PSM (News) ဩဂုတ် ၂၆၊ ၂၀၂၆ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီက ၎င်းတို့နိုင်ငံအနေဖြင့် တစ်ရက်လျှင် ကီလိုမီတာ ၃၅၀ မှ ၃,၀၀၀ အထိ ပျံသန်းတိုက်ခိုက်နိုင်သည့် တာဝေး တိုက်ခိုက်ရေးဒရုန်း အစင်း ၂၀၀ မှ ၃၀၀ ခန့်အထိ ထုတ်လုပ်နိုင်စွမ်းရှိနေပြီဖြစ်ကြောင်း ဩဂုတ်လ ၂၄ ရက်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ယူကရိန်းအနေဖြင့် ထုတ်လုပ်မှုကို တိုးချဲ့ပြီး ရုရှားနိုင်ငံအတွင်းပိုင်းသို့ တိုက်ခိုက်မှုများကို မြှင့်တင်ရန် စွမ်းရည်အပြည့်ရှိသော်လည်း ဘတ်ဂျက်ရန်ပုံငွေ လိုအပ်ချက်မှာ အဓိက အတားအဆီးဖြစ်နေဆဲ ဖြစ်သည်။ ရုရှားဘက်က ရှဟစ် (Shahed) ဒရုန်းအသုံးပြုမှုကို ယခင်ကထက် အစင်းရာပေါင်းများစွာအထိ တိုးမြှင့်လာခဲ့ရာ ယူကရိန်းအနေဖြင့်လည်း စစ်ပွဲကို ရုရှားနယ်မြေအတွင်းသို့ ပြန်လည်ပို့ဆောင်ကာ မော်စကိုအား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများဘက်သို့ တွန်းပို့နိုင်ရန်အတွက် ဒရုန်းထုတ်လုပ်မှုကို ပိုမိုချဲ့ထွင်ရန် လိုအပ်လျက်ရှိသည်။ သို့သော် လက်ရှိတွင် ယူကရိန်းသည် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၂၇ ဘီလီယံနှင့်ညီမျှသော ကာကွယ်ရေးဘတ်ဂျက် လိုငွေပြမှုနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ ကိုးကား – Kyiv Post Post navigation အမေရိကန် လေယာဉ်တင်သင်္ဘော ထိုင်းနိုင်ငံသို့ လာရောက်မည် နီပေါ-တိဘက် နယ်စပ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၉ ဦးသေဆုံးပြီး ခရီးသွား ရာနှင့်ချီ ပျောက်ဆုံးနေ