daily-news ရေဘေးကြုံနေရသည့် ၁၅ ရက်အတွင်း စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၈၈ ဦး သေဆုံး၊ စစ်ကိုင်းတိုင်းတွင် အဆိုးဝါးဆုံး ကြုံတွေ့ရ August 26, 2026 Htet Ko PSM (News) ဩဂုတ် ၂၆၊ ၂၀၂၆ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရေဘေးအန္တရာယ် ကြုံတွေ့နေရသည့် ဩဂုတ် ၈ ရက်မှ ၂၃ ရက်အထိ ၁၅ ရက်အတွင်း အာဏာလု စစ်အုပ်စုက ဒေသ ၁၁ ခုကို လေကြောင်းမှ အကြိမ်ပေါင်း ၂၃၉ ကြိမ်အထိ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အပြစ်မဲ့ ပြည်သူ ၈၈ ဦး သေဆုံးခဲ့ကြောင်း…
daily-news မြိတ်-ထားဝယ်ခရိုင်ရှိ စစ်တပ်စခန်းကို KNDO ဝင်ရောက်တိုက်ခိုက်၊ လက်နက်များ သိမ်းဆည်းရမိ August 26, 2026 Htet Ko PSM (News) ဩဂုတ် ၂၆၊ ၂၀၂၆ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ် (လယ်မူလားမြို့နယ်)၊ တုံးဗျောကျေးရွာတွင် တပ်စွဲထားသည့် အာဏာလု စစ်အုပ်စုတပ်စခန်းကို ကရင်အမျိုးသား ကာကွယ်ရေး အဖွဲ့အစည်း (KNDO) က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးက ထုတ်ပြန်သည်။ လယ်မူလားမြို့နယ်၊ မဇောကျေးရွာအုပ်စု၊ တုံးဗျောကျေးရွာ၌…
daily-news တိုင်ဖွန်းမုန်တိုင်း ဆောဒယ်လ် အရှိန်ကြောင့် မွန်၊ ကရင်၊ တနင်္သာရီတွင် မိုးအလွန်များ၍ ရေကြီးနိုင်၊ ပင်လယ်ပြင် လှိုင်းအလွန်ကြီးမည် August 26, 2026 Htet Ko PSM (News) ဩဂုတ် ၂၆ ၊ ၂၀၂၆ ဂျပန်နိုင်ငံတောင်ပိုင်း ပင်လယ်ပြင်မှ အနောက်ဘက်သို့ ဦးတည်လာသည့် တိုင်ဖွန်းမုန်တိုင်း ဆောဒယ်လ် (SAUDEL) နှင့် အရှေ့ဘက်မှ လေဖိအားနည်းစနစ်များ အရှိန်ကြောင့် လာမည့် ဩဂုတ်လကုန်မှ စက်တင်ဘာလဆန်းပိုင်းအတွင်း မွန်၊ ကရင်၊ တနင်္သာရီနှင့် ရခိုင်ဒေသတို့တွင် မိုးရက်ဆက်သည်းထန်စွာ ရွာသွန်းနိုင်ကြောင်း မိုးလေဝသပညာရပ်များကို လေ့လာနေသူ ဦးဝင်းနိုင်က ခန့်မှန်းထားသည်။…
daily-news ဗန်းမော်ကို စစ်ကူမည့် စစ်အုပ်စု ရေယာဉ်စု၏ လုံခြုံရေးတပ် ပစ်ခတ်ခံရ၍ စက်လှေ ၂ စင်းမြှုပ်ပြီး တပ်ဖွဲ့ဝင် အမြောက်အမြား သေဆုံး August 26, 2026 Htet Ko PSM(News) ဩဂုတ် ၂၆၊ ၂၀၂၆ ဗန်းမော်မြို့သို့ စစ်ကူနှင့် ရိက္ခာများ ပို့ဆောင်ရန် ဆန်တက်လာသည့် အာဏာလု စစ်အုပ်စု ရေယာဉ်စုကို လုံခြုံရေးယူပေးနေသော စစ်ကြောင်းအား ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များက ဒရုန်းဖြင့် ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ စက်လှေ နှစ်စင်း နစ်မြှုပ်သွားပြီး တပ်ဖွဲ့ဝင် အမြောက်အမြား သေဆုံး အထိနာခဲ့ကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က…
international news တစ်ရက်လျှင်ဒရုန်းအစင်း ၃၀၀ အထိ ထုတ်လုပ်နိုင်သော်လည်း ရန်ပုံငွေ လိုအပ်နေဆဲဖြစ်ကြောင်း သမ္မတ ဇယ်လန်းစကီ ပြောကြား August 26, 2026 Htet Ko PSM (News) ဩဂုတ် ၂၆၊ ၂၀၂၆ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီက ၎င်းတို့နိုင်ငံအနေဖြင့် တစ်ရက်လျှင် ကီလိုမီတာ ၃၅၀ မှ ၃,၀၀၀ အထိ ပျံသန်းတိုက်ခိုက်နိုင်သည့် တာဝေး တိုက်ခိုက်ရေးဒရုန်း အစင်း ၂၀၀ မှ ၃၀၀ ခန့်အထိ ထုတ်လုပ်နိုင်စွမ်းရှိနေပြီဖြစ်ကြောင်း ဩဂုတ်လ ၂၄ ရက်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။…
