Author: Htet Ko

စစ်ကိုင်းမြို့နယ်တွင် အာဏာလုစစ်အုပ်စုက လေကြောင်းမှ ၂ ကြိမ်ဗုံးကြဲ၊ ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၇ ဦး သေဆုံးပြီး ၅ ဦး ပြင်းထန်ဒဏ်ရာရ

PSM (News) ဇွန် ၂၈ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းသို့ ယနေ့ ဇွန်လ ၂၈ ရက်နေ့တွင် အာဏာလုစစ်အုပ်စုက လေကြောင်းမှ နှစ်ကြိမ်တိုင်တိုင် ရက်စက်စွာ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် နှစ် ဦး အပါအဝင် ဒေသခံအရပ်သားပြည်သူ ခုနစ် ဦး နေရာ၌ပင် သေဆုံးခဲ့ပြီး အခြားကလေးငယ် တစ် ဦးအပါအဝင် ပြည်သူ…

ရေကြည်မြို့နယ်ရှိ အာဏာလုစစ်အုပ်စု၏ စစ်ဗျူဟာမြောက် ပွိင့်ကုန်း ၃ ကုန်းကို AA က ဆက်တိုက် တိုက်ခိုက်ပြီး သိမ်းပိုက်၊ အလောင်းများနှင့် လက်နက်ခဲယမ်းအမြောက်အမြား ရရှိ

PSM(News) ဇွန် ၂၈၊ ၂၀၂၆ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အတွင်းရှိ အာဏာလုစစ်အုပ်စု၏ စစ်ဗျူဟာမြောက် အခြေစိုက်စခန်းများဖြစ်သည့် ပွိင့် (၂၈၈) ကုန်း၊ ပွိင့် (၁၈၈) ကုန်းနှင့် ပွိင့် (၁၄၈) ကုန်းတို့ကို အာရက္ခတပ်တော် (AA) က ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး အလောင်းအချို့နှင့် လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့ကြောင်း AA က ဇွန်လ ၂၇…

ဆောမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အာဏာလုစစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲ၍ အရပ်သား ၄ ဦး သေဆုံး

‎PSM(News) ဇွန် ၂၈၊ ၂၀၂၆ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ယောဒေသ ဆောမြို့နယ်အတွင်းသို့ အာဏာလုစစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သား လေးဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိသွားကြောင်း ဂန့်ဂေါခရိုင်တပ်ရင်း (၆) ထံမှ သိရသည်။ အာဏာလုအစိုးရစစ်တပ်သည် ယမန်နေ့ ဇွန် ၂၇ ရက် ညနေ ၅ နာရီ၃၀မိနစ်ကျော်ခန့်တွင် ဆောမြို့နယ်၊ နတ်ကောင်းကျင်းကျေးရွာနှင့်…

လီယွန်နယ် မက်ဆီ ကမ္ဘာ့ဖလားပွဲစဉ် ၇ ပွဲဆက် ဂိုးသွင်းယူနိုင်သူအဖြစ် စံချိန်သစ်တင်

PSM (NEWS) ဇွန် ၂၈၊၂၀၂၆ အာဂျင်တီးနားအသင်း၏ ကြယ်ပွင့်ကစားသမား လီယွန်နယ် မက်ဆီသည် ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတွင် ကစားခဲ့သည့် ပွဲစဉ် ၇ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်သည့် ပထမဆုံးသော ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။ စနေနေ့ညက ယှဉ်ပြိုင်ကစားခဲ့သည့် အုပ်စုနောက်ဆုံးပွဲစဉ်တွင် အာဂျင်တီးနားအသင်းက ဂျော်ဒန်အသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး၊ ပွဲချိန် ဒုတိယပိုင်းတွင် လူစားဝင်ကစားခဲ့သော မက်ဆီသည် ပြိုင်ပွဲ၏…

အီရန်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခွာရပြီ

PSM (NEWS) ဇွန်၂၈၊ ၂၀၂၆ အမေရိကန်ပြည်ထောင်စု၏ တင်းကျပ်သော ကန့်သတ်ချက်များအောက်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ရသည့် အီရန်အသင်းသည် နိုင်ငံရေးအရ အရေးပါသော ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရပြီဖြစ်သည်။ အီရန်အသင်းသည် နောက်ဆုံး ၃၂ သင်းအဆင့်သို့ တက်ရောက်ရန် အလွန်နီးစပ်ခဲ့သော်လည်း နောက်ဆုံးတွင် ကံမကောင်းစွာဖြင့် လွဲချော်ခဲ့ရသည်။ အုပ်စု (G) တွင် ဘယ်လ်ဂျီယမ်၊ နယူးဇီလန်နှင့် အီဂျစ်တို့နှင့်…

ဟော်မုဇ်ရေလက်ကြားတွင် ရေနံတင်သင်္ဘော တိုက်ခိုက်ခံရ၊ အမေရိကန်နှင့် အီရန်တို့ကြား ငြိမ်းချမ်းရေးသဘောတူညီချက်နောက်ပိုင်း အဆိုးရွားဆုံး တင်းမာမှုဖြစ်ပွား

