PSM(NEWS) ဖေဖော်ဝါရီ ၂၃၊ ၂၀၂၆ မလေးရှား ဆိုရှယ်မီဒီယာ နာမည်ကြီးသူ ခိုင်ရူလ် အာမင်းသည် ဖေဖော်ဝါရီ ၁၉ ရက်က ပြုလုပ်ခဲ့သော ၁၂နာရီကြာ TikTok Live တွင် ရောင်းအား မလေးရှားရင်းဂစ် ၂.၃ သန်း (အမေရိကန်ဒေါ်လာ ၇ သိန်းခွဲခန့်) ရရှိခဲ့ပြီး မလေးရှား TikTok Shop သမိုင်းတွင် တစ်ရက်အတွင်း အရောင်းရဆုံး စံချိန်သစ်ကို တင်နိုင်ခဲ့သည်။ အဆိုပါ Live အစီအစဉ်ကို ကြည့်ရှုသူ ၅.၄၂ သန်း ရှိခဲ့ပြီး၊ ၎င်း၏ နာမည်ကျော် တံဆိပ်များဖြစ်သော Sambal Nyet Berapi ငရုတ်သီးကြော်၊ အသင့်စား အမဲသားခြောက်စပ်နှင့်အုန်းနို့အမဲသားချက် ပစ္စည်းပေါင်း ၅၁,၇၁၀ ကျော်ကို ရောင်းချနိုင်ခဲ့သည်။ ၎င်းသည် ၂၀၂၅ ခုနှစ်ကလည်း TikTok Live စတင်ပြီး ၁၉ စက္ကန့်အတွင်း ရောင်းအား ရင်းဂစ် ၁ သန်း ပြည့်အောင် စွမ်းဆောင်နိုင်ခဲ့သဖြင့် မလေးရှားစံချိန်မှတ်တမ်းတွင် အမြန်ဆုံးအရောင်းစံချိန်ရှင်အဖြစ် စာရင်းဝင်ခဲ့ဖူးသည်။ ၂၀၂၁ ခုနှစ်တွင် စတင်ရောင်းချခဲ့သော ၎င်း၏ ငရုတ်သီးကြော်လုပ်ငန်းသည် အလွန်အောင်မြင်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ပုလင်းပေါင်း တစ်သန်းကျော် ရောင်းချခဲ့ရသည်။ လက်ရှိတွင် ၎င်းသည် ကိုယ်ပိုင်စက်ရုံ နှစ်ရုံနှင့် စားသောက်ဆိုင်တစ်ဆိုင်ကိုပါ ဖွင့်လှစ်ထားနိုင်ပြီ ဖြစ်သည်။ ကိုးကား Reuters #မလေးရှား #စံချိန်သစ် #စားသောက်ဆိုင် #ခိုင်ရူလ်အာမင်း #PSM_News Post navigation အမေရိကန် တရားရုံးချုပ်၏ အခွန်စည်းကြပ်မှု ဆုံးဖြတ်ချက်အပေါ် တရုတ်နိုင်ငံ သုံးသပ်နေပြီး “ပဋိပက္ခဖြစ်ပွားခြင်းသည် နှစ်ဦးနှစ်ဖက် နစ်နာစေသည်” ဟု ဆို နီပေါ တောင်ပေါ်လမ်းတွင် ဗြိတိန်နိုင်ငံသားတစ်ဦး အပါအဝင် အနည်းဆုံး ၁၉ ဦး သေဆုံး