PSM (NEWS) ဇွန်၂၈၊ ၂၀၂၆ အမေရိကန်ပြည်ထောင်စု၏ တင်းကျပ်သော ကန့်သတ်ချက်များအောက်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ရသည့် အီရန်အသင်းသည် နိုင်ငံရေးအရ အရေးပါသော ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရပြီဖြစ်သည်။ အီရန်အသင်းသည် နောက်ဆုံး ၃၂ သင်းအဆင့်သို့ တက်ရောက်ရန် အလွန်နီးစပ်ခဲ့သော်လည်း နောက်ဆုံးတွင် ကံမကောင်းစွာဖြင့် လွဲချော်ခဲ့ရသည်။ အုပ်စု (G) တွင် ဘယ်လ်ဂျီယမ်၊ နယူးဇီလန်နှင့် အီဂျစ်တို့နှင့် သရေကျခဲ့ပြီး ရမှတ် ၃ မှတ်သာ ရရှိခဲ့သည်။ စနေနေ့ညပိုင်းတွင် အယ်လ်ဂျီးရီးယားအသင်းက သြစတြီးယားကို ၃-၂ ဂိုးဖြင့် အနိုင်ရလဒ်ထွက်ပေါ်လာချိန်တွင် အီရန်အသင်းမှာ ရမှတ်တူ အဆုံးအဖြတ် စည်းမျဉ်းများအရ နောက်တစ်ဆင့် တက်ရောက်နိုင်မည်ဟု ထင်မှတ်ခဲ့ရသည်။ သို့သော်လည်း ပွဲပြီးခါနီး နောက်ဆုံးစက္ကန့်တွင် သြစတြီးယားက ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့သဖြင့် ပွဲမှာ သရေဖြင့် ပြီးဆုံးသွားခဲ့ပြီး အီရန်အသင်းမှာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်း ဖြစ်သည်။ ကိုးကား-AP Post navigation ဟော်မုဇ်ရေလက်ကြားတွင် ရေနံတင်သင်္ဘော တိုက်ခိုက်ခံရ၊ အမေရိကန်နှင့် အီရန်တို့ကြား ငြိမ်းချမ်းရေးသဘောတူညီချက်နောက်ပိုင်း အဆိုးရွားဆုံး တင်းမာမှုဖြစ်ပွား လီယွန်နယ် မက်ဆီ ကမ္ဘာ့ဖလားပွဲစဉ် ၇ ပွဲဆက် ဂိုးသွင်းယူနိုင်သူအဖြစ် စံချိန်သစ်တင်