အမေရိကန်တရားရုံးချုပ် သမ္မတ ထရန့်၏ တစ်ကမ္ဘာလုံးဆိုင်ရာ သွင်းကုန်ခွန်များကို ပယ်ချ PSM(NEWS) ဖေဖော်ဝါရီလ ၂၁၊ ၂၀၂၆ အမေရိကန်တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရန့် တွင် တစ်ကမ္ဘာလုံးဆိုင်ရာ သွင်းကုန်ခွန်များ ချမှတ်ရန် လုပ်ပိုင်ခွင့်အာဏာ မရှိကြောင်း မဲခွဲဆုံးဖြတ်ကာ ၎င်း၏ စီးပွားရေးမူဝါဒ အဓိကမဏ္ဍိုင်တစ်ခုကို ပယ်ဖျက်လိုက်သည်။ တရားသူကြီး ၆ ဦးက ထောက်ခံပြီး ၃ ဦးက ကန့်ကွက်ကာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ တရားသူကြီးချုပ် ဂျွန်ရောဘတ်စ် က ဦးဆောင်ရေးသားသည့် အဆိုပါ ဆုံးဖြတ်ချက်တွင် ထရန့် ခန့်အပ်ခဲ့သော တရားသူကြီးနှစ်ဦးဖြစ်သည့် နေးလ်ဂေါဆပ် နှင့် အေမီကိုနီဘားရက် တို့လည်း ပါဝင်ခဲ့သည်။ ကိုးကား AP #တရားရုံးချုပ် #သွင်းကုန်ခွန် #ပယ်ချ #အမေရိကန် #ဒေါ်နယ်ထရန့် #PSM_News Post navigation ကလေးငယ်များ အိပ်ရာထဲတွင် ဗုံးကြဲခံနေရပြီး ဘုရားကျောင်းများကို စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်နေခြင်းသည် စနစ်တကျ ကျူးလွန်သည့် နိုင်ငံတော်အဆင့် အကြမ်းဖက်မှုဟု CHRO ပြော ရန်ပုံငွေအခက်အခဲကြောင့် ဆိုမာလီယာနိုင်ငံရှိ စားနပ်ရိက္ခာအကူအညီများ ရက်သတ္တပတ်အနည်းငယ်အတွင်း ရပ်တန့်သွားနိုင်ကြောင်း WFP သတိပေး