PSM(News) မေ ၁၁ ၊ ၂၀၂၆ အမေရိကန်နိုင်ငံတွင် ကျင်းပခဲ့သည့် UFC 328 ပြိုင်ပွဲ၌ ဂျပန်ဖိုက်တာ တက်ဆူရို တိုင်ရာကို အနိုင်ယူကာ UFC ဖလိုင်းဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်ကို ပထမဆုံးအကြိမ် အောင်မြင်စွာ ကာကွယ်နိုင်ခဲ့သည့် မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသား ဂျိုရှုအာဗန်ကို အမေရိကန်သံရုံးက ယနေ့ မေ ၁၁ ရက်နေ့တွင် ဂုဏ်ပြုစကား ပြောကြားထားသည်။ “UFC ပြိုင်ပွဲ၌ ထူးချွန်ထက်မြက်စွာ စွမ်းဆောင်နိုင်ခဲ့သည့် မြန်မာနွယ်ဖွား အမေရိကန် ဖလိုင်းဝိတ် ကြယ်ပွင့် ကြောက်ရွံ့ခြင်းမရှိသူ ဂျိုရှုအာဗန်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါသည်။ သင်၏ ကြိုးစားအားထုတ်မှုနှင့် မကြောက်မရွံ့သော စိတ်ဓာတ်သည် မြန်မာနိုင်ငံမှ အမေရိကန်နိုင်ငံအထိ ပရိသတ်များကို ဆက်လက်ခွန်အားပေးလျက်ရှိသည်။ ဆက်လက်တောက်ပနေပါဦး ချန်ပီယံ” ဟု ရန်ကုန်ရှိ အမေရိကန်သံရုံး၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။ ယမန်နေ့ မေ ၁၀ ရက်က အမေရိကန်တွင် ကျင်းပခဲ့သည့် အဆိုပါပွဲစဉ်တွင် ဂျိုရှုအာဗန်သည် ၅ ချီမြောက် ၁ မိနစ် ၃၂ စက္ကန့်၌ ပြိုင်ဘက်ကို ဒိုင်ပွဲရပ် ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ဂျိုရှုအာဗန်သည် ၂၀၂၅ ၊ ဒီဇင်ဘာကအတွင်းက ချန်ပီယံ ပန်တိုဂျာကို အနိုင်ယူကာ UFC သမိုင်းတစ်လျှောက် ပထမဆုံးသော အာရှဖွား အမျိုးသားကမ္ဘာ့ချန်ပီယံအဖြစ် စံချိန်တင်ခဲ့သူ ဖြစ်သည်။ အသက် ၂၄ နှစ်အရွယ်ရှိ “The Fearless” ဟု လူသိများသည့် ဂျိုရှုအာဗန်သည် ချင်းပြည်နယ်၊ မတူပီမြို့ ဇာတိဖြစ်ပြီး အသက် ၁၂ နှစ်အရွယ်တွင် မိသားစုနှင့်အတူ အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့သို့ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ NEWARK, NEW JERSEY – MAY 09: (L-R) Tatsuro Taira of Japan shoots for a takedown against Joshua Van of Myanmar in the UFC flyweight championship fight during the UFC 328 event at Prudential Center on May 09, 2026 in Newark, New Jersey. (Photo by Ed Mulholland/Zuffa LLC) Post navigation စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲနေသည့် Southern Eagle PDF က တပ်သားသစ် ၁၀၀ ခေါ်ယူမည် ကနီတွင် အာဏာလုစစ်အုပ်စုက ၁၄ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်းပြုလုပ်၊ စစ်ဘေးရှောင် ၃၀,၀၀၀ ကျော် အရေးပေါ်အကူအညီလိုအပ်နေ