PSM (NEWS) ဇွန် ၂၈၊၂၀၂၆ အာဂျင်တီးနားအသင်း၏ ကြယ်ပွင့်ကစားသမား လီယွန်နယ် မက်ဆီသည် ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတွင် ကစားခဲ့သည့် ပွဲစဉ် ၇ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်သည့် ပထမဆုံးသော ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။ စနေနေ့ညက ယှဉ်ပြိုင်ကစားခဲ့သည့် အုပ်စုနောက်ဆုံးပွဲစဉ်တွင် အာဂျင်တီးနားအသင်းက ဂျော်ဒန်အသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး၊ ပွဲချိန် ဒုတိယပိုင်းတွင် လူစားဝင်ကစားခဲ့သော မက်ဆီသည် ပြိုင်ပွဲ၏ ၁၉ ဂိုးမြောက် သွင်းဂိုးကို သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ကမ္ဘာ့ဖလားသမိုင်းတွင် အမျိုးသားကစားသမားများအနက် ဂိုးအများဆုံးသွင်းယူထားနိုင်သည့် စံချိန်ကိုလည်း ဆက်လက်ချဲ့ထွင်နိုင်ခဲ့သည်။ အသက် ၃၉ နှစ်ပြည့်ပြီးနောက် ပထမဆုံးအကြိမ် ကစားသည့်ပွဲတွင် မက်ဆီသည် ပွဲချိန် မိနစ် ၈၀ တွင် ပြစ်ဒဏ်ဘော မှတစ်ဆင့် ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းမှာ ၎င်း၏ ကစားသမားဘဝတွင် ၇၂ ဂိုးမြောက် ပြစ်ဒဏ်ဘောသွင်းဂိုးဖြစ်ပြီး၊ အာဂျင်တီးနားအသင်းအတွက် ၁၂ ဂိုးမြောက် ပြစ်ဒဏ်ဘောသွင်းဂိုးဖြစ်သည်။ လက်ရှိတွင် မက်ဆီသည် နိုင်ငံတကာပွဲစဉ် ၂၀၂ ပွဲတွင် စုစုပေါင်း ဂိုး ၁၂၃ ဂိုးအထိ သွင်းယူထားနိုင်ပြီ ဖြစ်သည်။ မက်ဆီမတိုင်မီ ပြင်သစ်တိုက်စစ်မှူး ဂျပ်စ် ဖွန်တိန်နှင့် ဘရာဇီးဂန္ထဝင် ကစားသမား ဂျိုင်ဇင်ဟိုတို့သာ ကမ္ဘာ့ဖလားပွဲစဉ် ၆ ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့သည့် မှတ်တမ်းရှိခဲ့သည်။ “ကျွန်တော်တို့ မြင်တွေ့နေရတဲ့အရာတွေကို သူလည်း မြင်တွေ့နေရတာပါပဲ။ လူတွေက သူ့အကြောင်း မေးတိုင်း ကျွန်တော် ဘာပြောရမှန်းကို မသိတော့ပါဘူး” ဟု အာဂျင်တီးနားအသင်းနည်းပြ လီယွန်နယ် စကာလိုနီက ပြောကြားခဲ့သည်။ အာဂျင်တီးနားအသင်းသည် အုပ်စု (J) ၏ ထိပ်ဆုံးနေရာကို ရယူထားပြီးဖြစ်သဖြင့် မက်ဆီကို ပွဲထွက်ကစားသမားအဖြစ် မသုံးစွဲခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ပွဲကြည့်ပရိသတ် ၇၀,၆၄၉ ဦးမှာ မက်ဆီကို မြင်တွေ့လိုစိတ်ဖြင့် အားပေးခဲ့ကြပြီး ပွဲချိန် မိနစ် ၆၀ တွင် လောတာရို မာတီနက်ဇ်နေရာ၌ လူစားဝင်လာချိန်တွင် ပရိသတ်များ၏ အားပေးသံမှာ ဆူညံသွားခဲ့သည်။ ယခုနှစ်ပြိုင်ပွဲတွင် မက်ဆီမှာ ၆ ဂိုးအထိ သွင်းယူထားပြီးဖြစ်ကာ ကီလီယန် အမ်ဘာပီ၊ ဗီနီစီယပ် ဂျူနီယာနှင့် အာလင်း ဟာလန်းတို့ထက် ၂ ဂိုးအသာဖြင့် ဂိုးသွင်းအများဆုံး ကစားသမားစာရင်းတွင် ဦးဆောင်နေသည်။ အာဂျင်တီးနားအသင်းသည် လာမည့် သောကြာနေ့တွင် နောက်တစ်ဆင့် ရှုံးထွက်ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ကိုးကား-AP Post navigation အီရန်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခွာရပြီ သြစတြီးယားနှင့် အယ်လ်ဂျီးရီးယားတို့ အချိန်ပိုတွင် ဂိုးများ အပြန်အလှန်သွင်းယူကာ ကမ္ဘာ့ဖလားတွင် စိတ်လှုပ်ရှားဖွယ် ၃-၃ သရေဖြင့် ရှုံးထွက်အဆင့်သို့ တက်ရောက်