PSM (News) ဇူလိုင် ၂၂၊၂၀၂၆ မြန်မာနိုင်ငံတွင် နှိမ်နင်းမှုများ ပြုလုပ်နေသော်လည်း အွန်လိုင်းငွေကြေးလိမ်လည်မှုစင်တာများသည် တောနက်ပိုင်းဒေသများသို့ ပြောင်းရွှေ့ကာ “အဆမတန်” ဆက်လက်ကြီးထွားနေကြောင်း ဂြိုဟ်တုဓာတ်ပုံများ၊ နစ်နာသူများ၏ ထွက်ဆိုချက်များနှင့် ဒေသတွင်းစုံစမ်းစစ်ဆေးသူများ၏ ပြောကြားချက်အရ သိရသည်။ မြန်မာနိုင်ငံ၏ နယ်စပ်ဒေသ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ထိန်းချုပ်ရာနယ်မြေအတွင်းရှိ Shunda Park ဟုခေါ်သော တိုက်ခန်းပေါင်းစုံပါဝင်သည့် အဆောက်အအုံကြီးအတွင်းမှ အကြီးစားအွန်လိုင်းလိမ်လည်မှုလုပ်ငန်းတစ်ခုကို တော်လှန်ရေးတပ်ဖွဲ့များက မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းနေရာတွင် လူပေါင်း ၃,၀၀၀ ခန့် လုပ်ကိုင်နေကြပြီး လူကုန်ကူးခံရသူများမှာ ရေစပ်အနီး အအေးဒဏ်ကို ဆိုးရွားစွာ ခံစားနေကြရကြောင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Free Burma Rangers ၏ အဆိုအရ သိရသည်။ “သူတို့ရဲ့ ဖြစ်ရပ်တွေကို စတင်ကြားသိရချိန်မှာ အထဲက အလုပ်သမားတွေအပေါ် ဆက်ဆံပုံက ဘယ်လောက်တောင် ရက်စက်ယုတ်မာလဲဆိုတာကို ကျွန်တော်သဘောပေါက်လာခဲ့ပါတယ်” ဟု လုံခြုံရေးအရ အမည်ဝှက်ထားသည့် ကင်မရွန်က ပြောကြားခဲ့သည်။ လွတ်မြောက်လာခဲ့သည့် မလေးရှားနိုင်ငံသား အိုင်ဗင် ကလည်း “လူတွေက လိမ်လည်မှု ပစ်မှတ်တွေကို မမီတော့ဘူးဆိုရင် သံကြိုးတွေနဲ့ ဆွဲချိတ်ခံရပြီး မှောင်မိုက်တဲ့ အခန်းတွေထဲမှာ ထိန်းသိမ်းခံရပါတယ်” ဟု ၎င်း၏ အတွေ့အကြုံကို ပြန်လည်ပြောပြခဲ့သည်။ အဆိုပါစခန်းအတွင်းမှ ဖုန်းများနှင့် ဆင်းမ်ကတ်ထောင်ပေါင်းများစွာအပြင် အချစ်ရေးလိမ်လည်မှု (Romance Scams)ပြုလုပ်နည်း သင်တန်းလက်စွဲစာအုပ်များကိုပါ သိမ်းဆည်းရမိခဲ့သည်။ လုပ်ငန်းများ ပျောက်ကွယ်သွားခြင်းမရှိဘဲ ပုံစံပြောင်းလဲလာခြင်း ထိုင်းနိုင်ငံနှင့် မြန်မာစစ်ကောင်စီတို့က လိမ်လည်မှုစင်တာများကို ဖြိုခွင်းခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သော်လည်း၊ စုံစမ်းစစ်ဆေးသူများကမူ ဤလုပ်ငန်းများသည် ပိတ်သိမ်းသွားခြင်းမရှိဘဲ ပုံစံပြောင်းလဲကာ ပိုမိုခွဲထွက်ပျံ့နှံ့နေကြောင်း ထောက်ပြကြသည်။ နိုင်ငံဖြတ်ကျော် အဖွဲ့အစည်းဆိုင်ရာ ရာဇဝတ်မှုများ တိုက်ဖျက်ရေး ကမ္ဘာ့ဦးဆောင်မှုအဖွဲ့ (Global Initiative Against Transnational Organized Crime) မှ အကြီးတန်း တန်းလေ့လာသုံးသပ်သူ ဂျေဆန် တဝါး က “ပြဿနာက ပျောက်ကွယ်သွားတာ မဟုတ်ပါဘူး၊ ပုံစံပြောင်းလဲသွားတာပါ” ဟု မှတ်ချက်ပြုခဲ့သည်။ ဂြိုဟ်တုဓာတ်ပုံများနှင့် လူ့အခွင့်အရေးအဖွဲ့များ၏ အချက်အလက်များအရ ဤလိမ်လည်မှုစင်တာများသည် ထိုင်းနယ်စပ်အနီးတွင် သတိမထားမိစေရန် ပိုမိုနက်ရှိုင်းသော ဒေသများသို့ ပြောင်းရွှေ့လာကြပြီး၊ ပိုမိုကြမ်းတမ်းသော နှိပ်စက်ညှဉ်းပန်းမှုနည်းလမ်းများကို အသုံးပြုလာကြကြောင်း သိရသည်။ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ရုံးခန်း (UNODC) ၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံအတွင်းရှိ လိမ်လည်မှုစင်တာများတွင် လူပေါင်း အနည်းဆုံး ၁၂၀,၀၀၀ ခန့် ပိတ်မိနေဆဲဖြစ်သည်ဟု ဆိုသည်။ ကိုးကား-ABC Post navigation အာဏာလုစစ်အုပ်စု၏ ထောင်တွင်း ဆေးကုသခွင့် ပိတ်ပင်မှုကြောင့် နိုင်ငံရေးအကျဉ်းသား ၁၄၈ ဦး သေဆုံး