daily-news ဖားကန့်၊ မှော်ဝမ်းကလေးရွာ၌ စစ်တပ် လက်အောက်ခံ ဝါရာဇွပ် ပြည်သူ့စစ်နှင့် SNA သတ်ဖြတ် ထားသည့် ရုပ်အလောင်း ၂၅ လောင်း တူးဖော်တွေ့ရှိ August 25, 2026 Htet Ko PSM (News) ဩဂုတ် ၂၅ ၊ ၂၀၂၆ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဝမ်းကလေးကျေးရွာအတွင်း အာဏာလုစစ်အုပ်စု လက်အောက်ခံ မင်းဇေသန့် ဦးဆောင်သည့် ဝါရာဇွပ် ပြည်သူ့စစ်နှင့် ရှမ်းနီတပ်ဖွဲ့ (SNA) တို့ သတ်ဖြတ်ထားသည့် ရုပ်အလောင်း ၂၅ လောင်းကို တူးဖော်တွေ့ရှိခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက PSM (News) ကို အတည်ပြု ပြောကြားသည်။…
daily-news အပူပိုင်းမုန်တိုင်း နာရာ နှင့် မုတ်သုံလေ အားအလွန်ကောင်းမှုကြောင့် စစ်တောင်းနှင့် သံလွင်မြစ်ဝှမ်း တစ်လျှောက် ရေကြီးနိုင်ပြီး ပင်လယ်ပြင် လှိုင်းအလွန်ကြီးမည် August 25, 2026 Htet Ko PSM (News) ဩဂုတ် ၂၅ ၊ ၂၀၂၆ တုံကင်ပင်လယ်ကွေ့အတွင်း ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း နာရာ(NARRA) နှင့် မုတ်သုံလေ အားအလွန်ကောင်းမွန်မှုကြောင့် စစ်တောင်းနှင့် သံလွင်မြစ်ဝှမ်းတစ်လျှောက် ဒေသအလိုက် မိုးကြီးပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ အဆိုပါ မိုးလေဝသဖြစ်စဉ်များသည် မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အောက်ပိုင်းဒေသများကို တိုက်ရိုက်သက် ရောက်နေကြောင်း ထိုင်းနှင့် အိန္ဒိယ မိုးလေဝသဌာနတို့၏…
international news ရုရှားအွန်လိုင်းလက်လီရောင်းချရေးလုပ်ငန်းများကို တိုက်ခိုက်မှုများ တိုးမြှင့်လာစဉ် ယူကရိန်းက Ozon ကိုပါ ပစ်မှတ်ထားလာ August 25, 2026 Htet Ko PSM (News) ဩဂုတ် ၂၅၊၂၀၂၆ ရုရှားနိုင်ငံ၏ ဒုတိယအကြီးဆုံး အွန်လိုင်းလက်လီရောင်းချရေးကုမ္ပဏီဖြစ်သည့် Ozon ပိုင်ဆိုင်သော ထောက်ပံ့ပို့ဆောင်ရေးနှင့် သိုလှောင်ရုံဗဟိုဌာနများကို ယူကရိန်းနိုင်ငံက ဒရုန်းများဖြင့် ဆက်တိုက် တိုက်ခိုက်ခဲ့ကြောင်း Reuters သတင်းဌာန တွင် ဖော်ပြထားသည်။ ဤတိုက်ခိုက်မှုများသည် စစ်ပွဲဒဏ်ကြောင့် ထိခိုက်နေသော ရုရှားနိုင်ငံ၏ စီးပွားရေးအပေါ် ပိုမိုထိခိုက်ပျက်စီးစေရန် ရည်ရွယ်၍ အွန်လိုင်းလက်လီကုမ္ပဏီများအပေါ် ဒရုန်းဖြင့် တိုက်ခိုက်သည့် မငြိမ်မသက်မှုများကို…
