PSM (News)

မေ ၁၂၊ ၂၀၂၆

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ရှိ ပျူစောထီးစခန်း၊ စစ်တပ်ကင်းပုန်းများနှင့် လက်ပံတန်းမြို့နယ်ရှိ စစ်ဆေး ရေးဂိတ်တို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်မှ ခြောက် ဦး သေဆုံး ခဲ့ကြောင်း အမှတ် (၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ထားသည်။

ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့များသည် ပြီးခဲ့သည့် မေ ၁၀ ရက်နေ့ နံနက် ပိုင်းက အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့သစ် အဝင်ရှိ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီးအဖွဲ့ဝင် နှစ် ဦး သေဆုံးပြီး ခြောက် ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် မေ ၅ ရက် နေ့လယ်ပိုင်းကလည်း အုတ်ဖိုမြို့နယ်၊ လွှစင်ကျေးရွာရှိ စစ်အုပ်စုကင်းပုန်းတပ်ဖွဲ့နှင့် အမှတ် (၃၈၀၁) တပ်ရင်း၊ တပ်ခွဲ (၅) တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အာဏာလုစစ်အုပ်စု၏ တပ်ဖွဲ့ဝင် လေး ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ဗျူဟာ (၂၂) လက်အောက်ခံတပ်ဖွဲ့များနှင့် သာယာဝတီခရိုင် ပကဖ တပ်ဖွဲ့ (၁၊ ၂) တို့ကလည်း မေ ၉ ရက်နေ့တွင် လက်ပံတန်းမြို့နယ်၊ ရန်ကုန်-ပြည်လမ်းပေါ်ရှိ ကွမ်းခြံကျေးရွာ စစ်ဆေးရေးဂိတ်ကို ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိဘဲ စစ်ဆင် ရေးများကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-အမှတ် (၂) စစ်ဆင်ရေးနယ်မြေ

By Htet Ko

You missed