PSM(NEWS)

မေ ၁၃၊ ၂၀၂၆

သမ္မတဟောင်း ဒူတာတေး၏ မူးယစ်ဆေးဝါးစစ်ပွဲကို ဦးဆောင်ခဲ့သူ ဆီနိတ်တာ ရော်နယ် ဒီလာရိုဆာအား ဖမ်းဆီးရန် နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး (ICC) က ဝရမ်းထုတ်ပြန်လိုက်သဖြင့် ၎င်းသည် လက်ရှိတွင် ဆီနိတ်လွှတ်တော်အတွင်း ခိုလှုံနေရသည်။

လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် ICC က ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်ပြီး၊ ၎င်းမှာ ဒူတာတေးနည်းတူ တရားရင်ဆိုင်ရဖွယ် ရှိနေသည်။

မိမိအား ICC ထံ လွှဲပြောင်းမပေးရန် သမ္မတ မားကို့စ် ဂျူနီယာ ထံ မျက်ရည်ဝဲလျက် တောင်းဆိုခဲ့ပြီး နိုင်ငံအတွက် သစ္စာရှိစွာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံသည် ICCအဖွဲ့ဝင်မဟုတ်တော့သော်လည်း အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့” (Interpol) က တောင်းဆိုလာပါက ဖမ်းဝရမ်းကို အကောင်အထည်ဖော်မည်ဟု အစိုးရက ဆိုသည်။

လက်ရှိတွင် ရဲတပ်ဖွဲ့က ဆီနိတ်လွှတ်တော်အပြင်ဘက်၌ လုံခြုံရေးယူထားပြီး အင်တာပို၏ တရားဝင်ညွှန်ကြားချက်ကို စောင့်ဆိုင်းနေဆဲ ဖြစ်သည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *