Month: June 2026

ဂျပန်နိုင်ငံ၊ ဥတ္စုနိုမိယမြို့တွင် ရက်ပေါင်းများစွာ လှည့်လည်သွားလာနေခဲ့သည့် ဝက်ဝံကို ဖမ်းဆီးရမိ

PSM (NEWS) ဇွန် ၁၀၊၂၀၂၆ ဂျပန်နိုင်ငံ၊ တိုကျိုမြို့၏ မြောက်ဘက်ရှိ ဥတ္စုနိုမိယ (Utsunomiya) မြို့တွင် ရက်ပေါင်းလေးရက်ကြာ လှည့်လည်သွားလာနေခဲ့ပြီး မြို့တွင်းရှိ မူလတန်းနှင့် အလယ်တန်းကျောင်းအားလုံးကို ပိတ်ထားရသည်အထိ ဖြစ်စေခဲ့သော ဝက်ဝံကို ဇွန်လ (၉) ရက်၊ အင်္ဂါနေ့တွင် ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ ဝက်ဝံသည် စျေးဝယ်စင်တာ၊ တက္ကသိုလ်နှင့် လက်ကားရောင်းချသည့် စျေးတို့တွင် အကြိမ်ကြိမ်…

AA နယ်မြေတွင် စစ်ဘေးရှောင်များကို ကူညီနေသည့် စာရေးဆရာ ဝေဟင်အောင်၏ စစ်တွေရှိ နေအိမ် ကို စစ်အုပ်စုက ချိပ်ပိတ်

‎ PSM(News) ဇွန် ၉၊ ၂၀၂၆ ရခိုင်ပြည်နယ်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် နယ်မြေများတွင် စစ်ဘေး ရှောင်များနှင့် စစ်ဘေးသင့်ပြည်သူများအရေး ကူညီဆောင်ရွက်ပေးနေသည့် နိုင်ငံရေးအကျဉ်း သားဟောင်း စာရေးဆရာ ဝေဟင်အောင်၏ စစ်တွေမြို့ရှိ နေအိမ်ကို အာဏာလုစစ်အုပ်စုက မတရား ချိပ်ပိတ်လိုက်ကြောင်း သိရသည်။ စစ်တွေမြို့၊ ဘောက်သီးစုရပ်ကွက်၊ စစ်ကဲလမ်းရှိ စာရေးဆရာ ဝေဟင်အောင်၏ နေအိမ်ကို…

ပဲခူးတိုင်းတွင် စစ်အုပ်စုက ဘုန်းကြီးကျောင်းကို ဗုံးကြဲပြီး အရပ်သား ၂၈ ဦးကို အစုလိုက်သတ်ဖြတ်ခဲ့ကြောင်း Fortify Rights ထုတ်ပြန်

(ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်အပါအဝင် ရက်စက်စွာ သတ်ဖြတ်ခဲ့မှုများမှာ စစ်ရာဇဝတ်မှုမြောက်သဖြင့် နိုင်ငံတကာက ချက်ချင်းအရေးယူရန် တိုက်တွန်း) မောင်မောင်ကဲ/PSM(News) ‎ဇွန် ၉၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီးအတွင်း၌ အာဏာလုစစ်အုပ်စုက အရပ်သား ပြည်သူများ ခိုလှုံရာ ဘုန်းကြီး ကျောင်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် မြေပြင်တွင် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ် ခြင်းများကြောင့် ကလေးငယ်များနှင့် အမျိုးသမီးများအပါအဝင် အရပ်သား ၂၈ ဦး…

ရွှေကူမှ ဗန်းမော်သို့ စစ်ကူပို့မည့် စစ်အုပ်စု၏ စစ်ရေးရည်မှန်းချက်ကို KIA ဖြတ်တောက်မည်

PSM(News) ဇွန် ၉၊ ၂၀၂၆ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ဘက်ကနေ နှစ်ချီကြာ မြို့တွင်းတိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည့် ဗန်းမော်မြို့သို့ စစ်ကူစစ်ကြောင်းများ ပေးပို့ရန် အာဏာလုစစ်အုပ်စုက ပြင်ဆင်နေပြီး အဆိုပါ စစ်ရေး ရည်မှန်းချက်ကို အလုံးစုံဖြတ်တောက်တိုက်ခိုက်သွားမည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ထံမှ သိရသည်။ အာဏာလုစစ်အုပ်စုသည် ပြီးခဲ့သည့်…

ကလေးငယ်များ ကိုယ်လုံးတီးပုံများ ပေးပို့ခြင်းကို တားဆီးရန် Apple နှင့် Google ကို ဗြိတိန်ဝန်ကြီးချုပ် သုံးလ နောက်ဆုံးသတ်မှတ်ချက်ပေး

PSM (NEWS) ဇွန် ၉၊ ၂၀၂၆ ကလေးငယ်များ၏ စမတ်ဖုန်းများတွင် ကိုယ်လုံးတီးပုံများကို ရိုက်ကူးခြင်း၊ မျှဝေခြင်း သို့မဟုတ် ကြည့်ရှုခြင်း လုံးဝမပြုလုပ်နိုင်စေရန်အတွက် Apple နှင့် Google ကုမ္ပဏီနှစ်ခုကို ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ က သုံးလအတွင်း အရေးယူဆောင်ရွက်ရန် နောက်ဆုံးသတ်မှတ်ချက်ပေးလိုက်သည်။ အဆိုပါကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ စက်ပစ္စည်းများတွင် ပါဝင်ပြီးဖြစ်သော စနစ်များကို အသက်သွင်းရန်…

ကမ္ဘာကြီးသည် ပြင်းထန်သော အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း စပိန်ပါလီမန်တွင် ပုပ်ရဟန်းမင်းကြီး လီယို သတိပေး