international news မလေးရှားနိုင်ငံ၊ဆူဘန်းဂျာရာမြို့ ရိုလာကိုစတာမတော်တဆမှုဖြစ်ပွားပြီး လူ ၁၀ ဦး ဒဏ်ရာရရှိ August 25, 2026 Htet Ko PSM (News) ဩဂုတ် ၂၅၊၂၀၂၆ မလေးရှားနိုင်ငံ၊ ဆူဘန်းဂျာရာ (Subang Jaya) မြို့ရှိ အပန်းဖြေဥယျာဉ်တစ်ခုတွင် ရိုလာကိုစတာ စီးနင်းမှု မတော်တဆဖြစ်ပွားခဲ့ရာ လူ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ခရိုင်ရဲမှူးကြီး အေစီပီ ဝမ် အဇ္ဇလန် ဝမ် မာမတ် ၏ ပြောကြားချက်အရ အဆိုပါဖြစ်ရပ်သည် စနေနေ့ ည…
international news ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းသွားလာမှု စည်းမျဉ်းများကို ဖောက်ဖျက်ပါက အရေးယူမည်ဟု အီရန် သတိပေး August 25, 2026 Htet Ko PSM (News) ဩဂုတ် ၂၅၊၂၀၂၆ ပါရှားပင်လယ်ကွေ့ ရေလက်ကြား အာဏာပိုင်အဖွဲ့ (PGSA) က X လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြချက်အရ ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းသွားလာရေး စည်းမျဉ်းများကို ဖောက်ဖျက်သည့် သင်္ဘောများကို ငွေဒဏ်ချမှတ်ခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်း သို့မဟုတ် ပိုင်ဆိုင်မှုများ သိမ်းဆည်းခြင်း အပါအဝင် ကန့်သတ်ချက်များနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း အီရန်နိုင်ငံက သတိပေးခဲ့သည်။ အဆိုပါ သတိပေးချက်သည် ကမ္ဘာ့စွမ်းအင်တင်ပို့မှုအတွက်…
international news ထိုင်းနိုင်ငံ၊ချွန်ပူရီတွင် လိုင်စင်မဲ့ တရုတ်ပိုင် ဓာတ်ငွေ့မီးဖိုစက်ရုံ စွန့်ပစ်ပစ္စည်းများ မြေမြှုပ်မှုဖြင့် အပိတ်ခံရ August 25, 2026 Htet Ko PSM (News) ဩဂုတ် ၂၅၊၂၀၂၆ ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်၊ ဘိုသောင်းမြို့နယ်အတွင်းရှိ တရုတ်လူမျိုးပိုင် စက်ရုံတစ်ရုံသည် ၎င်း၏စက်ရုံအနောက်ဘက်တွင် စက်ရုံစွန့်ပစ်ပစ္စည်းများကို မြေမြှုပ်ဖျောက်ဖျက်ခဲ့သည်ဟု စွပ်စွဲခံရမှုဖြင့် အာဏာပိုင်များ၏ စစ်ဆေးတွေ့ရှိချက်အရ သိရသည်။ ဓာတ်ငွေ့မီးဖိုများ ထုတ်လုပ်သည့် အဆိုပါစက်ရုံသည် လိုအပ်သော စက်ရုံလိုင်စင် မရှိဘဲ လည်ပတ်နေခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ အာဏာပိုင်များသည် မြေမြှုပ်ထားသော စွန့်ပစ်ပစ္စည်းများကို တူးဖော်ခဲ့ပြီး ဒေသခံပြည်သူများနှင့်…
daily-news ကရင်နီထိန်းချုပ်နယ်မြေအတွင်း အာဏာလုစစ်တပ်၏ အရက်၊ ဘီယာနှင့် ဆေးလိပ်ထုတ်ကုန်များ ရောင်းဝယ်သုံးစွဲသူများကို အရေးယူမည်ဟု သတိပေး August 24, 2026 Htet Ko PSM (News) ဩဂုတ် ၂၄ ၊ ၂၀၂၆ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ကရင်နီပြည်နယ်အတွင်းရှိ နယ်မြေများအတွင်း အာဏာလုစစ်တပ်နှင့် တိုက်ရိုက်ပတ်သက် ဆက်နွယ်နေသော အရက်၊ ဘီယာနှင့် ဆေးလိပ် ထုတ်ကုန်များ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းနှင့် သုံးစွဲခြင်းများပြုလုပ်ပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းအုပ် ချုပ်ရေး ကောင်စီများက သတိပေး ထုတ်ပြန်ထားသည်။ အဆိုပါ…
