PSM(NEWS) ဖေဖော်ဝါရီ ၂၂၊ ၂၀၂၆ အမေရိကန်ပြည်ထောင်စုနှင့် နျူကလီးယားဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်နေစဉ်အတွင်း ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ ဖိအားပေးမှုကို မိမိတို့နိုင်ငံအနေဖြင့် အညံခံမည်မဟုတ်ကြောင်း အီရန်သမ္မတ မာဆူးဒ် ပီဇက်ရှ်ကီယန် က စနေနေ့တွင် ပြောကြားလိုက်သည်။ “ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက ကျွန်တော်တို့ကို ခေါင်းငုံ့လာအောင် ဝိုင်းဝန်းဖိအားပေးနေကြပါတယ်။ ဒါပေမဲ့ သူတို့ဘယ်လို အခက်အခဲတွေပဲ ဖန်တီးပါစေ ကျွန်တော်တို့ ခေါင်းငုံ့အညံခံမှာ မဟုတ်ပါဘူး” ဟု သမ္မတ မာဆူးဒ် ပီဇက်ရှ်ကီယန် က နိုင်ငံပိုင်ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်သည့် မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။ ကိုးကား Reuters #အမေရိကန် #နျူကလီးယားဆွေးနွေးပွဲ #ဖိအားပေးမှု #PSM_News Post navigation တရုတ်နိုင်ငံအနေဖြင့် အခွန်နှုန်းထားလျှော့ပေါ့မှုကို အကျိုးခံစားခွင့်ရယူပြီး မိမိတို့ဈေးကွက်ကို ကာကွယ်ထား၍မရကြောင်း ဥရောပသမဂ္ဂ (EU) ကုန်သွယ်ရေးအကြီးအကဲ ပြောကြား ထရမ့်၏ ဆေးရုံသင်္ဘောစေလွှတ်မည့် ကမ်းလှမ်းချက်ကို ဂရင်းလန်းဝန်ကြီးချုပ် ပယ်ချ