PSM (NEWS) မေ ၁၂ ၊၂၀၂၆ အီရန်၏ စစ်ရေးလှုပ်ရှားမှုများကို ကူညီပံ့ပိုးပေးနေသည်ဟုဆိုကာ တရုတ်အခြေစိုက် ကုမ္ပဏီသုံးခုအပေါ် အမေရိကန်က ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ခြင်းကို တရုတ်နိုင်ငံက တနင်္လာနေ့တွင် ပြင်းထန်စွာ ကန့်ကွက်လိုက်ပြီး အဆိုပါ ကန့်သတ်ချက်များသည် တရားမဝင်ဘဲ တစ်ဖက်သတ် ဆောင်ရွက်ချက်များဖြစ်ကြောင်း ပြောကြားခဲ့သည်။ “ကျွန်တော်တို့အနေနဲ့ တရုတ်လုပ်ငန်းရှင်တွေကို ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စီးပွားရေး ဆောင်ရွက်ဖို့ အမြဲတမ်း ညွှန်ကြားထားပါတယ်။ တရုတ်ကုမ္ပဏီတွေရဲ့ တရားဝင် ရပိုင်ခွင့်နဲ့ အကျိုးစီးပွားတွေကိုလည်း ခိုင်ခိုင်မာမာ ကာကွယ်စောင့်ရှောက်သွားမှာပါ” ဟု ပြောရေးဆိုခွင့်ရှိသူ ကကော်ကျားခွန်က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ၎င်းက ဆက်လက်၍ “အခုအချိန်မှာ အရေးကြီးဆုံးကတော့ တိုက်ပွဲတွေ ပြန်မဖြစ်ပွားအောင် နည်းလမ်းပေါင်းစုံနဲ့ တားဆီးဖို့ပဲ ဖြစ်ပါတယ်။ စစ်ပွဲကို အကြောင်းပြပြီး တခြားနိုင်ငံတွေကို မလိုမုန်းထားစိတ်နဲ့ ဆက်စပ်ဖော်ပြတာမျိုး ဒါမှမဟုတ် နာမည်ဖျက်တာမျိုးတွေ မလုပ်သင့်ပါဘူး” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။ အမေရိကန်၏ ယခုပိတ်ဆို့မှုသည် အီရန်နှင့် ဆက်နွှယ်သည့် ကွန်ရက်များကို ပစ်မှတ်ထားသည့် လုပ်ဆောင်ချက်များထဲမှ တစ်ခုဖြစ်ပြီး၊ တစ်ချိန်တည်းမှာပင် ဗြိတိန်နိုင်ငံကလည်း ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေသည်ဟုဆိုကာ အီရန်နှင့် ဆက်နွှယ်သူ ၁၂ ဦးနှင့် အဖွဲ့အစည်းများကို ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ကြောင်း သိရသည်။ ကိုးကား-Reuters Post navigation ဟော်မုဇ်ရေလက်ကြားတွင် ကုန်တင်သင်္ဘော တိုက်ခိုက်ခံရမှုအပေါ် တောင်ကိုရီးယား ပြင်းထန်စွာရှုတ်ချ၊ တုံ့ပြန်ဆောင်ရွက်သွားမည်ဟု ကတိပြု တရုတ်နှင့် အမေရိကန် ပူးပေါင်းစစ်ဆင်ရေး- မူးယစ်ဆေးဝါးမှောင်ခိုမှုဖြင့် သံသယရှိသူ ၅ ဦးကို ဖမ်းဆီး