PSM (News)

ဇူလိုင် ၂၂၊ ၂၀၂၆

ဗီယက်နမ်နိုင်ငံ တောင်ပိုင်းတွင် အင်္ဂါနေ့ (ဇူလိုင် ၂၁ ရက်) နံနက်ပိုင်းက ဘတ်စ်ကားတစ်စီး မီးလောင်ကျွမ်းခဲ့ရာ ခရီးသည် အနည်းဆုံး ၇ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

အဆိုပါ ဘတ်စ်ကားသည် လမ်ဒေါင်းပြည်နယ်မှ စီးပွားရေးမြို့တော် ဟိုချီမင်းမြို့သို့ ခရီးနှင်လာစဉ် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ ဦးဆောင်သည့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မီးတောက်များသည် လူ ၂၄ ဆံ့ မော်တော်ယာဉ်ပေါ်သို့ အလွန်လျင်မြန်စွာ ပျံ့နှံ့လောင်ကျွမ်းခဲ့ပြီး အတွင်းဘက်တွင် ပိတ်မိနေခဲ့ကြသော ခရီးသည်များမှာ မီးလောင်မှုဒဏ်ကို ခံခဲ့ကြရသည်။

ရဲတပ်ဖွဲ့က မီးလောင်ရသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီ ဖြစ်သည်။ နိုင်ငံပိုင် မီဒီယာများ၏ ဖော်ပြချက်အရ အခြားခရီးသည် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကိုးကား- Express Tribune

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *