international news နီပေါ တောင်ပေါ်လမ်းတွင် ဗြိတိန်နိုင်ငံသားတစ်ဦး အပါအဝင် အနည်းဆုံး ၁၉ ဦး သေဆုံး February 24, 2026 Htet Ko PSM(NEWS) ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆ နီပေါနိုင်ငံ အနောက်ပိုင်းတွင် ခရီးသည်အပြည့်တင်ဆောင်လာသောဘတ်စ်ကားတစ်စီး တောင်စောင်းမှ ထိုးကျတိမ်းမှောက်ခဲ့ရာ ဗြိတိန်နိုင်ငံသားတစ်ဦးအပါအဝင် အနည်းဆုံး၁၉ဦး သေဆုံးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ တာဝန်ရှိသူများက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါခရီးသည်တင် ဘတ်စ်ကားသည် ကမ္ဘာလှည့်ခရီးသွားများ အကြားရေပန်းစားသော ပိုခါရာမြို့မှ ထွက်ခွာလာခြင်းဖြစ်ပြီး မြို့တော်ခတ္တမန္ဒူအနောက်ဘက် ၈၀ ကီလိုမီတာအကွာရှိ ဒါဒင်းခရိုင် ဘီနီဂတ် အရောက်တွင် လမ်းပေါ်မှ ပေ…
international news မလေးရှား ဆိုရှယ်မီဒီယာ နာမည်ကြီးသူ ခိုင်ရူလ် အာမင်းသည် ၁၂ နာရီအတွင်း ဒေါ်လာ ၇ သိန်းခွဲဖိုး ရောင်းချပြီး စံချိန်သစ်တင် February 23, 2026 Htet Ko PSM(NEWS) ဖေဖော်ဝါရီ ၂၃၊ ၂၀၂၆ မလေးရှား ဆိုရှယ်မီဒီယာ နာမည်ကြီးသူ ခိုင်ရူလ် အာမင်းသည် ဖေဖော်ဝါရီ ၁၉ ရက်က ပြုလုပ်ခဲ့သော ၁၂နာရီကြာ TikTok Live တွင် ရောင်းအား မလေးရှားရင်းဂစ် ၂.၃ သန်း (အမေရိကန်ဒေါ်လာ ၇ သိန်းခွဲခန့်) ရရှိခဲ့ပြီး မလေးရှား TikTok Shop သမိုင်းတွင် တစ်ရက်အတွင်း…
international news အမေရိကန် တရားရုံးချုပ်၏ အခွန်စည်းကြပ်မှု ဆုံးဖြတ်ချက်အပေါ် တရုတ်နိုင်ငံ သုံးသပ်နေပြီး “ပဋိပက္ခဖြစ်ပွားခြင်းသည် နှစ်ဦးနှစ်ဖက် နစ်နာစေသည်” ဟု ဆို February 23, 2026 Htet Ko PSM(NEWS) ဖေဖော်ဝါရီလ ၂၃ ၊ ၂၀၂၆ အမေရိကန်တရားရုံးချုပ်၏ သွင်းကုန်ခွန်ဆိုင်ရာ ဆုံးဖြတ်ချက်အပေါ် တရုတ်နိုင်ငံက”အဘက်ဘက်မှ သုံးသပ်ချက်များ”ပြုလုပ်နေကြောင်း သိရသည်။ အမေရိကန်အနေဖြင့် ၎င်း၏ကုန်သွယ်ဖက်နိုင်ငံများအပေါ် “တစ်ဦးသဘောဆန္ဒအလျောက် အခွန်စည်းကြပ်မှုများ” ကို ရုပ်သိမ်းရန် တိုက်တွန်းလိုက်ကာ နိုင်ငံနှစ်ခုကြား ပဋိပက္ခဖြစ်ပွားခြင်းသည် “နစ်နာမှု” ရှိစေကြောင်းသတိပေး ပြောကြားလိုက်သည်။ သမ္မတဒေါ်နယ်ထရမ့်က တရုတ်အပါအဝင် နိုင်ငံတကာအပေါ် စည်းကြပ်ထားသည့် သွင်းကုန်ခွန်များကို အမေရိကန်တရားရုံးချုပ်က ပယ်ဖျက်ပေးလိုက်သည်။…
