Month: May 2026

ရာထူးမှနုတ်ထွက်ရန် ဖိအားပေးမှုများရှိနေသော်လည်း မိမိအစိုးရသည် ၁၀ နှစ်စီမံကိန်းဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် စတာမာ ပြောကြား

PSM (NEWS) မေ ၁၁ ၊၂၀၂၆ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာက ၎င်း၏အစိုးရအဖွဲ့သည် “၁၀ နှစ်ကြာ အကောင်အထည်ဖော်ရမည့် စီမံကိန်း” ဖြစ်သည်ဟု တုံ့ပြန်ပြောကြားလိုက်ပြီး ရာထူးမှနုတ်ထွက်ရန် တောင်းဆိုမှုများကို အလျှော့ပေးမည်မဟုတ်ဘဲ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကတိပြုလိုက်သည်။ ယခုသီတင်းပတ်အစောပိုင်းက ကျင်းပခဲ့သည့် ဒေသန္တရရွေးကောက်ပွဲများတွင် လေဘာပါတီ အရေးနိမ့်ခဲ့ပြီးနောက် ၎င်းအား ရာထူးမှနုတ်ထွက်ရန် ဖိအားပေးမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။ စတာမာ၏…

မိုင်ယာမီအနီးတွင် စက်လှေတစ်စီး ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၁၁ ဦး ဒဏ်ရာရရှိကာ ဆေးရုံသို့ ပို့ဆောင်ထားရ

PSM (NEWS) မေ ၁၁၊ ၂၀၂၆ အမေရိကန်နိုင်ငံ၊ မိုင်ယာမီမြို့အနီးတွင် စနေနေ့က စက်လှေတစ်စီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံများသို့ ပို့ဆောင်ကုသပေးနေရကြောင်း မိုင်ယာမီ-ဒိတ် မီးသတ်နှင့် ကယ်ဆယ်ရေးအဖွဲ့ (Miami-Dade Fire Rescue) က ပြောကြားခဲ့သည်။ ဖလော်ရီဒါ ငါးနှင့် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မရှင်မှ ရရှိသော…

ခါ့ဂ်ကျွန်း ရေနံတင်ပို့မှုဗဟိုအနီး ရေနံယိုစိမ့်မှုဖြစ်ပွားသည်ဟူသော သတင်းများကို အီရန် ငြင်းဆို

PSM (NEWS) မေ ၁၁၊၂၀၂၆ အီရန်နိုင်ငံ၏ အဓိက ရေနံတင်ပို့ရာဗဟိုချက်ဖြစ်သော ပင်လယ်ကွေ့အတွင်းရှိ ခါ့ဂ်ကျွန်း အနောက်ဘက်ပိုင်း၌ ရေနံအိုင်ကြီးတစ်ခု ဖြစ်ပေါ်နေသည်ကို ယခုသီတင်းပတ်အတွင်း ဂြိုဟ်တုဓာတ်ပုံများတွင် တွေ့ရှိရပြီးနောက် ရေနံယိုစိမ့်မှုရှိနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ သို့သော် အဆိုပါသတင်းများကို အီရန်ရေနံဆိပ်ကမ်းကုမ္ပဏီ က တနင်္ဂနွေနေ့တွင် ငြင်းဆိုလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြသည်။ အဆိုပါကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်က ကျွန်းအနီးရှိ သိုလှောင်ကန်များ၊…

အီရန်-အမေရိကန် ငြိမ်းချမ်းရေး အဆိုပြုချက်အပေါ် အီရန်၏ တုံ့ပြန်မှုနှင့် ဒေသတွင်း အခြေအနေ

PSM (NEWS) မေ ၁၁၊ ၂၀၂၆ နှစ်လကျော်ကြာ ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် ရည်ရွယ်ထားသည့် အမေရိကန်၏ အဆိုပြုချက်အပေါ် အီရန်က တုံ့ပြန်ချက် ပေးပို့လိုက်ကြောင်း အီရန်အခြေစိုက်IRNA သတင်းဌာနက တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်။ အဆိုပါ တုံ့ပြန်ချက်ကို ကြားဝင်စေ့စပ်ပေးနေသည့် ပါကစ္စတန် နိုင်ငံမှတစ်ဆင့် ပေးပို့ခဲ့ခြင်းဖြစ်သည်။ IRNA ၏ အဆိုအရ လက်ရှိ ဆွေးနွေးပွဲ…

စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲနေသည့် Southern Eagle PDF က တပ်သားသစ် ၁၀၀ ခေါ်ယူမည်

