PSM(News) ဇွန် ၂၇၊ ၂၀၂၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်တွင် အသက် (၁၄) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည့် အသက် ၂၃ နှစ်အရွယ် တရားခံ အမျိုးသားတစ်ဦးကို ပြီးခဲ့သည့် ဇွန် ၂၅ ရက် ညနေပိုင်းတွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) က ဖမ်းဆီး ရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ပြစ်မှုကျူးလွန်သူမှာ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာတွင် နေထိုင်သည့် စိုင်းစံ အသက် ၂၃ နှစ် ဖြစ်ပြီး ကျူးလွန်ခံရသူ နန်းစံဟွမ်မှာ ၎င်းနှင့် တစ်ရွာတည်းနေ ညီမဝမ်းခွဲ တော်စပ် သူဖြစ်ကြောင်း သိရသည်။ စိုင်းစံသည် ပြီးခဲ့သည့် ဇွန် ၁၄ ရက် နေ့လယ်ပိုင်းက ညီမဝမ်းခွဲဖြစ်သူ နန်းစံဟွမ်အား ရွာပြင်သို့ အလည်သွားရန်အကြောင်း ပြ၍ ခေါ်ဆောင်သွားခဲ့ပြီးနောက် ဘော်ကြိုကျေးရွာအုပ်စု၊ နမ့်ဟူးနွဲ့ကျေး ရွာအနီးရှိ ငှက်ပျောခြံတစ်နေရာတွင် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း တရားခံ၏ ထွက်ဆိုချက်အရ သိရသည်။ ထို့နောက် စိုင်းစံသည် နန်းစံဟွမ်အား လည်ပင်းညှစ်သတ်ခဲ့သည့်အပြင် ပုလင်းကွဲဖြင့် လည်ပင်းနှင့် ဝမ်းဗိုက်နေရာများကို အကြိမ်ကြိမ် ထိုးသတ်ကာ ရုပ်အလောင်းကို ငှက်ပျောရွက်များဖြင့် ဖုံးအုပ်၍ စွန့်ပစ်ခဲ့ကြောင်း ၎င်း၏ ဝန်ခံချက်အရ သိရသည်။ မိန်းကလေးငယ် ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ မိဘများက ဇွန်လ ၂၅ ရက်နေ့တွင် SSPP/SSA တာဝန်ရှိသူများထံ လာရောက်တိုင်ကြားခဲ့သဖြင့် စုံစမ်းဖော်ထုတ်ခဲ့ရာ ယင်းနေ့အတွင်းမှာပင် တရားခံကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ တရားခံ စိုင်းစံ၏ ဝန်ခံထွက်ဆိုချက်အရ သေဆုံးသူ၏ ရုပ်အလောင်းအား စွန့်ပစ်ထားသည့် နေရာကို ၎င်းကိုယ်တိုင် လိုက်လံပြသခဲ့သဖြင့် တာဝန်ရှိသူများက သက်သေခံပစ္စည်းများနှင့်အတူ စုဆောင်း သိမ်းဆည်းထားခဲ့ပြီ ဖြစ်သည်။ လက်ရှိတွင် ပြစ်မှုကျူးလွန်သူ တရားခံ စိုင်းစံကို ဆက်လက်စစ်ဆေးလျက်ရှိပြီး ရှမ်းပြည်တိုးတက် ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ တရားဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြတ်ပြတ် သားသား အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဓာတ်ပုံ- SSPP/SSA Post navigation ပုလဲမြို့ပေါ်သို့ အင်အားအလုံးအရင်းဖြင့် စစ်အုပ်စု စစ်ကြောင်းထိုးဝင်ရောက်လာ၍ ကားလမ်းအချို့ ယာယီပိတ်ထား ဆောမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အာဏာလုစစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲ၍ အရပ်သား ၄ ဦး သေဆုံး