PSM (NEWS) ဇွန် ၂၈၊ ၂၀၂၆ ဟော်မုဇ်ရေလက်ကြားတွင် ရေနံတင်သင်္ဘောတစ်စင်း ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း ဗြိတိန်ရေကြောင်းလုံခြုံရေးအေဂျင်စီက စနေနေ့ (ဇွန် ၂၇) တွင် ထုတ်ပြန်သည်။ ယင်းဖြစ်စဉ်မှာ အမေရိကန်နှင့် အီရန်တို့ကြား ကြားဖြတ်ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း အဆိုးရွားဆုံး အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားလာခြင်းဖြစ်သည်။ နှစ်ဖက်စလုံးသည် လေးလကြာပဋိပက္ခကို အဆုံးသတ်ရေး အတွက်လွန်ခဲ့သည့်နှစ်ပတ်က ချုပ်ဆိုခဲ့သောသဘောတူညီချက်ကို အခြားတစ်ဖက်မှ…

ပေကျင်းမြို့ရှိ အထပ်မြင့်တိုက်သို့ လေယာဉ်ငယ်တိုက်မိမှုကြောင့် လေယာဉ်မှူးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရ

PSM(NEWS) ဇွန် ၂၈၊၂၀၂၆ ပေကျင်းမြို့တွင် လေယာဉ်ငယ်တစ်စင်း အထပ်မြင့်တိုက်တစ်တိုက်အား တိုက်မိခဲ့မှုကြောင့် လေယာဉ်မှူး သေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တရုတ်အာဏာပိုင်များက စနေနေ့တွင် ပြောကြားလိုက်သည်။ ပေကျင်းမြို့၏ စီးပွားရေးလုပ်ငန်းများ ထွန်းကားသည့် ချောင်ရန်ခရိုင် အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ၊ သောကြာနေ့ ညနေ ၅ နာရီ ၅၅ မိနစ်တွင် လူနှစ်ဦးစီး လေယာဉ်ငယ်တစ်စင်းသည် East…

အမေရိကန်၏ မရေရာသော သဘောထားများကြား ဥရောပကာကွယ်ရေးအတွက် ရုန်းကန်နေရ

PSM (NEWS) ဇွန် ၂၈၊ ၂၀၂၆ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဆတ်က မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) အဖွဲ့ဝင် ဥရောပနိုင်ငံများကို “အခွင့်အရေးယူသူများ” ဟု စွပ်စွဲပြီး အမေရိကန်တပ်ဖွဲ့များ ပြန်လည်ရုပ်သိမ်းမည်ဟု သတိပေးလိုက်ပြီးနောက် နာရီပိုင်းအကြာတွင် ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုရီးယပ်စ် သည် ပြုံးရွှင်လျက်ရှိနေသည်။ ၎င်းတို့နှစ်ဦးသည် ယူကရိန်းနိုင်ငံသို့ လက်နက်အထောက်အပံ့ပေးရေး ပူးပေါင်းဆောင်ရွက်နေသည့် ကော်မတီ၏အစည်းအဝေးအတွင်းအလွတ်သဘော…

ဩစတြေးလျနိုင်ငံတွင် ဆယ်ကျော်သက်များလူမှုကွန်ရက်သုံးစွဲမှုတားမြစ်ချက်အားလိုက်နာမှုမရှိသည့် ကုမ္ပဏီများအတွက် ဒဏ်ငွေကို နှစ်ဆတိုးမြှင့်လိုက်

PSM (NEWS) ဇွန် ၂၈၊ ၂၀၂၈ ဩစတြေးလျအစိုးရသည် အသက် ၁၆ နှစ်အောက် လူငယ်များ လူမှုကွန်ရက်အသုံးပြုမှုကို တားမြစ်ထားသည့် ဥပဒေအား လိုက်နာခြင်းမရှိဘဲ ရှောင်လွှဲနေသည့် ကုမ္ပဏီများအတွက် ဒဏ်ငွေကို နှစ်ဆတိုးမြှင့်လိုက်ကြောင်း စနေနေ့ (ဇွန် ၂၇ ရက်) က ကြေညာခဲ့သည်။ ယင်းဥပဒေသစ်အရ စနစ်တကျ ချိုးဖောက်သည့် ကုမ္ပဏီများအတွက် အမြင့်ဆုံးဒဏ်ငွေကို ဩစတြေးလျ…

သီပေါတွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည့် တရားခံကို SSPP/SSA ဖမ်းဆီး

PSM(News) ဇွန် ၂၇၊ ၂၀၂၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်တွင် အသက် (၁၄) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည့် အသက် ၂၃ နှစ်အရွယ် တရားခံ အမျိုးသားတစ်ဦးကို ပြီးခဲ့သည့် ဇွန် ၂၅ ရက် ညနေပိုင်းတွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) က ဖမ်းဆီး ရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ပြစ်မှုကျူးလွန်သူမှာ…

You missed