PSM (News) စက်တင်ဘာ ၁၂၊ ၂၀၂၆ မြောက်ကိုရီးယားနိုင်ငံတွင် ကော်ဖီဆိုင်များ၊ ရေပန်းဥယျာဉ်များနှင့် ဇိမ်ခံကုန်တိုက်များ ပေါ်ထွက်လာခြင်းဖြင့် နိုင်ငံတော်က ထိန်းချုပ်ထားသော အပန်းဖြေကွန်ရက်များမှတစ်ဆင့် ပြည်သူများ၏ ငွေကြေးသုံးစွဲမှုကို မြှင့်တင်ကာ စီးပွားရေးကို ထိန်းချုပ်လာကြောင်း သိရသည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် နိုင်ငံတွင်း စားသုံးမှုယဉ်ကျေးမှုကို ဖော်ဆောင်လျက်ရှိပြီး တရုတ်နိုင်ငံမှ တင်သွင်းလာသည့် အနှိပ်ခံကိရိယာပစ္စည်းများ၊ ပြေးစက်များ၊ စန္ဒရားများနှင့် ဘန်ပါကားများ သိသိသာသာ မြင့်တက်လာကြောင်း တရုတ်အကောက်ခွန် အချက်အလက်များအရ သိရှိရသည်။ စီးပွားရေးပညာရှင်များ၏ အဆိုအရ ဤကဲ့သို့ စားသုံးမှုမြှင့်တင်ခြင်းသည် နိုင်ငံသားများ၏ ငွေကြေးများကို နိုင်ငံတော်၏ စီးပွားရေးစနစ်အတွင်းသို့ စုစည်းစေရန်နှင့် အစိုးရ၏ ထိန်းချုပ်မှုကို ပိုမိုအားကောင်းလာစေရန် ရည်ရွယ်သည်။ ထို့အပြင် ယူကရိန်းစစ်ပွဲတွင် စစ်သည်များ စေလွှတ်ခြင်း၊ ကျောက်မီးသွေးတင်ပို့ခြင်းနှင့် ခရစ်တိုငွေကြေး ဟက်ခ်လုပ်ခြင်းတို့မှ ရရှိလာသော ဝင်ငွေများသည် ဤဖျော်ဖြေရေးလုပ်ငန်းများနှင့် ဇိမ်ခံအဆောက်အအုံများကို ရန်ပုံငွေထောက်ပံ့ပေးနေခြင်း ဖြစ်သည်။ သို့သော် ဤစီးပွားရေးတိုးတက်မှုနှင့် စားသုံးမှုအသစ်များတွင် လူတိုင်း မပါဝင်နိုင်ဘဲ အချို့သော ပြည်သူများမှာမူ အခွင့်အလမ်း နည်းပါးနေဆဲဖြစ်ကြောင်း သိရသည်။ ကိုးကား-The Straits Times Post navigation အမေရိကန်-အီရန် စစ်ပွဲအပေါ် နောင်တမရကြောင်း ထရမ့်ပြောကြား ထိုင်းနိုင်ငံ၊ပတ္တယားမြို့ရှိ လမ်းမများ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလွှမ်းမိုးပြီး ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွား