Month: June 2026

လက်ဘနွန်စစ်တပ်ယာဉ်ကို အစ္စရေးတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် (၃) ဦး သေဆုံး၊ စစ်တပ်က စုံစမ်းစစ်ဆေးမှုများ စတင်

PSM (NEWS) ဇွန် ၇၊၂၀၂၆ တောင်ပိုင်းလက်ဘနွန်တွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ဘနွန်စစ်တပ်မှ အရာရှိ (၂) ဦးနှင့် တပ်ဖွဲ့ဝင် (၁) ဦး သေဆုံးသွားခဲ့ကြောင်း စနေနေ့တွင် လက်ဘနွန်စစ်တပ်က သတင်းထုတ်ပြန်သည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အစ္စရေးစစ်တပ်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ အစ္စရေးစစ်တပ်၏ ထုတ်ပြန်ချက်အရ ၎င်းတို့တပ်ဖွဲ့ဝင်များအတွက် ခြိမ်းခြောက်မှုရှိသည်ဟု ယူဆရသည့် ယာဉ်တစ်စီးကို…

ဩစတြေးလျနိုင်ငံ၊ အနောက်ပိုင်းကမ်းရိုးတန်းတွင် ငါးဖမ်းနေသူတစ်ဦး ငါးမန်းကိုက်ခံရမှုကြောင့် သေဆုံး

PSM (NEWS) ဇွန် ၇ ၊၊၂၀၂၆ ဩစတြေးလျနိုင်ငံ၊ အနောက်ပိုင်းကမ်းရိုးတန်းတွင် ငါးဖမ်းနေသည့် အမျိုးသားတစ်ဦး ငါးမန်းကိုက်ခံရမှုကြောင့် သေဆုံးသွားခဲ့ကြောင်း စနေနေ့တွင် ရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့သည်။ ၎င်းသည် လတ်တလော ဩစတြေးလျနိုင်ငံ၌ သုံးပတ်အတွင်း ဖြစ်ပွားခဲ့သည့် တတိယမြောက် ငါးမန်းကိုက်သေဆုံးမှုဖြစ်သည်။ အသက် (၃၅) နှစ်အရွယ်ရှိ အဆိုပါအမျိုးသားသည် စနေနေ့နံနက်ပိုင်းက အယ်လ်ဘနီ မြို့အနီးရှိ မိုက်ကယ်မတ်စ်ကျွန်း အနီးတွင်…

မင်းတုန်းနှင့် ရခိုင်ရိုးမအစပ်သို့ ထိုးလာသည့် အာဏာလုစစ်အုပ်စု စစ်ကြောင်းကို PDF နှင့် AA ပူးပေါင်းဖြတ်တောက် တိုက်ခိုက်နေ

‎ PSM(News) ဇွန် ၆ ၊ ၂၀၂၆ မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ပိုင်းနှင့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အတွင်းရှိ ရခိုင်ရိုးမအစပ်ဒေသများသို့ ထိုးစစ်ဆင်လာသည့် အာဏာလုစစ်အုပ်စု စစ်ကြောင်းကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းကာ ကြားဖြတ်တိုက်ခိုက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ သရက်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၄) တပ်ရင်းထံမှ သိရသည်။ အာဏာလုစစ်အုပ်စုသည် ပြီးခဲ့သည့်…

ပေါက်မြို့နယ် ကုက္ကိုစုရွာမှ ထွက်ပြေးသည့် ပျူစောထီး ၇၀ ကျော်ကို ဖမ်းဆီးရမိ၊ ဓားစာခံပြည်သူ များလည်း ပြန်လည်လွတ်မြောက်

‎ PSM(News) ဇွန် ၆၊ ၂၀၂၆ မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ စီးနင်းတိုက်ခိုက်သိမ်းပိုက် ထားသည့် ဗျူဟာမြောက် ကုက္ကိုစုကျေးရွာမှ ထွက်ပြေးသွားသည့် ပျူစောထီး ၇၀ ကျော်ကို လမ်းခုလတ်တွင် အားလုံးဖမ်းဆီးရမိပြီဖြစ်ကြောင်း အညာမြေတပ်ပေါင်းစုထံမှ သိရသည်။ အဆိုပါ ပျူစောထီးများသည် တော်လှန်ရေးတပ်ဖွဲ့များ လက်အောက်သို့ ကျရောက်သွားသည့် ကုက္ကိုစု ရွာမှနေ၍ ၁၅ မိုင်ခန့်အကွာရှိ အာဏာလုစစ်အုပ်စု…

အိုမန်ပင်လယ်ကွေ့တွင် အီရန်ရေတပ်က အမေရိကန်စစ်သင်္ဘောများအား သတိပေးဒုံးကျည်များနှင့် ဒရုန်းများဖြင့် ပစ်ခတ်

PSM(NEWS) ဇွန် ၆၊၂၀၂၆ အိုမန်ပင်လယ်ကွေ့အတွင်းရှိ အမေရိကန်စစ်သင်္ဘောများအား အီရန်ရေတပ်က သတိပေးဒုံးကျည်များနှင့် ဒရုန်းများဖြင့် ပစ်ခတ်ခဲ့ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာများက သောကြာနေ့တွင် ဖော်ပြသည်။ အမေရိကန်ရေတပ်အနေဖြင့် ရေကြောင်းသွားလာမှုကို အနှောင့်အယှက်ဖြစ်စေခြင်း၊ ကုန်တင်သင်္ဘောများနှင့် ရေနံတင်သင်္ဘောများကို ဖမ်းဆီးခြင်းများပြုလုပ်နေသည်ဟု အီရန်ဘက်က စွပ်စွဲထားသည်။ ယင်းဖြစ်စဉ်မတိုင်မီက အိန္ဒိယသမုဒ္ဒရာအတွင်း၌ ပိတ်ဆို့အရေးယူခံထားရသည့် နိုင်ငံမဲ့သင်္ဘော M/T DAVINA အား အမေရိကန်တပ်ဖွဲ့များက ကြားဖြတ်ဖမ်းဆီးခဲ့ကြောင်း အမေရိကန်…

