Latest Post

မကွေးတွင် ပြည်သူကို မီးရှို့သတ်ဖြတ်ရာ၌ ပါဝင်ခဲ့သူ ပျူစောထီးတစ်ဦးကို နတ်မောက် ပကဖ ဖမ်းဆီးရမိ မြန်မာနိုင်ငံ အထက်ပိုင်း မိုးလျော့မည်ဖြစ်သော်လည်း အောက်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် ရေကြီး၊ မြေပြိုအန္တရာယ် သတိပြုရန် လိုအပ် ရွှေကူ၊ ဇင်းဘုံဝန်းကျင်ရှိ စစ်အုပ်စု တပ်ရင်း ၃ ရင်းကို KIA တိုက်ထုတ်၊ အလောင်းနှင့် လက်နက်များ သိမ်းဆည်းရမိ ထိုင်းနိုင်ငံ၊ပတ္တယားမြို့ရှိ လမ်းမများ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလွှမ်းမိုးပြီး ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွား မြောက်ကိုရီးယားတွင် ပျော်ရွှင်မှုနှင့် စားသုံးမှုယဉ်ကျေးမှုများ တိုးပွားလာ

ဗင်နီဇွဲလား သမ္မတဟောင်း မာဒူရို၏ မူးယစ်မှောင်ခိုမှုအမှု ရုံးချိန်းအတွက် အမေရိကန်တရားရုံးသို့ ရောက်ရှိမည်

PSM(News) ဇူလိုင် ၂၃၊၂၀၂၆ ဖမ်းဆီးထိန်းသိမ်းခံထားရသော ဗင်နီဇွဲလား သမ္မတဟောင်း နီကိုလက်စ် မာဒူရိုနှင့် ဇနီးဖြစ်သူ ဆီလီယာ ဖလိုရက်စ်တို့သည် မူးယစ်ဆေးဝါးမှောင်ခိုမှု အမှုတွဲနှင့်ပတ်သက်သည့် ရုံးချိန်းစာရင်းဇယားများကို ဆွေးနွေးရန် ဗုဒ္ဓဟူးနေ့တွင် မန်ဟက်တန် ဖယ်ဒရယ်တရားရုံးသို့ ထပ်မံရောက်ရှိမည်ဖြစ်သည်။ အမေရိကန်ခရိုင်တရားသူကြီး အယ်လ်ဗင် ဟယ်လာစတိုင်း ရှေ့မှောက်၌ ပြုလုပ်မည့် ယခုရုံးချိန်းတွင် ၂၀၂၇ ခုနှစ် ဇွန်လ၌ အမှုစတင်စစ်ဆေးရန် နှစ်ဖက်ရှေ့နေများက…

အိန္ဒိယနိုင်ငံတွင် ကျောင်းသားဆန္ဒပြပွဲများကြောင့် ဝန်ကြီးချုပ် မိုဒီအတွက် အတိုက်အခံများကို နေရာပေးမိသကဲ့သို့ ဖြစ်လာ

PSM(News) ဇူလိုင် ၂၃၊၂၀၂၆ အိန္ဒိယနိုင်ငံ၌ အစိုးရ၏ စာမေးပွဲမေးခွန်း ပေါက်ကြားမှုနှင့် အကျင့်ပျက်ခြစားမှုကို ဆန့်ကျင်သည့် ကျောင်းသားများနှင့် လူငယ်များ၏ ဆန္ဒပြပွဲများ ကျယ်ပြန့်လာခြင်းသည် ဝန်ကြီးချုပ် နရန်ဒြာ မိုဒီ၏ အစိုးရအပေါ် ဖိအားဖြစ်စေပြီး အတိုက်အခံပါတီများအတွက် လူငယ်မဲဆန္ဒရှင်များကို ဆွဲဆောင်ရန် ရှားပါးသည့် အခွင့်အလမ်းတစ်ခု ပေါ်ပေါက်လာစေခဲ့သည်။ မြို့တော် နယူးဒေလီမြို့တွင် ဆန္ဒပြကျောင်းသားများကို ရဲတပ်ဖွဲ့က ရာဘာတုတ်များ၊ ရေပက်ပိုက်များနှင့်…

မနီလာမြို့တွင် အာဆီယံ အစည်းအဝေးကျင်းပနေစဉ် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့ ထိပ်တိုက်ရင်ဆိုင် ပဋိပက္ခဖြစ်ပွား

