PSM (News)

ဩဂုတ် ၂၆၊၂၀၂၆

ဂျာမနီနိုင်ငံ လိုက်ပ်ဇစ်/ဟယ်လေ (Leipzig/Halle) လေဆိပ်တွင် လွန်ခဲ့သောလက ဖြစ်ပွားခဲ့သော ဒရုန်းဖြင့် တိုက်ခိုက်ရန် ကြိုးပမ်းမှု၏ နောက်ကွယ်တွင် မည်သူများရှိနေသည်ကို မကြာမီ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဂျာမနီဝန်ကြီးချုပ် ဖရီဒရစ် မာ့ဇ် က အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများအတွက် အသုံးပြုသည့် ယူကရိန်းနိုင်ငံပိုင် အန်တိုနော့ဗ်ကုန်တင်လေယာဉ်တစ်စင်းအနီးတွင်ပေါက်ကွဲစေတတ်သောပစ္စည်းများတင်ဆောင်ထားသည့် ဒရုန်းတစ်စင်းကို သြဂုတ်လ ၄ ရက်နေ့က တွေ့ရှိခဲ့ရသည်။

နိုင်ငံတကာလုံခြုံရေးအရာရှိများနှင့် ဒေသတွင်း မီဒီယာများကမူ ရုရှားထောက်လှမ်းရေးအဖွဲ့များ ပါဝင်ပတ်သက်နေဖွယ်ရှိသည်ဟု သံသယရှိနေကြသော်လည်း ဘာလင်မြို့တော်ကမူ တိုက်ရိုက် စွပ်စွဲပြောဆိုခြင်း မရှိသေးပေ။

ထို့အပြင်စုံစမ်းစစ်ဆေးရေးမှူးများသည်ယင်းတိုက်ခိုက်ရန်ကြိုးပမ်းမှုနှင့် သက်ဆိုင်သည်ဟုယူဆရသည့် တတိယမြောက်ဒရုန်းနှင့်ပေါက်ကွဲစေတတ်သော ပစ္စည်းများကိုပါ ၁၀ရက်အကြာတွင်ထပ်မံတွေ့ရှိခဲ့ကြောင်းသတင်းထုတ်ပြန်ထားသည်။မော်စကိုဘက်ကမူဤဖြစ်ရပ်တွင် ပါဝင်ပတ်သက်မှုရှိခြင်းကို ငြင်းဆိုထားသည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *