PSM (News)

သြဂုတ် ၂၆၊၂၀၂၆

ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း အော့ဒ်ဒေသရှိ ကျေးရွာများတွင် တနင်္လာနေ့ညပိုင်းက ရှားပါးပြီး အင်အားပြင်းထန်သော လေဆင်နှာမောင်းတစ်ခု ဝင်ရောက်တိုက်ခတ်ခဲ့ရာ လူ ၃၉ ဦး ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးမှာ အခြေအနေ စိုးရိမ်ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ထိခိုက်မှု အများဆုံးခံခဲ့ရသည့် ပိုမာ့စ်ကျေးရွာမှ နေအိမ် ၃၀၀ ခန့် ပျက်စီးခဲ့ရပြီး ရွာသူရွာသားအားလုံးကို ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရသည်။

နွေရာသီ ပူပြင်းခြောက်သွေ့မှုများ အဆုံးသတ်ပြီး မိုးကြိုးမုန်တိုင်းများ စတင်ကျရောက်လာချိန်တွင် ယခုကဲ့သို့ မမျှော်လင့်ဘဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ဒေသခံ နေအိမ်ပေါင်း ၁,၄၀၀ ကျော်တွင် လျှပ်စစ်မီးများ ပြတ်တောက်လျက်ရှိသည်။

ပြင်သစ်မိုးလေဝသဌာန၏ အဆိုအရ နိုင်ငံတွင်း လေဆင်နှာမောင်း ဖြစ်ပွားမှုများမှာ အမေရိကန်နိုင်ငံနှင့် ယှဉ်လျှင် အလွန်နည်းပါးပြီး ပုံမှန်အားဖြင့် အပျော့စားသာ ဖြစ်လေ့ရှိသော်လည်း ယခုတစ်ကြိမ်မှာမူ အလွန်အမင်း ဆိုးရွားပြင်းထန်ခဲ့ကြောင်း သိရသည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *