Month: May 2026

ICC ဖမ်းဝရမ်းကြောင့် ဖိလစ်ပိုင်ဆီနိတ်တာ ဒီလာရိုဆာ အကျပ်တွေ့

PSM(NEWS) မေ ၁၃၊ ၂၀၂၆ သမ္မတဟောင်း ဒူတာတေး၏ မူးယစ်ဆေးဝါးစစ်ပွဲကို ဦးဆောင်ခဲ့သူ ဆီနိတ်တာ ရော်နယ် ဒီလာရိုဆာအား ဖမ်းဆီးရန် နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး (ICC) က ဝရမ်းထုတ်ပြန်လိုက်သဖြင့် ၎င်းသည် လက်ရှိတွင် ဆီနိတ်လွှတ်တော်အတွင်း ခိုလှုံနေရသည်။ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် ICC က ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်ပြီး၊ ၎င်းမှာ ဒူတာတေးနည်းတူ တရားရင်ဆိုင်ရဖွယ်…

ရှန်တုန်းရှိ ပုဂ္ဂလိက ရေနံချက်စက်ရုံများ အရှုံးပေါ်နေသဖြင့် မေလအတွင်း ထုတ်လုပ်မှု လျှော့ချ

PSM(NEWS) မေ ၁၃၊ ၂၀၂၆ အီရန်စစ်ပွဲကြောင့် ရေနံစိမ်းဈေးနှုန်း မြင့်တက်လာခြင်းနှင့် ပြည်တွင်းဝယ်လိုအား ကျဆင်းခြင်းတို့ကြောင့် တရုတ်နိုင်ငံ၊ ရှန်တုန်းပြည်နယ်ရှိ ပုဂ္ဂလိက ရေနံချက်စက်ရုံများသည် မေလအတွင်း ထုတ်လုပ်မှုများကို စတင်လျှော့ချလာနေသည်။ ရေနံစိမ်း တစ်တန်ချက်လုပ်တိုင်း ယွမ် ၅၀၀ မှ ၆၀၀ အထိ အရှုံးပေါ်နေသဖြင့် လုပ်ငန်းလည်ပတ်မှုနှုန်းကို ၅၀% အထိ လျှော့ချခဲ့သည်။ လောင်စာဆီပြတ်လပ်မှုကို စိုးရိမ်သဖြင့်…

အာဏာလု စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုရန်နှင့် ခိုင်မာသော တာဝန်ခံမှုယန္တရားများ ချမှတ်ရန် NUG တိုက်တွန်း

မောင်မောင်ကဲ/PSM (News) မေ ၁၂၊ ၂၀၂၆ အာဆီယံအနေဖြင့် မြန်မာ့အရေး ဖြေရှင်းရာတွင် ရှုတ်ချပြစ်တင်ရုံတင်မကဘဲ အာဏာလုစစ်အုပ်စု၏ အကြမ်း ဖက်မှုများကို တားဆီးနိုင်မည့် တိကျသော တာဝန်ခံမှုယန္တရားများ ချမှတ်ရန်နှင့် စစ်အုပ်စု၏ တစ်ဖက်သတ် အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်းလိုက်သည်။ NUG နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သည့် (၄၈) ကြိမ်မြောက်…

အုတ်ဖိုနှင့် လက်ပံတန်းတွင် စစ်အုပ်စုစစ်တပ်နှင့် ပျူစောထီးစခန်းများ တိုက်ခိုက်ခံရပြီး ၆ ဦး သေဆုံး

PSM (News) မေ ၁၂၊ ၂၀၂၆ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ရှိ ပျူစောထီးစခန်း၊ စစ်တပ်ကင်းပုန်းများနှင့် လက်ပံတန်းမြို့နယ်ရှိ စစ်ဆေး ရေးဂိတ်တို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်မှ ခြောက် ဦး သေဆုံး ခဲ့ကြောင်း အမှတ် (၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ထားသည်။ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့များသည် ပြီးခဲ့သည့် မေ…

ကနီတွင် အာဏာလုစစ်အုပ်စုက ၁၄ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်းပြုလုပ်၊ စစ်ဘေးရှောင် ၃၀,၀၀၀ ကျော် အရေးပေါ်အကူအညီလိုအပ်နေ

PSM(News) မေ ၁၂၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းသို့ အာဏာလုစစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်နေသည်မှာ ၁၄ ရက်မြောက်ရှိလာပြီး အဆိုပါကာလအတွင်း လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ်နေ၍ ဒေသခံပြည်သူ ၃၀,၀၀၀ ကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ စစ်အုပ်စုသည် ပြီးခဲ့သည့် ဧပြီ ၂၈ ရက်မှ စတင်ကာ ယနေ့ မေ ၁၂ ရက်အထိ…

ကမ္ဘာ့ကျန်းမာရေးညီလာခံသို့ ထိုင်ဝမ်တက်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း တရုတ်ပြောကြား

