PSM(NEWS) ဖေဖော်ဝါရီ ၂၆၊ ၂၀၂၆ ဂူဂဲလ် ကုမ္ပဏီသည် နိုင်ငံပေါင်း ၄၂ နိုင်ငံရှိ အဖွဲ့အစည်း၅၃ခုကိုထိုးဖောက်တိုက်ခိုက်ခဲ့သည့် “UNC2814” (သို့မဟုတ်) “Gallium” အမည်ရှိ တရုတ်အခြေစိုက်ဟက်ကာအဖွဲ့၏ လုပ်ဆောင်ချက်များကို ဖြတ်တောက်ဟန့်တားနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါအဖွဲ့သည် အစိုးရဌာနများနှင့် ဆက်သွယ်ရေးကုမ္ပဏီများကို ဆယ်စုနှစ်တစ်ခုနီးပါးကြာအောင် ပစ်မှတ်ထား ထောက်လှမ်းခဲ့ခြင်းဖြစ်သည်။ ထို့အပြင် စစ်ဆေးတွေ့ရှိမှုမှ ရှောင်လွှဲနိုင်ရန် Google Sheets ကို အသုံးချ၍ ဒေတာများ ခိုးယူခဲ့ခြင်းဖြစ်သည်။ ထိခိုက်မှုအနေဖြင့် လူပုဂ္ဂိုလ်များ၏ အမည်၊ ဖုန်းနံပါတ်၊မွေးသက္ကရာဇ်နှင့်အမျိုးသားမှတ်ပုံတင်နံပါတ်များ ပါဝင်သည့် စနစ်များကို ထိုးဖောက်ခံခဲ့သည်။ ဂူဂဲလ် က ၎င်းတို့ထိန်းချုပ်ထားသော Cloud ပရောဂျက်များနှင့် အကောင့်များကို ပိတ်သိမ်းခဲ့ေကြာင်းသိရသည်။ တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူ လျူဖန်ယု ကမူ ယခုစွပ်စွဲချက်သည် တရုတ်နိုင်ငံအား နာမည်ဖျက်ရန် ကြိုးပမ်းမှုသာဖြစ်ကြောင်း ငြင်းဆိုထားသည်။ ကိုးကား Reuters #တရုတ်ဟက်ကာ #နိုင်ငံပေါင်း_၄၂_နိုင်ငံ #တိုက်ခိုက်ခံရ #Google_ဟန့်တား #PSM_News Post navigation ခေတ်သစ်ခြိမ်းခြောက်မှုများ ရင်ဆိုင်ရေးအတွက် ထိုင်း–အမေရိကန် ပူးတွဲ (၄၅) ကြိမ်မြောက် Cobra Gold 2026 စစ်ရေးလေ့ကျင့်မှု စတင် ယူကရိန်းစစ်ပွဲ ၄ နှစ်ပြည့်ကာလအတွင်း ရုရှား၏ နျူကလီးယား စွပ်စွဲချက်ကို ဗြိတိန်ပယ်ချ