PSM(NEWS)

မေ ၁၃၊ ၂၀၂၆

အီရန်စစ်ပွဲကြောင့် ရေနံစိမ်းဈေးနှုန်း မြင့်တက်လာခြင်းနှင့် ပြည်တွင်းဝယ်လိုအား ကျဆင်းခြင်းတို့ကြောင့် တရုတ်နိုင်ငံ၊ ရှန်တုန်းပြည်နယ်ရှိ ပုဂ္ဂလိက ရေနံချက်စက်ရုံများသည် မေလအတွင်း ထုတ်လုပ်မှုများကို စတင်လျှော့ချလာနေသည်။

ရေနံစိမ်း တစ်တန်ချက်လုပ်တိုင်း ယွမ် ၅၀၀ မှ ၆၀၀ အထိ အရှုံးပေါ်နေသဖြင့် လုပ်ငန်းလည်ပတ်မှုနှုန်းကို ၅၀% အထိ လျှော့ချခဲ့သည်။

လောင်စာဆီပြတ်လပ်မှုကို စိုးရိမ်သဖြင့် ထုတ်လုပ်မှုမလျှော့ရန် ပေကျင်းအစိုးရက တားမြစ်ထားသော်လည်း အရှုံးဒဏ်ကြောင့် စက်ရုံများက ရပ်နားခွင့် တောင်းခံထားသည်။

ယခုကဲ့သို့ ထုတ်လုပ်မှု လျှော့ချခြင်းကြောင့် ရုရှားနှင့် အီရန်တို့မှ တင်သွင်းနေသည့် ရေနံစိမ်းဝယ်လိုအားလည်း ကျဆင်းသွားဖွယ် ရှိနေသည်။

ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကြောင့် ရေနံဈေးနှုန်းများ စံချိန်တင် မြင့်တက်နေခြင်းက အဆိုပါစက်ရုံများကို အဓိက ထိုးနှက်ချက် ဖြစ်စေခဲ့သည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *