PSM(NEWS) ဇွန်၂၇၊ ၂၀၂၆ ကေ့ဗ်ဗာ့ဒ်နိုင်ငံသည် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ရှုံးထွက်အဆင့်သို့ တက်လှမ်းနိုင်သည့် အသေးငယ်ဆုံးနိုင်ငံအဖြစ် သမိုင်းမှတ်တမ်းတင်နိုင်ခဲ့သည်။ အသက် ၄၀ အရွယ် ဂိုးသမား ဗိုဇင်ဟာ၏ စွမ်းဆောင်ရည်နှင့်အတူ ၎င်းတို့၏ ကြံ့ခိုင်မှုကို ပြသနိုင်ခဲ့သည်။ “ကျွန်တော်တို့နိုင်ငံက သေးငယ်ပေမဲ့ နှလုံးသားကတော့ ကြီးမားပြီး တိုက်ပွဲဝင်သူတွေ ဖြစ်ပါတယ်” ဟု ဗိုဇင်ဟာက ပြောကြားခဲ့သည်။ သောကြာနေ့ညက ဆော်ဒီအာရေဗျအသင်းနှင့် (၀-၀) သရေကျခဲ့ပြီးနောက် ကေ့ဗ်ဗာဒီအသင်းသည် အုပ်စုအဆင့်တွင် သုံးပွဲစလုံး သရေကျရလဒ်ဖြင့် ရှုံးထွက်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် ပြိုင်ပွဲ၏ အုပ်စုအဆင့်တွင် စပိန်အသင်းနှင့် (၀-၀)၊ ဥရုဂွေးအသင်းနှင့် (၂-၂) သရေကျခဲ့သည်။ နည်းပြ ဘူဘစ်စတာက “ကျွန်တော်တို့က သေးငယ်တဲ့နိုင်ငံဆိုတာကို ကမ္ဘာကို ပြသနိုင်ခဲ့သလို၊ ကျွန်တော်တို့ လိုချင်တဲ့အရာအတွက် တိုက်ပွဲဝင်ရဲတယ်ဆိုတာကိုလည်း သက်သေပြခဲ့ပါတယ်” ဟု ဂုဏ်ယူစွာ ပြောကြားခဲ့သည်။ ကေ့ဗ်ဗာ့ဒ်အသင်းသည် အုပ်စုဒုတိယနေရာဖြင့် ရှုံးထွက်အဆင့်သို့ တက်လှမ်းလာနိုင်ခဲ့ပြီး၊ ဇူလိုင်လ ၃ ရက်နေ့တွင် မိုင်ယာမီမြို့၌ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ကိုးကား-AP Post navigation မက္ကဆီကိုနိုင်ငံတွင် ဖြစ်ပွားနေသည့် မူးယစ်ဂိုဏ်းအကြမ်းဖက်မှုများကြားမှ ကမ္ဘာ့ဖလားပွဲတော် အခမ်းအနားများ အေးစက်နေ အမေရိကန်၏ မရေရာသော သဘောထားများကြား ဥရောပကာကွယ်ရေးအတွက် ရုန်းကန်နေရ