တောင်တရုတ်ပင်လယ် မြောက်ဘက်စွန်းတွင် ထိုင်ဝမ်နှင့် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့များကြား ထပ်မံတင်းမာမှု ဖြစ်ပွား

PSM (NEWS) ဇွန် ၆၊ ၂၀၂၆ တောင်တရုတ်ပင်လယ်၏ မြောက်ဘက်စွန်းတွင် မဟာဗျူဟာမြောက် တည်ရှိသည့် ပရာတပ်စ်ကျွန်းစု အနီး၌ ထိုင်ဝမ်နှင့် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များကြား တင်းမာမှုများ ထပ်မံဖြစ်ပွားခဲ့ကြောင်း ထိုင်ဝမ်အစိုးရက သောကြာနေ့တွင် ထုတ်ပြန်ပြောကြားသည်။ ယခုဖြစ်စဉ်သည် နှစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ပွားခြင်းဖြစ်သည်။ ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်နေသော ထိုင်ဝမ်ကျွန်းအား တရုတ်နိုင်ငံက ၎င်းတို့၏ နယ်မြေအဖြစ် ပိုင်ဆိုင်ကြောင်း ကြေညာထားသော်လည်း…

ဟောင်ကောင်တွင် ကျောင်းသူတစ်ဦးကို ဘတ်စ်ကားပေါ်၌ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုဖြင့် အမျိုးသားတစ်ဦး အဖမ်းခံရ

PSM(NEWS) ဇွန် ၆ ၊၂၀၂၆ ဟောင်ကောင်၊မွန်ကောက် ခရိုင်ရှိ ဘတ်စ်ကားတစ်စီးပေါ်၌ ကျောင်းသူတစ်ဦးကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခဲ့သည့် အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဟောင်ကောင်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီဖြစ်သည်။ အဆိုပါဖြစ်ရပ်အား ရိုက်ကူးထားသည့် ဗီဒီယိုဖိုင် အွန်လိုင်းတွင် ပျံ့နှံ့လာပြီးနောက် နာရီပိုင်းအတွင်းမှာပင် တရားခံကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ တရားခံအား ဟောင်ကောင်-ဇူဟိုင်-မကာအို တံတား ရှိ…

နိုင်ငံတကာ အာကာသစခန်း (ISS) တွင်လေယိုစိမ့်မှုဖြစ်ပွားပြီး အာကာသယာဉ်မှူးများဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ပြင်ဆင်

PSM(NEWS) ဇွန် ၆၊ ၂၀၂၆ နိုင်ငံတကာ အာကာသစခန်း (International Space Station – ISS) တွင် လေယိုစိမ့်မှု ပိုမိုဆိုးရွားလာသည့်အတွက် အာကာသယာဉ်မှူးများအား ၎င်းတို့၏ အာကာသယာဉ်အတွင်း ခိုလှုံရန်နှင့် အရေးပေါ် အခြေအနေတွင် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ရန် ပြင်ဆင်ထားကြရန် အမျိုးသား လေကြောင်းနှင့် အာကာသ စီမံခန့်ခွဲရေးဌာန (NASA) က ဇွန်လ…

စစ်ကိုင်းမြို့ လဝကရုံးအတွင်း ချိန်ကိုက်ဗုံးပေါက်ကွဲသဖြင့် ဝန်ထမ်းနှင့် ပြည်သူ ၂၀ ဦး ဒဏ်ရာရပြီး ၄ ဦး ပြင်းထန်

PSM(News) ဇွန် ၅၊ ၂၀၂၆ တပ်မ (၃၃) အခြေစိုက်ရာ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန (လဝက) ရုံးအတွင်း ယနေ့ ဇွန် ၅ ရက်၊ နံနက် ၁၀ နာရီ၃၀ မိနစ်ဝန်းကျငိက ချိန်ကိုက်ဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ ရုံးဝန်ထမ်းများနှင့် လာရောက်သူ အရပ်သားပြည်သူ စုစုပေါင်း ၂၀ ဦး…

ဆင်ပေါင်ဝဲတွင် စစ်အုပ်စု၏ ယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ရာ ၆ ဦး သေဆုံး၊ KTV မှ ပြန်လာသည့် ထောင်အရာရှိကားကို တားဆီးရာမှ ရပ်တန့်ခြင်းမရှိ၍ ပစ်ခတ်ခဲ့ရပြီး လက်နက်များ သိမ်းဆည်းရမိ

PSM(News) ဇွန် ၅ ၊ ၂၀၂၆ မကွေးတိုင်း၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်း၌ ကားဖြင့် လှည့်လည်သွားလာနေသည့် အာဏာလုစစ်အုပ်စုတပ်ဖွဲ့ဝင်များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုတပ်ဖွဲ့ဝင် ခြောက် ဦး သေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သရက်ခရိုင် အမှတ် (၅) တပ်ရင်းထံမှ သိရသည်။ ဆင်ပေါင်ဝဲမြို့နယ်၊ သာဂရ – ကိုးပင်လမ်းကို ကားဖြင့် အမြဲမပြတ်…

You missed