PSM(News) ဇူလိုင် ၂၃၊ ၂၀၂၆ ဖိလစ်ပိုင်နိုင်ငံ၏ မြို့တော်ဖြစ်သော မနီလာမြို့တွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းများ၏ အစည်းအဝေး ကျင်းပနေသည့် ကာလအတွင်း ဆန္ဒပြပွဲများ ဇူလိုင်လ ၂၂ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် ဖြစ်ပွားခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၏ ခရီးစဉ်ကို လုံးဝ လက်မခံကြောင်း ပြသသည့်အနေဖြင့် ဒေသခံဖိလစ်ပိုင်တက်ကြွလှုပ်ရှားသူများက လမ်းမများပေါ်ထွက်ကာ ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။…

မြိုင်မြို့နယ်တွင် အာဏာလုစစ်အုပ်စု စစ်ကြောင်းထိုး သတ်ဖြတ်မှုကြောင့် ပြည်သူ ၂၆ ဦးအထိ သေဆုံး၊ ဘေးလွတ်ရာ ကြိုတင်ရှောင်ရှားရန် မြိုင် ပကဖ သတိပေး

PSM(News) ဇူလိုင် ၂၂၊ ၂၀၂၆ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ဝင်ရောက် စစ်ကြောင်းထိုးနေသည့် အာဏာလုစစ်အုပ်စုတပ်၏ ရက်စက်စွာ သတ်ဖြတ်မှုများနှင့် လက်နက်ကြီး ရမ်းသန်း ပစ်ခတ်မှုများကြောင့် ယနေ့အချိန်အထိ အပြစ်မဲ့ ပြည်သူ ဦးရေ ၂၆ ဦးအထိ သေဆုံးခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင် ပကဖ) နှင့် အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း (မြိုင်) တို့၏…

နယ်မြေစိုးမိုးနိုင်ခြင်းမရှိသည့် မြို့နယ်များအတွက် အရေးပေါ်အခြေအနေနှင့် စစ်အုပ်ချုပ်ရေးအမိန့် ရက် ၉၀ ထပ်မံတိုးမြှင့်ကြောင်း အာဏာလုစစ်အုပ်စု ထုတ်ပြန်

PSM(News) ဇူလိုင် ၂၂၊ ၂၀၂၆ နိုင်ငံတစ်ဝန်း နယ်မြေစိုးမိုးနိုင်မှု လုံးဝ မရှိတော့သည့် အာဏာလုစစ်အုပ်စုသည် တိုင်းနှင့် ပြည်နယ် အချို့မှ မြို့နယ်များအတွက် အရေးပေါ်အခြေအနေနှင့် စစ်အုပ်ချုပ်ရေး (မာရှယ်လော) ကို ရက်ပေါင်း ၉၀ အထိ ဆက်လက် သက်တမ်းတိုးမြှင့်လိုက်ကြောင်း ယမန်နေ့ ဇူလိုင် ၂၁ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။ အာဏာလုသမ္မတ မင်းအောင်လှိုင်…

အင်းစိန်မြို့မ ရဲစခန်းအား ပြင်းအားမြင့်မိုင်းဖြင့် တိုက်ခိုက်၊ အတန်ကြာ ပျောက်နေရာမှ ရန်ကုန်မြို့ပြပြောက် ကျား စစ်ဆင်ရေး ပြန်လည်စတင်ခြင်းဖြစ်ပြီး လမ်းများ ပိတ်ဆို့စစ်ဆေးနေ

PSM(News) ဇူလိုင် ၂၂၊ ၂၀၂၆ န်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ အာဏာလုစစ်အုပ်စု၏ အင်းစိန်မြို့မ ရဲစခန်း ဂိတ်ကင်းကို ပြင်းအား မြင့်မိုင်းနှင့် လက်ပစ်ဗုံးနှစ်လုံး ပေါင်းစပ်ကာ ဇူလိုင်လ ၂၁ ရက် ညပိုင်းတွင် ထိထိရောက်ရောက် တိုက်ခိုက်ခဲ့ကြောင်း YANGON ARMY -YA အဖွဲ့က ထုတ်ပြန်ထားသည် YA မြို့ပြပြောက်ကျားအဖွဲ့သည် မိုးရွာသွန်းနေချိန် ယမန်နေ့ ဇူလိုင်…

