PSM(NEWS) ဖေဖော်ဝါရီ ၂၈၊ ၂၀၂၆ အီရန်နိုင်ငံတွင် ဇန်နဝါရီလကဖြစ်ပွားခဲ့သော လူထုဆန္ဒပြမှုများနှင့်ဆက်စပ်ပြီးပထမဆုံးအကြိမ်အဖြစ် သေဒဏ်ချမှတ်ခဲ့ပြီးနောက်၊ နောက်ထပ်လူဒါဇင်နှင့်ချီ၍သေဒဏ်ပေးခံရမည့်အန္တရာယ်ရှိနေကြောင်းကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးဗိုကာတာ့ခ်က သတိပေးလိုက်သည်။ ဂျီနီဗာမြို့ရှိကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် ပြောကြားသောမိန့်ခွန်း၌ ၎င်းက အီရန်တွင်သေဒဏ်ပေးမှုများကိုချက်ချင်းရပ်ဆိုင်းရန် တောင်းဆိုခဲ့သည်။ “ဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီး အနည်းဆုံး လူရှစ်ယောက်၊အဲဒီထဲမှာကလေးနှစ်ယောက်လည်းပါဝင်ပါတယ်၊သူတို့ကိုသေဒဏ်ချမှတ်ထားတယ်ဆိုတဲ့သတင်းတွေကြောင့်ကျွန်တော် ထိတ်လန့်မိပါတယ်” ဟု တာ့ခ် က ပြောကြားခဲ့ပြီး၊ အခြားလူ ၃၀ ခန့်မှာလည်း သေဒဏ်ချမှတ်ခံရမည့်အန္တရာယ်ရှိနေကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ တဟီရန်မြို့ရှိတော်လှန်ရေးတရားရုံးတစ်ခုမှ “ဘုရားသခင်ကိုရန်မူခြင်း”စွဲချက်ဖြင့်အီရန်အမျိုးသားတစ်ဦးကိုသေဒဏ်ချမှတ်ခဲ့ကြောင်း၊ယင်းပြစ်ဒဏ်ကိုအတည်ပြုပါကယခုနှစ်ဆန်းပိုင်းတွင် ဖြစ်ပွားခဲ့သော ဆန္ဒပြမှုများနှင့် ဆက်စပ်သည့်ပထမဆုံးသေဒဏ်ဖြစ်လာမည်ဖြစ်ကြောင်းသတင်းရင်းမြစ်များကဆိုသည်။ လူ့အခွင့်အရေးအဖွဲ့များ၏အဆိုအရ၊ ၁၉၇၉ ခုနှစ်အစ္စလာမ္မစ်တော်လှန်ရေးနောက်ပိုင်းအီရန်တွင်အဆိုးရွားဆုံးဖြစ်ပွားသောပြည်တွင်းမတည်ငြိမ်မှုများအတွင်းဆန္ဒပြသူများကိုဖြိုခွင်းရာ၌လူထောင်ပေါင်းများစွာသေဆုံးခဲ့သည်။ ယင်းဖြစ်စဉ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကအီရန်အနေဖြင့်သေဒဏ်ပေးမှုများလုပ်ဆောင်ပါကစစ်ရေးအရအရေးယူမည်ဟု သတိပေးထားသည်။ ထို့အပြင် တာ့ခ် က ဒေသတွင်း စစ်ရေးအရ ပိုမိုတင်းမာလာနိုင်သည့်အပေါ်စိုးရိမ်ကြောင်းနှင့်သင့်လျော်မျှတသောဆုံးဖြတ်ချက်များဖြစ်လာရန်မျှော်လင့်ကြောင်းပြောကြားခဲ့သည်။ ကိုးကား Reuters #PSM_News #သတိပေး #ကုလသမဂ္ဂလူ့အခွင့်အရေး #သေဒဏ် #ဆန္ဒပြ #အီရန် Post navigation ဂျာမနီလွှတ်တော်က တိုက်ခိုက်ရေးဒရုန်းဝယ်ယူမည့် သဘောတူညီချက်ကို အတည်ပြု အမေရိကန်အစိုးရက နိုင်ငံတွင်း ဝင်ရောက်ခွင့်ရပြီးသား ဒုက္ခသည်များကို ဖမ်းဆီးစစ်ဆေးနေ