international news အမေရိကန်၏ အခွန်စည်းကြပ်မှုအပြောင်းအလဲများကြောင့် ကုန်သွယ်ရေးသဘောတူညီချက်အပေါ် မဲခွဲဆုံးဖြတ်မှုကို ရွှေ့ဆိုင်းရန် ဥရောပသမဂ္ဂ လွှတ်တော်အမတ် တိုက်တွန်း February 23, 2026 Htet Ko PSM(NEWS) ဖေဖော်ဝါရီ ၂၃၊ ၂၀၂၆ အမေရိကန်နှင့် ဥရောပသမဂ္ဂအကြား ချုပ်ဆိုမည့်ကုန်သွယ်ရေးသဘောတူညီချက်သည် အခြေခံအချက်အလက်နှင့် ဥပဒေကြောင်းအရ ပြောင်းလဲမှုများရှိနေသဖြင့် ယခုသီတင်းပတ်အတွင်း ပြုလုပ်ရန် စီစဉ်ထားသည့် မဲခွဲဆုံးဖြတ်မှုကို ရွှေ့ဆိုင်းရန် ဥရောပသမဂ္ဂ၏ ဝါရင့်လွှတ်တော်အမတ်ဘန်းဒ် လန်းဂါးက တနင်္ဂနွေနေ့တွင် အဆိုပြုလိုက်သည်။ ပြီးခဲ့သည့် သောကြာနေ့တွင် အမေရိကန်တရားရုံးချုပ်က သမ္မတ ဒေါ်နယ် ထရမ့် ၏ ကမ္ဘာလုံးဆိုင်ရာ အခွန်စည်းကြပ်မှုများကို ပယ်ဖျက်ခဲ့သည်။…
international news ထရမ့်၏ ဆေးရုံသင်္ဘောစေလွှတ်မည့် ကမ်းလှမ်းချက်ကို ဂရင်းလန်းဝန်ကြီးချုပ် ပယ်ချ February 23, 2026 Htet Ko PSM(NEWS) ဖေဖော်ဝါရီလ ၂၃၊ ၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က၎င်းသိမ်းပိုက်လိုကြောင်း အကြိမ်ကြိမ်ထုတ်ဖော်ပြောဆိုထားသည့် ဂရင်းလန်း နယ်မြေသို့ ဆေးရုံသင်္ဘောတစ်စင်းစေလွှတ်လိုသည့် အစီအစဉ်အပေါ် ဂရင်းလန်းဝန်ကြီးချုပ် ယန်း-ဖရက်ဒရစ်နေးလ်ဆင်က“အကူအညီအတွက်ကျေးဇူးတင်သော်လည်းမလိုအပ်ပါကြောင်း”တနင်္ဂနွေနေ့တွင် တုံ့ပြန်လိုက်သည်။ ဂရင်းလန်းဆိုင်ရာအထူးသံတမန်လည်းဖြစ်၊ လူဝီစီးယားနား ပြည်နယ်အုပ်ချုပ်ရေးမှူးလည်းဖြစ်သူဂျက်ဖ်လန်းဒရီနှင့်ပူးပေါင်းကာဂရင်းလန်းသို့ဆေးရုံသင်္ဘောစေလွှတ်ရန် စီစဉ်နေကြောင်း ဒေါ်နယ် ထရမ့်က စနေနေ့တွင် လူမှုကွန်ရက်၌ရေးသားခဲ့ခြင်းဖြစ်သည်။ “ဂရင်းလန်းကို အမေရိကန် ဆေးရုံသင်္ဘောတစ်စင်း စေလွှတ်ချင်တဲ့ သမ္မတ ထရမ့်ရဲ့ အကြံစည်ကို…
international news အမေရိကန်နှင့် နျူကလီးယားဆွေးနွေးပွဲများအတွင်း ဖိအားပေးမှုများကို အလျှော့ပေးမည်မဟုတ်ကြောင်း မာဆူးဒ် ပီဇက်ရှ်ကီယန် ပြောကြား February 22, 2026 Htet Ko PSM(NEWS) ဖေဖော်ဝါရီ ၂၂၊ ၂၀၂၆ အမေရိကန်ပြည်ထောင်စုနှင့် နျူကလီးယားဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်နေစဉ်အတွင်း ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ ဖိအားပေးမှုကို မိမိတို့နိုင်ငံအနေဖြင့် အညံခံမည်မဟုတ်ကြောင်း အီရန်သမ္မတ မာဆူးဒ် ပီဇက်ရှ်ကီယန် က စနေနေ့တွင် ပြောကြားလိုက်သည်။ “ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက ကျွန်တော်တို့ကို ခေါင်းငုံ့လာအောင် ဝိုင်းဝန်းဖိအားပေးနေကြပါတယ်။ ဒါပေမဲ့ သူတို့ဘယ်လို အခက်အခဲတွေပဲ ဖန်တီးပါစေ ကျွန်တော်တို့ ခေါင်းငုံ့အညံခံမှာ မဟုတ်ပါဘူး” ဟု…
