PSM(News) ဇွန် ၅၊ ၂၀၂၆ တပ်မ (၃၃) အခြေစိုက်ရာ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန (လဝက) ရုံးအတွင်း ယနေ့ ဇွန် ၅ ရက်၊ နံနက် ၁၀ နာရီ၃၀ မိနစ်ဝန်းကျငိက ချိန်ကိုက်ဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ ရုံးဝန်ထမ်းများနှင့် လာရောက်သူ အရပ်သားပြည်သူ စုစုပေါင်း ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။ အာဏာလုစစ်အုပ်စု၏ “ရက် ၁၀၀ စီမံချက်” ပါ နယ်မြေစိုးမိုးရေးနှင့် စစ်ဆေးရေးလုပ်ငန်းစဉ်များအရ ရုံးအတွင်း၌ မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယားကိစ္စရပ်များ လာရောက်ဆောင်ရွက်နေကြသည့် ပြည်သူ များနှင့် ရုံးလုပ်ငန်းများ လည်ပတ်နေချိန်တွင် ရုံးခန်းအတွင်းရှိ စားပွဲခုံအောက်မှ ချိန်ကိုက်ဗုံး ပေါက်ကွဲမှု စတင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပေါက်ကွဲမှုကြောင့် လဝကဝန်ထမ်း ခြောက် ဦး (အမျိုးသား သုံး ဦး၊ အမျိုးသမီး သုံး ဦး) နှင့် ကိစ္စရပ်များ လာရောက်လုပ်ဆောင်နေသည့် အရပ်သားပြည်သူ ၁၄ ဦး (အမျိုးသား နှစ် ဦး၊ အမျိုးသမီး ၁၂ ဦး) ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ လက်ရှိတွင် ဒဏ်ရာရရှိသူများအားလုံးကို စစ်ကိုင်းမြို့ရှိ ခုတင်-၃၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ကုသပေးထားပြီး ၎င်းတို့အနက် လေး ဦးမှာ ပြင်းထန်ဒဏ်ရာရရှိထားကာ ကျန်ရှိသူများမှာ ယမ်းစထုတ်ရန် ခွဲစိတ်မှုများ ပြုလုပ်နေရကြောင်းနှင့် လတ်တလောတွင် အသက် အန္တရာယ် စိုးရိမ်စရာမရှိကြောင်း ဆေးရုံနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ဆိုသည်။ အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း သိရခြင်း မရှိသေးပေ။ ဓာတ်ပုံ-CJ Post navigation ဆင်ပေါင်ဝဲတွင် စစ်အုပ်စု၏ ယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ရာ ၆ ဦး သေဆုံး၊ KTV မှ ပြန်လာသည့် ထောင်အရာရှိကားကို တားဆီးရာမှ ရပ်တန့်ခြင်းမရှိ၍ ပစ်ခတ်ခဲ့ရပြီး လက်နက်များ သိမ်းဆည်းရမိ ပေါက်မြို့နယ် ကုက္ကိုစုရွာမှ ထွက်ပြေးသည့် ပျူစောထီး ၇၀ ကျော်ကို ဖမ်းဆီးရမိ၊ ဓားစာခံပြည်သူ များလည်း ပြန်လည်လွတ်မြောက်