PSM(News) ဇူလိုင် ၂၃၊ ၂၀၂၆ ဖိလစ်ပိုင်နိုင်ငံ၏ မြို့တော်ဖြစ်သော မနီလာမြို့တွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းများ၏ အစည်းအဝေး ကျင်းပနေသည့် ကာလအတွင်း ဆန္ဒပြပွဲများ ဇူလိုင်လ ၂၂ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် ဖြစ်ပွားခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၏ ခရီးစဉ်ကို လုံးဝ လက်မခံကြောင်း ပြသသည့်အနေဖြင့် ဒေသခံဖိလစ်ပိုင်တက်ကြွလှုပ်ရှားသူများက လမ်းမများပေါ်ထွက်ကာ ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြသူများသည် အစည်းအဝေးကျင်းပရာ နေရာအနီးသို့ ချီတက်ရန် ကြိုးပမ်းခဲ့ကြသည်။ ထိုသို့ ချီတက်မှုကို လုံခြုံရေးတပ်ဖွဲ့များက တားဆီးခဲ့ရာမှစ၍ အခြေအနေများ စတင်တင်းမာလာခဲ့သည်။ အဆိုပါ ဆန္ဒပြမှုများသည် အကြိတ်အနယ် ရှိလာခဲ့ပြီး ဖိလစ်ပိုင် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ထိပ်တိုက်ရင်ဆိုင် ပဋိပက္ခများ အဖြစ်သို့ ရောက်ရှိသွားခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့များက လူစုခွဲရန်အတွက် တပ်ဖွဲ့ဝင်အမြောက်အမြား အသုံးပြုခဲ့ရပြီး မြို့တော်အတွင်း လုံခြုံရေးကို အထူးတင်းကျပ်ထားရှိခဲ့သည်။ ကိုးကား-Reuters Post navigation ဗီယက်နမ်နိုင်ငံ တောင်ပိုင်းတွင် ဘတ်စ်ကား မီးလောင်မှုဖြစ်ပွားပြီး ခရီးသည် အနည်းဆုံး ၇ ဦး သေဆုံး အိန္ဒိယနိုင်ငံတွင် ကျောင်းသားဆန္ဒပြပွဲများကြောင့် ဝန်ကြီးချုပ် မိုဒီအတွက် အတိုက်အခံများကို နေရာပေးမိသကဲ့သို့ ဖြစ်လာ