international news တရုတ်နိုင်ငံအနေဖြင့် အခွန်နှုန်းထားလျှော့ပေါ့မှုကို အကျိုးခံစားခွင့်ရယူပြီး မိမိတို့ဈေးကွက်ကို ကာကွယ်ထား၍မရကြောင်း ဥရောပသမဂ္ဂ (EU) ကုန်သွယ်ရေးအကြီးအကဲ ပြောကြား February 22, 2026 Htet Ko PSM(NEWS) ဖေဖော်ဝါရီ ၂၂၊ ၂၀၂၆ တရုတ်ကုမ္ပဏီများအနေဖြင့် ဥရောပဈေးကွက်အတွင်းသို့ အခွန်နှုန်းထားသက်သာစွာဖြင့် ဝင်ရောက်လိုပါက တရုတ်နိုင်ငံ၏ စီးပွားရေးဈေးကွက်ကိုလည်း ဥရောပလုပ်ငန်းရှင်များအတွက် တန်းတူဖွင့်လှစ်ပေးရမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ ကုန်သွယ်ရေးကော်မရှင်နာ မားရော့စ် ရှက်ဖ်ကိုဗစ်က သောကြာနေ့တွင် ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂ၏ စာရင်းအင်းဌာနဖြစ်သော Eurostat ၏ အဆိုအရ ပြီးခဲ့သည့်နှစ်တွင် ဥရောပနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်မှုလိုငွေမှာ ယူရို ၃၅၉ ဘီလီယံ…
international news အာရှဂုဏ်ဆောင် မင်းသမီးကြီး မီရှဲယိုး လော့စ်အိန်ဂျလိစ်မြို့ ဟောလိဝုဒ်ဂုဏ်ပြုလမ်းမပေါ်တွင် ကြယ်ပွင့်အဖြစ် မှတ်တမ်းတင်ခံရ February 21, 2026 Htet Ko အာရှဂုဏ်ဆောင် မင်းသမီးကြီး မီရှဲယိုး လော့စ်အိန်ဂျလိစ်မြို့ ဟောလိဝုဒ်ဂုဏ်ပြုလမ်းမပေါ်တွင် ကြယ်ပွင့်အဖြစ် မှတ်တမ်းတင်ခံရ PSM(NEWS) ဖေဖော်ဝါရီ ၂၁၊ ၂၀၂၆ မလေးရှားနိုင်ငံသူ နာမည်ကျော်မင်းသမီးကြီး မီရှဲယိုးသည် အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ် မြို့ရှိ ကမ္ဘာကျော် ဟောလိဝုဒ် ဂုဏ်ပြုလမ်းမ (Hollywood Walk of Fame) ပေါ်တွင် သူမ၏ အမည်ဖြင့် ကြယ်ပွင့်အဖြစ် ဂုဏ်ပြုခြင်း…
international news ရန်ပုံငွေအခက်အခဲကြောင့် ဆိုမာလီယာနိုင်ငံရှိ စားနပ်ရိက္ခာအကူအညီများ ရက်သတ္တပတ်အနည်းငယ်အတွင်း ရပ်တန့်သွားနိုင်ကြောင်း WFP သတိပေး February 21, 2026 Htet Ko ရန်ပုံငွေအခက်အခဲကြောင့် ဆိုမာလီယာနိုင်ငံရှိ စားနပ်ရိက္ခာအကူအညီများ ရက်သတ္တပတ်အနည်းငယ်အတွင်း ရပ်တန့်သွားနိုင်ကြောင်း WFP သတိပေး PSM(NEWS) ဖေဖော်ဝါရီလ ၂၁ ၊ ၂၀၂၆ ဆိုမာလီယာနိုင်ငံတွင် ဆောင်ရွက်နေသော အသက်ကယ်စားနပ်ရိက္ခာနှင့် အာဟာရဆိုင်ရာ ကူညီထောက်ပံ့မှုများသည် ရန်ပုံငွေအသစ် ထပ်မံမရရှိပါက လာမည့် ဧပြီလတွင် အပြီးတိုင်ရပ်တန့်သွားနိုင်ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သောကြာနေ့တွင် ပြောကြားလိုက်သည်။ ယင်းအခြေအနေကြောင့် လူသန်းပေါင်းများစွာသည်…
international news အမေရိကန်တရားရုံးချုပ် သမ္မတ ထရန့်၏ တစ်ကမ္ဘာလုံးဆိုင်ရာ သွင်းကုန်ခွန်များကို ပယ်ချ February 21, 2026 Htet Ko အမေရိကန်တရားရုံးချုပ် သမ္မတ ထရန့်၏ တစ်ကမ္ဘာလုံးဆိုင်ရာ သွင်းကုန်ခွန်များကို ပယ်ချ PSM(NEWS) ဖေဖော်ဝါရီလ ၂၁၊ ၂၀၂၆ အမေရိကန်တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရန့် တွင် တစ်ကမ္ဘာလုံးဆိုင်ရာ သွင်းကုန်ခွန်များ ချမှတ်ရန် လုပ်ပိုင်ခွင့်အာဏာ မရှိကြောင်း မဲခွဲဆုံးဖြတ်ကာ ၎င်း၏ စီးပွားရေးမူဝါဒ အဓိကမဏ္ဍိုင်တစ်ခုကို ပယ်ဖျက်လိုက်သည်။ တရားသူကြီး ၆ ဦးက ထောက်ခံပြီး ၃ ဦးက…