PSM(News) ဇူလိုင် ၂၂၊ ၂၀၂၆ န်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ အာဏာလုစစ်အုပ်စု၏ အင်းစိန်မြို့မ ရဲစခန်း ဂိတ်ကင်းကို ပြင်းအား မြင့်မိုင်းနှင့် လက်ပစ်ဗုံးနှစ်လုံး ပေါင်းစပ်ကာ ဇူလိုင်လ ၂၁ ရက် ညပိုင်းတွင် ထိထိရောက်ရောက် တိုက်ခိုက်ခဲ့ကြောင်း YANGON ARMY -YA အဖွဲ့က ထုတ်ပြန်ထားသည် YA မြို့ပြပြောက်ကျားအဖွဲ့သည် မိုးရွာသွန်းနေချိန် ယမန်နေ့ ဇူလိုင် ၂၁ ရက် ည ၇ နာရီ ၂၅ မိနစ်ခန့်က ရဲစခန်းအတွင်း ဂိတ်ကင်း၌ ရဲစခန်း တပ်ဖွဲ့ဝင်များ ရှိနေစဉ် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အတန်ကြာ ငြိမ်သက်နေရာမှ ပြန်လည်စတင်သည့် ရန်ကုန်မြို့ပြ ပြောက်ကျား စစ်ဆင်ရေးတွင် အာဏာလုစစ်အုပ်စုနှင့် ပတ်သက်သည့် ခရိုနီ ပစ်မှတ်များ၊ အတုအယောင် ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် အယောင်ပြ အစိုးရအဖွဲ့ဝင်များကို အပြင်းအထန် ဆက်လက် တိုက်ခိုက်သွားမည် ဟုလည်း YA အဖွဲ့က ပြည်သူများကိုအသိပေးထားသည်။ ထိုသို့ အင်းစိန်ရဲစခန်း ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ယနေ့ ဇူလိုင် ၂၂ ရက် နံနက်ပိုင်းတွင် အာဏာ လုစစ်အုပ်စုက အင်းစိန်နှင့် ပတ်ဝန်းကျင် လမ်းဆုံလမ်းခွများ၌ လုံခြုံရေး တင်းကျပ်စွာ ချထားကြောင်း သိရသည်။ “ဒီမနက်တော့ အင်းစိန်နဲ့ ပတ်ဝန်းကျင် လမ်းတေါပေါ်မှာ လုံခြုံရေး တင်းကျပ်ထားပါတယ်။ ကားတွေ ဖုန်းတွေအပြင် Deli ပစ္စည်းပို့ဆောင်သူတွေကိုပါ ရှာဖွေ စစ်ဆေးနေတယ်” ဟု အင်းစိန်ဒေသခံတစ်ဦးက PSM ကို ပြောသည်။ အဆိုပါ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သည့် YANGON ARMY အဖွဲ့သည် ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့ပြ ပြောက်ကျား စစ်ဆင်ရေးများ ဆောင်ရွက်ရန် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ Post navigation အာဏာလုသမ္မတ မင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်ရန် ပြင်ဆင်နေပြီး ထိုင်းဝန်ကြီးချုပ် အနုထင်နှင့် ဘန်ကောက်တွင် တွေ့ဆုံမည် နယ်မြေစိုးမိုးနိုင်ခြင်းမရှိသည့် မြို့နယ်များအတွက် အရေးပေါ်အခြေအနေနှင့် စစ်အုပ်ချုပ်ရေးအမိန့် ရက် ၉၀ ထပ်မံတိုးမြှင့်ကြောင်း အာဏာလုစစ်အုပ်စု ထုတ်ပြန်