PSM (News) မေ ၈ ၊ ၂၀၂၆ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့်အတူ စခန်းသိမ်းတိုက်ပွဲများတွင် ပူးပေါင်း ပါဝင်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ Southern Eagle PDF တပ်ရင်းက တပ်သားသစ်များ ခေါ်ယူနေကြောင်း သိရသည်။ မကြာမီ စတင်တော့မည့် သင်တန်းအပတ်စဉ် (၈) အတွက် တိုက်ခိုက်ရေး၊ ဆေး၊ ဒရုန်းနှင့်…

လောင်းလုံးမြို့မရဲစခန်းနှင့် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

PSM (News) မေ ၈ ၊ ၂၀၂၆ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ရှိ မြို့မရဲစခန်းနှင့် စစ်ကြောင်းထိုးနေသည့် အာဏာလုစစ်အုပ်စုကို ဒရုန်းဗုံးသီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့က ထုတ်ပြန်သည်။ တော်လှန်ရေးတပ်ဖွဲ့များသည် အင်အား ၁၀၀ ခန့်ဖြင့်လောင်းလုံးမြို့နယ်၊ ဝေဒီရွာသို့ စစ်ကြောင်းထိုးနေသည့် အာဏာလုစစ်အုပ်စုကို ယမန်နေ့ မေ ၇ ရက်နေ့က ဒရုန်းဗုံးသီးများဖြင့် ၂ ကြိမ်တိုင်…

တောင်ကြီးမြို့ရှိ Peter Bar ပိုင်ရှင်က အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအား ရိုက်နှက်သတ်ဖြတ်၊ တရားမျှတမှုပျောက်ဆုံးမည်ကို IWU စိုးရိမ်

PSM (News) မေ ၈ ၊ ၂၀၂၆ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ပီတာဘား(Peter Bar) ပိုင်ရှင်က အသက် (၁၆) နှစ်အရွယ် အမျိုး သမီးငယ်တစ်ဦးအား ရက်စက်စွာ ရိုက်နှက်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အင်းလေးအမျိုးသမီးသမဂ္ဂ (IWU) က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်ပြီး တရားမျှတမှု ဖော်ဆောင်ပေးရန် မေ ၇ ရက်တွင်…

ဖာပွန်ခရိုင်အတွင်း ဖမ်းဆီးရမိခဲ့သည့် ဘတ်သန်း ၄၉၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို KNU မီးရှို့ဖျက်ဆီး

PSM (News) မေ ၈ ၊ ၂၀၂၆ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေဖြစ်သည့် ဖာပွန် (မူတြော်) ခရိုင်အတွင်း ဖမ်းဆီးရမိခဲ့သည့် ကာလတန်ဖိုး ဘတ် ၄၉၆ သန်းကျော်ရှိ မူးယစ်ဆေးဝါးများကို ယမန်နေ့မေ ၇ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ကရင်အမျိုးသားနယ်စပ်လုံခြုံရေးတပ်ဖွဲ့များသည် ယမန်နှစ် ၂၀၂၅ ၊ ဒီဇင်ဘာ ၁၈ ရက်နေ့က သံလွင်မြစ်တစ်လျှောက်…

ဆီးရီးယားမှ ပြန်လာသည့် ISIS နှင့် ဆက်နွှယ်သူ အမျိုးသမီးနှစ်ဦးကို လူကုန်ကူးကျွန်ပြုမှုဖြင့် ဩစတေးလျ တရားစွဲဆို

PSM (NEWS) မေ ၈ ၊၂၀၂၆ ဆီးရီးယားနိုင်ငံရှိ ဒုက္ခသည်စခန်းတစ်ခုတွင် ခုနစ်နှစ်ကျော်ကြာ ထိန်းသိမ်းခံခဲ့ရပြီးနောက် ဩစတေးလျနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် အစ္စလာမ်မစ်နိုင်ငံတော် (ISIS) အစွန်းရောက်အုပ်စုနှင့် ဆက်နွှယ်သူ အမျိုးသမီးနှစ်ဦးကို လူကုန်ကူးကျွန်ပြုမှုဖြင့် တရားစွဲဆိုလိုက်ကြောင်း ဩစတေးလျ ရဲတပ်ဖွဲ့က သောကြာနေ့တွင် ပြောကြားခဲ့သည်။ အသက် ၅၃ နှစ်နှင့် ၃၁ နှစ်အရွယ်ရှိ အဆိုပါ အမျိုးသမီးနှစ်ဦးသည် ဆီးရီးယားရှိ…

You missed