေရိကန်အခြေစိုက် အမျိုးသားဒီမိုကရေစီရန်ပုံငွေအဖွဲ့ (NED) ၏ ၂၀၂၆ ခုနှစ် ဒီမိုကရေစီဆု ကို မြန်မာ့နွေဦးတော်လှန်ရေးအတွင်းရှိ လူထုအခြေပြုစည်းရုံးလှုံ့ဆော်သူများ ဆွတ်ခူးရရှိကြောင်း သိရသည်။ ယခုနှစ် အမေရိကန်ပြည်ထောင်စု တည်ထောင်ခြင်း ၂၅၀ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ပေးအပ်သည့် အဆိုပါဆုကို…

မြိုင်မြို့ပေါ်တွင် ရိက္ခာထွက်ယူသည့် အာဏာလုစစ်အုပ်စုကို ပကဖ အနီးကပ် ဝင်ရောက်ပစ်ခတ်၊ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

PSM(News) ဇွန် ၂၆ ၊ ၂၀၂၆ မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ မီးသတ်စခန်းအနီးတွင် အထိုင်ချ တပ်စွဲထားသော အာဏာလုစစ်အုပ်စု၏ တပ်ဖွဲ့ဝင်များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က အနီးကပ် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင်-ပကဖ) ထံမှ သိရသည်။ ယမန်နေ့ ဇွန် ၂၅ ရက်နေ့ နံနက် ၆ နာရီ ၄၀…

ရန်ကုန်တိုင်းစစ်ဌာနက အာဏာလုစစ်အုပ်စုကို တွန်းလှန်ရန်အတွက် PDF တပ်သားသစ်များ ခေါ်ယူနေ

PSM(News) ဇွန် ၂၆၊ ၂၀၂၆ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ပြည်သူ့ကာကွယ် ရေးတပ်မတော် (PDF) ရန်ကုန်တိုင်းစစ်ဌာနက တော်လှန်ရေးပြီးဆုံးသည်အထိ အတူတကွ တိုက်ပွဲဝင်မည့် တပ်သားသစ်များကို စတင်ခေါ်ယူနေပြီဖြစ်ကြောင်း ယနေ့ ဇွန် ၂၆ ရက်တွင် ထုတ်ပြန်သည်။ ထိုသို့ တပ်သားသစ်ခေါ်ယူရာတွင် အသက် ၁၈ နှစ်မှ ၃၀ နှစ်အတွင်းရှိရမည်ဖြစ်ပြီး ကျန်းမာရေး…

You missed