PSM (News) စက်တင်ဘာ ၉၊၂၀၂၆ ထိုင်းနိုင်ငံ၊ ပတ္တယားမြို့တွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၇ သန်းတန်ဖိုးရှိခရစ်ပတိုငွေကြေးဆိုင်ရာဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုများကိုAIနည်းပညာသုံး၍လိမ်လည်ယူခဲ့သည်ဟုစွပ်စွဲခံထားရသောအသက် ၃၀ အရွယ် တရုတ်နိုင်ငံသား ဇန်း ဆိုသူကို ထိုင်းနိုင်ငံ အစိုးရ လူဝင်မှုကြီးကြပ်ရေးဌာနတာဝန်ရှိသူများကဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ တရုတ်နိုင်ငံ အာဏာပိုင်များ၏ လိုက်လံရှာဖွေဖမ်းဆီးရေးစာရင်းတွင် ပါဝင်နေသူဖြစ်သည့် အဆိုပါ တရုတ်နိုင်ငံသားသည်မျက်နှာဖလှယ်သည့် AIနည်းပညာ(Deepfake) နှင့် ကင်မရာဆော့ဖ်ဝဲလ်များကို ပေါင်းစပ်တီထွင်ကာ နစ်နာသူ များအဖြစ်ဟန်ဆောင်လုပ်ကိုင်ခဲ့ကြောင်းထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန၏ထုတ်ပြန်ချက်အရသိရသည်။ ပြစ်မှုကျူးလွန်ရာတွင်အဆိုပါအဖွဲ့သည်ကမ္ဘာ့နာမည်ကြီးခရစ်ပတိုငွေကြေးအရောင်းအဝယ်ပြုလုပ်ရာဌာနတစ်ခုဖြစ်သောOKXလဲလှယ်ရေးပလက်ဖောင်းရှိအကောင့်များနှင့်ဖုန်းနံပါတ်များကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ အနည်းဆုံး အပေါင်းအပါ သုံးဦးနှင့်အတူလက်တွဲလုပ်ကိုင်ခဲ့ပြီးဇန်းဆိုသူသည်AIနည်းပညာဖြင့် ဖန်တီးထားသောအတုအယောင် မျက်နှာသွင်ပြင်များကို အသုံးပြု၍ မိုဘိုင်းဖုန်း အော်ပရေတာများကို လှည့်ဖြားကာ နစ်နာသူများ၏ ဖုန်းဆင်းမ်ကတ်အသစ်များကို ထပ်မံထုတ်ယူစေခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ထိုသို့ဆင်းမ်ကတ်အသစ်ရရှိသွားပြီးနောက်ပြစ်မှုကျူးလွန်သူများသည် SMS OTP (တစ်ကြိမ်သုံး စကားဝှက်)များကိုလက်ခံရယူကာ နစ်နာသူများ၏ခရစ်ပတိုအကောင့်များကိုဝင်ရောက်ထိန်းချုပ်ခဲ့ကြသည်။ယင်းနောက်ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုငွေကြေးများကိုစက္ကန့်ပိုင်းအတွင်းအခြားသို့လွှဲပြောင်းထုတ်ယူသွားခဲ့ကြခြင်း ဖြစ်သည်။ ထို့အပြင် ဖမ်းဆီးခံရသူ ဇန်း သည် ထိုင်းနိုင်ငံတွင် နေထိုင်ခွင့်ဗီဇာ သက်တမ်းကုန်ဆုံးရက်လွန်နေထိုင်လျက်ရှိကြောင်းစစ်ဆေးတွေ့ရှိခဲ့ရသည်။ ၎င်းကို ပထမဦးစွာ ထိုင်းနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေဖြင့်အရေးယူဆောင်ရွက်ခဲ့ပြီးနောက်ပတ္တယားမြို့ရဲတပ်ဖွဲ့ထံ လွှဲပြောင်းအပ်နှံခဲ့သည်။ လက်ရှိတွင်ထိုင်းအာဏာပိုင်များသည် တရုတ်သံရုံးနှင့်သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်ပူးပေါင်းညှိနှိုင်းလျက်ရှိပြီး၎င်းအားပြည်နှင်ဒဏ်ပေးရေးနှင့်ဆက်လက်၍တရားဥပဒေအရအရေးယူဆောင်ရွက်သွားရန်စီစဉ်လျက်ရှိကြောင်းသိရသည်။ ခေတ်မီဆန်းပြားလာသောဘဏ္ဍာရေးဆိုင်ရာပြစ်မှုများကိုကျူးလွန်ရာတွင် ရာဇဝတ်ဂိုဏ်းများသည် AIနည်းပညာများကိုပိုမိုကျယ်ပြန့်စွာအသုံးချလာကြကြောင်းလူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူများက သတိပေးပြောကြားထားသည်။ ကိုးကား – Khaosod Post navigation စက်တင်ဘာ ၁၁ ရက် (9/11) (၂၅) နှစ်မြောက် အထိမ်းအမှတ်အဖြစ် အိမ်ဖြူတော်တွင် သမ္မတ ဒေါ်နယ်ထမ့်ပ့်နှင့် Tunnel to Towersအဖွဲ့တို့ဂါရဝပြုအခမ်းအနားကျင်းပ