international news အမေရိကန် လေယာဉ်တင်သင်္ဘော ထိုင်းနိုင်ငံသို့ လာရောက်မည် August 26, 2026 Htet Ko PSM (News ) ဩဂုတ် ၂၆၊၂၀၂၆ ထိုင်းနိုင်ငံသို့ အမေရိကန် လေယာဉ်တင်သင်္ဘော လာရောက်လည်ပတ်မည်ဟူသော သတင်းမှာ စစ်ရေးအရ ဆောင်ရွက်မှုမဟုတ်ဘဲ ပုံမှန်ကိစ္စရပ်သာဖြစ်ကြောင်း ထိုင်းတော်ဝင်ရေတပ်က ပြောကြားလိုက်သည်။ နှစ်နိုင်ငံ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုအရ အမေရိကန် လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုမှ သင်္ဘောသုံးစင်းသည် သင်္ဘောသားများ အနားယူရန်နှင့် ရိက္ခာဖြည့်တင်းရန်အတွက် ထိုင်းနိုင်ငံ အရှေ့ပိုင်းသို့ ခေတ္တဝင်ရောက်ရပ်နားရန် ရှိနေသည်။ ယင်းကဲ့သို့ ဆိုက်ကပ်ခြင်းသည်…
international news ဂျာမနီနိုင်ငံ လိုက်ပ်ဇစ်လေဆိပ် ဒရုန်းတိုက်ခိုက်ရန် ကြိုးပမ်းမှု နောက်ကွယ်မှ တရားခံများကို မကြာမီ ထုတ်ဖော်မည်ဟု ဝန်ကြီးချုပ် မာ့ဇ် ပြောကြား August 26, 2026 Htet Ko PSM (News) ဩဂုတ် ၂၆၊၂၀၂၆ ဂျာမနီနိုင်ငံ လိုက်ပ်ဇစ်/ဟယ်လေ (Leipzig/Halle) လေဆိပ်တွင် လွန်ခဲ့သောလက ဖြစ်ပွားခဲ့သော ဒရုန်းဖြင့် တိုက်ခိုက်ရန် ကြိုးပမ်းမှု၏ နောက်ကွယ်တွင် မည်သူများရှိနေသည်ကို မကြာမီ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဂျာမနီဝန်ကြီးချုပ် ဖရီဒရစ် မာ့ဇ် က အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများအတွက် အသုံးပြုသည့် ယူကရိန်းနိုင်ငံပိုင် အန်တိုနော့ဗ်ကုန်တင်လေယာဉ်တစ်စင်းအနီးတွင်ပေါက်ကွဲစေတတ်သောပစ္စည်းများတင်ဆောင်ထားသည့် ဒရုန်းတစ်စင်းကို သြဂုတ်လ…
international news ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းတွင် ရှားပါးလေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် လူဒါဇင်နှင့်ချီ ဒဏ်ရာရရှိပြီး အိမ်ခြေများ ပျက်စီး August 26, 2026 Htet Ko PSM (News) သြဂုတ် ၂၆၊၂၀၂၆ ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း အော့ဒ်ဒေသရှိ ကျေးရွာများတွင် တနင်္လာနေ့ညပိုင်းက ရှားပါးပြီး အင်အားပြင်းထန်သော လေဆင်နှာမောင်းတစ်ခု ဝင်ရောက်တိုက်ခတ်ခဲ့ရာ လူ ၃၉ ဦး ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးမှာ အခြေအနေ စိုးရိမ်ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ထိခိုက်မှု အများဆုံးခံခဲ့ရသည့် ပိုမာ့စ်ကျေးရွာမှ နေအိမ် ၃၀၀ ခန့် ပျက်စီးခဲ့ရပြီး ရွာသူရွာသားအားလုံးကို…
daily-news မန္တလေးမြို့နှင့် ၈ မိုင်ခန့်အကွာရှိ အာဏာလုစစ်တပ် အထိုင်စခန်းများ တိုက်ခိုက်ခံရပြီး စစ်သား ၆ ဦးထက်မနည်း သေဆုံး August 25, 2026 Htet Ko PSM (News) ဩဂုတ် ၂၅၊ ၂၀၂၆ မန္တလေးမြို့နှင့် ၈ မိုင်ခန့်သာ ဝေးကွာသော မတ္တရာမြို့နယ် အနောက်တောင်ခြမ်းရှိ အာဏာလုစစ်အုပ်စု၏ အထိုင်စခန်းများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ခြောက် ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ မတ္တရာမြို့နယ် အနောက်တောင်ခြမ်းရှိ ကြိမ်တောကျေးရွာနှင့် ကုန်းတန်းကြီးကျေးရွာတို့တွင်…
daily-news မြိုင်မြို့နယ် Well-2 ရေနံမြေကို ထိုးစစ်ဆင်လာသည့် စစ်တပ် အထိနာနေပြီး လေကြောင်း တိုက်ခိုက်မှုများ အလွန်အကျွံ အသုံးပြုနေ August 25, 2026 Htet Ko PSM(News) ဩဂုတ် ၂၅၊ ၂၀၂၆ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ထိန်းချုပ်ထားသည့် Well-2 ရေနံမြေကို အင်အား ၇၀၀ ခန့်ဖြင့် ထိုးစစ်ဆင်နေသော အာဏာလုစစ်တပ် အထိနာနေသဖြင့် လေကြောင်းတိုက်ခိုက်မှုများ အလွန်အကျွံ ပြုလုပ်နေရကြောင်း ဒေသတွင်း စစ်ရေးသတင်းအရင်း အမြစ်ထံမှ သိရသည်။ Well-2 ရေနံမြေသို့ စစ်ကြောင်းထိုးလာသည့် အာဏာလုစစ်အုပ်စုကို ဒေသတွင်း…