PSM (NEWS) ဇွန် ၉၊၂၀၂၆ လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများ၊ ပိုမိုနက်ရှိုင်းလာသည့် နိုင်ငံရေးအရ ကွဲပြားမှုများနှင့် လူ့အခွင့်အရေးကို လျစ်လျူရှုမှုများကြောင့် ကမ္ဘာကြီးသည် ပြင်းထန်သော အကျပ်အတည်းတစ်ခုအတွင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး လီယိုက စပိန်ပါလီမန်တွင် မိန့်ခွန်းပြောကြားစဉ် သတိပေးလိုက်သည်။ ကမ္ဘာ့ခေါင်းဆောင်များ၏ ဦးဆောင်မှုလမ်းကြောင်းအပေါ် မကြာသေးမီက ပိုမိုပြင်းထန်သည့် လေသံဖြင့် ဝေဖန်ပြောဆိုလာသည့် ပုပ်ရဟန်းမင်းကြီးသည် ဥရောပနိုင်ငံများ၏ စစ်ရေးအသုံးစရိတ် တိုးမြှင့်မှုကိုလည်း…

ဖင်လန်နိုင်ငံတွင် ထိုင်းနိုင်ငံသား ဘယ်ရီသီးခူးသမားများကို လူကုန်ကူးမှုဖြင့် စီးပွားရေးလုပ်ငန်းရှင်အား ထောင်ဒဏ်ချမှတ်

PSM (NEWS) ဇွန် ၉၊ ၂၀၂၆ ဖင်လန်နိုင်ငံရှိ တရားရုံးတစ်ခုသည် ဇွန်လ ၈ ရက် တနင်္လာနေ့တွင် ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအား ထိုင်းနိုင်ငံသားများကို ဘယ်ရီသီးခူးရန် ဖင်လန်နိုင်ငံသို့ လူကုန်ကူးမှုဖြင့် ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်လိုက်သည်။ ဖင်လန်အာဏာပိုင်များသည် မကြာသေးမီနှစ်များအတွင်း ဘယ်ရီသီးလုပ်ငန်းတွင် ရာသီအလိုက်လာရောက်လုပ်ကိုင်သူ ရွှေ့ပြောင်းလုပ်သားများအပေါ် ခေါင်းပုံဖြတ်မှုများ ပေါ်ပေါက်လာပြီးနောက်ပိုင်းတွင် စည်းကမ်းတင်းကျပ်မှုများ ပြုလုပ်လာခဲ့သည်။…

သမ္မတ ရှီကျင့်ဖျင် မြောက်ကိုရီးယားနိုင်ငံသို့ ရောက်ရှိချိန်တွင် ပြုံယမ်းမြို့၌ ခမ်းနားထည်ဝါစွာ ကြိုဆို

PSM(NEWS) ဇွန် ၉၊၂၀၂၆ တရုတ်သမ္မတ ရှီကျင့်ဖျင် သည် ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားနိုင်ငံသို့ နှစ်ရက်ကြာ အလည်အပတ်ခရီးစဉ် စတင်ရောက်ရှိလာရာ ပြုံယမ်း မြို့၌ အရောင်အသွေးစုံလင်လှပစွာဖြင့် ကြိုဆိုခဲ့ကြသည်။ လေဆိပ်သို့ ရောက်ရှိချိန်တွင် သမ္မတ ရှီကျင့်ဖျင်နှင့် ဇနီးဖြစ်သူ ဖုန်လီယွမ် တို့အား မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း နှင့် ဇနီးဖြစ်သူ ရီဆိုလ်ဂျူ တို့က လက်ဆွဲနှုတ်ဆက်…

လောင်းလုံးတွင် စစ်အုပ်စုစစ်ကြောင်းကို ဒရုန်းဖြင့် အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက် သေဆုံးမှု များပြား

PSM(News) ဇွန် ၈ ၊ ၂၀၂၆ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးလှုပ်ရှားနေသည့် စစ်အုပ်စု တပ်ဖွဲ့များကို ဒရုန်းဖြင့် ဗုံးသီးအလုံးရေ ၉၀ ကျော်အသုံးပြုကာ အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက် ခဲ့ကြောင်း လောင်းလုံး သံမဏိလိပ်ပြာတပ်ဖွဲ့ က ထုတ်ပြန်သည်။ အဆိုပါ တိုက်ခိုက်မှုများကို လောင်းလုံး သံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) နှင့် ကျောင်းသား တော်လှန်ရေးတပ်…

ကျောက်ဖြူတွင် ကာကင်းစခန်းအားလုံးကို AA သိမ်းပိုက်ပြီးနောက် တောင်မော်ဦးရေတပ် ပင်မစခန်း ကြီးကို ဆက်လက်ထိုးစစ်ဆင်နေ

PSM(News) ဇွန် ၈၊ ၂၀၂၆ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ တောင်မော်ဦးရေတပ်စခန်း၏ ကာကင်းစခန်းများကို အာရက္ခတပ်တော် (AA) က အပြီးသတ်သိမ်းပိုက်ပြီးနောက် ပင်မစခန်းမဟာဌာနချုပ်ကြီးအား ဆက်လက်၍ ပြင်းထန်စွာ ထိုးစစ်ဆင်နေကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ AA သည် ပြီးခဲ့သည့် မေလကတည်းက တောင်မော်ဦးရေတပ်စခန်း၏ ကာကင်းစခန်းများကို စတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ယခုသတင်းပတ်အတွင်းတွင်မူ အဆိုပါရေတပ်စခန်း ပတ်ပတ်လည်၌ အခိုင်အမာ တပ်စွဲထားသည့်…

You missed