အာဏာလုသမ္မတ မင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်ရန် ပြင်ဆင်နေပြီး ထိုင်းဝန်ကြီးချုပ် အနုထင်နှင့် ဘန်ကောက်တွင် တွေ့ဆုံမည်

PSM(News) ဇူလိုင် ၂၂၊ ၂၀၂၆ အာဏာလုသမ္မတ မင်းအောင်လှိုင်သည် လာမည့် ဩဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ထိုင်းနိုင်ငံသို့ တရားဝင် ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ဇူလိုင် ၂၂ ရက်တွင် အတည်ပြု သတင်းထုတ်ပြန်သည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာလုသမ္မတအဖြစ် အသွင်ပြောင်းထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ခရီးစဉ်အတွင်း ထိုင်းနိုင်ငံ၊…

မြန်မာနိုင်ငံတွင် နှိမ်နင်းမှုများ ပြုလုပ်နေသော်လည်း လိမ်လည်မှုစင်တာများ “အဆမတန်” ကြီးထွားလာနေ

PSM (News) ဇူလိုင် ၂၂၊၂၀၂၆ မြန်မာနိုင်ငံတွင် နှိမ်နင်းမှုများ ပြုလုပ်နေသော်လည်း အွန်လိုင်းငွေကြေးလိမ်လည်မှုစင်တာများသည် တောနက်ပိုင်းဒေသများသို့ ပြောင်းရွှေ့ကာ “အဆမတန်” ဆက်လက်ကြီးထွားနေကြောင်း ဂြိုဟ်တုဓာတ်ပုံများ၊ နစ်နာသူများ၏ ထွက်ဆိုချက်များနှင့် ဒေသတွင်းစုံစမ်းစစ်ဆေးသူများ၏ ပြောကြားချက်အရ သိရသည်။ မြန်မာနိုင်ငံ၏ နယ်စပ်ဒေသ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ထိန်းချုပ်ရာနယ်မြေအတွင်းရှိ Shunda Park ဟုခေါ်သော တိုက်ခန်းပေါင်းစုံပါဝင်သည့် အဆောက်အအုံကြီးအတွင်းမှ အကြီးစားအွန်လိုင်းလိမ်လည်မှုလုပ်ငန်းတစ်ခုကို တော်လှန်ရေးတပ်ဖွဲ့များက…

ဗီယက်နမ်နိုင်ငံ တောင်ပိုင်းတွင် ဘတ်စ်ကား မီးလောင်မှုဖြစ်ပွားပြီး ခရီးသည် အနည်းဆုံး ၇ ဦး သေဆုံး

PSM (News) ဇူလိုင် ၂၂၊ ၂၀၂၆ ဗီယက်နမ်နိုင်ငံ တောင်ပိုင်းတွင် အင်္ဂါနေ့ (ဇူလိုင် ၂၁ ရက်) နံနက်ပိုင်းက ဘတ်စ်ကားတစ်စီး မီးလောင်ကျွမ်းခဲ့ရာ ခရီးသည် အနည်းဆုံး ၇ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ အဆိုပါ ဘတ်စ်ကားသည် လမ်ဒေါင်းပြည်နယ်မှ စီးပွားရေးမြို့တော် ဟိုချီမင်းမြို့သို့ ခရီးနှင်လာစဉ် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ ဦးဆောင်သည့်…

အိန္ဒိယနိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် ရေကြီးမြေပြိုမှုများကြောင့် လူ ၂၅ ဦးထက်မနည်း သေဆုံး

PSM (News) ဇူလိုင် ၂၂၊၂၀၂၆ အိန္ဒိယနိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမြေပြိုမှုများ ဖြစ်ပွားခဲ့ရာ သီတင်းပတ်ကုန်ရက်များအတွင်း လူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက တနင်္လာနေ့တွင် ပြောကြားခဲ့ပြီး လာမည့်ရက်ပိုင်းများအတွင်း မိုးပိုမိုထပ်မံရွာသွန်းမည်ဟု ခန့်မှန်းထားသည်။ အိန္ဒိယနိုင်ငံ၊ ကက်ရှ်မီးယားဒေသ ပွန်ချ်၊ ရာဂျိုရီ နှင့် ဒိုဒါခရိုင်များအတွင်း မိုးနှင့်ဆက်စပ်ဖြစ်ပွားသော ဖြစ်ရပ်များကြောင့် လူ ၁၅…

You missed