PSM (NEWS) မေ ၁၂၊ ၂၀၂၆ လာမည့်အပတ်တွင် စတင်ကျင်းပမည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ နှစ်ပတ်လည်ညီလာခံတွင် ထိုင်ဝမ်ကို ပါဝင်တက်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း တရုတ်နိုင်ငံက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ထိုင်ဝမ်ဘက်ကမူ ညီလာခံပြင်ပတွင်ကျင်းပမည့် အစည်းအဝေးများသို့ တက်ရောက်ရန် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ စေလွှတ်သွားမည်ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသည့် ထိုင်ဝမ်ကျွန်းအား မိမိတို့ပိုင်နက်အဖြစ် သတ်မှတ်ထားသော တရုတ်နိုင်ငံ၏ ကန့်ကွက်မှုများကြောင့်…

တရုတ်နှင့် အမေရိကန် ပူးပေါင်းစစ်ဆင်ရေး- မူးယစ်ဆေးဝါးမှောင်ခိုမှုဖြင့် သံသယရှိသူ ၅ ဦးကို ဖမ်းဆီး

PSM (NEWS) မေ ၁၂ ၊၂၀၂၆ တရုတ်နှင့် အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အာဏာပိုင်များသည် မူးယစ်ဆေးဝါးမှောင်ခိုမှုနှင့် ရောင်းဝယ်ဖောက်ကားမှုဆိုင်ရာ ပူးပေါင်းစုံစမ်းစစ်ဆေးမှုတစ်ခုအတွင်း သံသယရှိသူ ၅ ဦးကို ဖမ်းဆီးခဲ့ပြီး မူးယစ်ဆေးဝါးအမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာ သတင်းဌာနက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။ အာဏာပိုင်များသည် ဧပြီလအစောပိုင်းတွင် တရုတ်နိုင်ငံရှိ လျောင်နင်း နှင့် ကွမ်တုံပြည်နယ်များအပြင် အမေရိကန်နိုင်ငံရှိ…

အီရန်နှင့် ပတ်သက်၍ အမေရိကန်၏ ပိတ်ဆို့အရေးယူမှုကို တရုတ်ကန့်ကွက်၊ တရုတ်ကုမ္ပဏီများကို အကာအကွယ်ပေးမည်ဟု ကတိပြု

PSM (NEWS) မေ ၁၂ ၊၂၀၂၆ အီရန်၏ စစ်ရေးလှုပ်ရှားမှုများကို ကူညီပံ့ပိုးပေးနေသည်ဟုဆိုကာ တရုတ်အခြေစိုက် ကုမ္ပဏီသုံးခုအပေါ် အမေရိကန်က ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ခြင်းကို တရုတ်နိုင်ငံက တနင်္လာနေ့တွင် ပြင်းထန်စွာ ကန့်ကွက်လိုက်ပြီး အဆိုပါ ကန့်သတ်ချက်များသည် တရားမဝင်ဘဲ တစ်ဖက်သတ် ဆောင်ရွက်ချက်များဖြစ်ကြောင်း ပြောကြားခဲ့သည်။ “ကျွန်တော်တို့အနေနဲ့ တရုတ်လုပ်ငန်းရှင်တွေကို ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စီးပွားရေး ဆောင်ရွက်ဖို့ အမြဲတမ်း…

ဟော်မုဇ်ရေလက်ကြားတွင် ကုန်တင်သင်္ဘော တိုက်ခိုက်ခံရမှုအပေါ် တောင်ကိုရီးယား ပြင်းထန်စွာရှုတ်ချ၊ တုံ့ပြန်ဆောင်ရွက်သွားမည်ဟု ကတိပြု

PSM (NEWS) မေ ၁၂၊ ၂၀၂၆ ယခုလအတွင်း ဟော်မုဇ်ရေလက်ကြား၌ ကိုရီးယားသင်္ဘောလုပ်ငန်းတစ်ခုမှ လည်ပတ်နေသော ကုန်တင်သင်္ဘောတစ်စီး တိုက်ခိုက်ခံရမှုကို တောင်ကိုရီးယားသမ္မတရုံး (Blue House) က တနင်္လာနေ့တွင် အပြင်းထန်ဆုံးစကားလုံးများဖြင့် ရှုတ်ချလိုက်ပြီး တိုက်ခိုက်သူကို အတည်ပြုနိုင်သည်နှင့် တုံ့ပြန်ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။ တိုက်ခိုက်မှုကြောင့် သင်္ဘော၏ အင်ဂျင်ခန်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး သင်္ဘောပဲ့ပိုင်းရှိ ထိခိုက်ပျက်စီးမှုများကို ကျွမ်းကျင်သူများက…

UFC ကမ္ဘာ့ချန်ပီယံခါးပတ်ကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့သည့် ချင်းလူငယ်ဖိုက်တာ ဂျိုရှုအာဗန်ကို အမေရိကန်သံရုံး ဂုဏ်ပြု

PSM(News) မေ ၁၁ ၊ ၂၀၂၆ အမေရိကန်နိုင်ငံတွင် ကျင်းပခဲ့သည့် UFC 328 ပြိုင်ပွဲ၌ ဂျပန်ဖိုက်တာ တက်ဆူရို တိုင်ရာကို အနိုင်ယူကာ UFC ဖလိုင်းဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်ကို ပထမဆုံးအကြိမ် အောင်မြင်စွာ ကာကွယ်နိုင်ခဲ့သည့် မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသား ဂျိုရှုအာဗန်ကို အမေရိကန်သံရုံးက ယနေ့ မေ ၁၁ ရက်နေ့တွင် ဂုဏ်ပြုစကား ပြောကြားထားသည်။…

You missed