daily-news ကံပေါက်တွင် ကျားဖြန့်နှင့် စက်ရုံတိုးချဲ့ရန် ပြင်သည့် ဦးဇခုန်တိန့်ယိမ်း၏ Delco သတ္တုကုမ္ပဏီကို ရပ်ဆိုင်းရန် KBDF သတိပေး August 24, 2026 Htet Ko PSM (News) ဩဂုတ် ၂၄ ၊ ၂၀၂၆ တနင်္သာရီတိုင်း၊ ကံပေါက်ဒေသရှိ Delco သတ္တုတူးဖော်ရေးကုမ္ပဏီအနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံများ၏ လူနေမှုဘဝကို ထိခိုက်စေသည့် လုပ်ငန်းဆောင်ရွက်မှုများကို ဆက်လက်မပြုလုပ်ဘဲ ချက်ချင်းရပ်ဆိုင်းရန် အမှတ် (၈၀၀၂) တပ်ရင်း၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KBDF) က သတိပေး ထုတ်ပြန်သည်။ Delco ကုမ္ပဏီသည် အာဏာလုစစ်အုပ်စုက ကျောထောက်နောက်ခံပြုထားသည့်…
daily-news မိုင်းငေါ့ရှိ ရွှေလုပ်ငန်းခွင် မြေပြိုကျမှုကြောင့် လုပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ August 24, 2026 Htet Ko PSM (News) ဩဂုတ် ၂၄ ၊ ၂၀၂၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ရာ မိုင်းငေါ့မြို့နယ်၊ ဟဲခမ်းကျေးရွာအနီး ရွှေလုပ်ငန်းခွင်တွင် မြေပြိုကျမှုဖြစ်ပွား၍ အသက် (၃၇) နှစ်အရွယ် ရွှေကျင်းလုပ်သား ဦးသက်ပိုင်စိုး သေဆုံးခဲ့ပြီး လုပ်သား ကိုကျော်ငြိမ်း ဆိုသူ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဟဲခမ်းကျေးရွာအနီး ရွှေလုပ်ငန်းခွင်တွင် ပြီးခဲ့သည့် ဩဂုတ် ၂၀…
daily-news အနောက်တောင်မုတ်သုံလေ အားလွန်ကောင်းနေ၍ ဒေသအများအပြားတွင် မိုးဆက်လက်ကြီးမည်၊ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့် ဧရာဝတီတိုင်းတွင် ရေအကျနှေးနိုင်ဟု သတိပေး August 24, 2026 Htet Ko PSM (News) ဩဂုတ် ၂၄ ၊ ၂၀၂၆ မုန်တိုင်းများ၏ အရှိန်နှင့် လေဖိအားနည်းရပ်ဝန်းတို့ကြောင့် အနောက်တောင် မုတ်သုံလေသည် ဩဂုတ်လကုန်ပိုင်းအထိ အားကောင်းရာမှ အားလွန်ကောင်းနေမည်ဖြစ်၍ ရခိုင်၊ မွန်၊ ကရင်၊ တနင်္သာရီနှင့် အထက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာ ဆက်လက် ရွာသွန်းနိုင်ကြောင်း သိရသည်။ တုံကင်ပင်လယ်ကွေ့အတွင်း ရောက်ရှိနေသည့် အပူပိုင်းမုန်တိုင်း နာရာ (NARRA) နှင့် ပစိဖိတ်…