PSM (News ) ဩဂုတ် ၂၆၊၂၀၂၆ ထိုင်းနိုင်ငံသို့ အမေရိကန် လေယာဉ်တင်သင်္ဘော လာရောက်လည်ပတ်မည်ဟူသော သတင်းမှာ စစ်ရေးအရ ဆောင်ရွက်မှုမဟုတ်ဘဲ ပုံမှန်ကိစ္စရပ်သာဖြစ်ကြောင်း ထိုင်းတော်ဝင်ရေတပ်က ပြောကြားလိုက်သည်။ နှစ်နိုင်ငံ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုအရ အမေရိကန် လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုမှ သင်္ဘောသုံးစင်းသည် သင်္ဘောသားများ အနားယူရန်နှင့် ရိက္ခာဖြည့်တင်းရန်အတွက် ထိုင်းနိုင်ငံ အရှေ့ပိုင်းသို့ ခေတ္တဝင်ရောက်ရပ်နားရန် ရှိနေသည်။ ယင်းကဲ့သို့ ဆိုက်ကပ်ခြင်းသည် ပူးတွဲစစ်ရေးလေ့ကျင့်မှု မဟုတ်သလို မည်သည့်နိုင်ငံ၏ အခြေအနေနှင့်မျှ သက်ဆိုင်ခြင်း မရှိကြောင်းလည်း ရေတပ်က အလေးပေးပြောဆိုခဲ့သည်။ ကိုးကား-Khaosod Post navigation ဂျာမနီနိုင်ငံ လိုက်ပ်ဇစ်လေဆိပ် ဒရုန်းတိုက်ခိုက်ရန် ကြိုးပမ်းမှု နောက်ကွယ်မှ တရားခံများကို မကြာမီ ထုတ်ဖော်မည်ဟု ဝန်ကြီးချုပ် မာ့ဇ် ပြောကြား တစ်ရက်လျှင်ဒရုန်းအစင်း ၃၀၀ အထိ ထုတ်လုပ်နိုင်သော်လည်း ရန်ပုံငွေ လိုအပ်နေဆဲဖြစ်ကြောင်း သမ္မတ ဇယ်လန်းစကီ ပြောကြား