international news အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် LNG ဓာတ်ငွေ့တင် သင်္ဘောများ အာရှသို့ ဦးတည်ပြောင်းလဲလာ March 7, 2026 Htet Ko PSM(NEWS) မတ် ၇၊ ၂၀၂၆ အရှေ့အလယ်ပိုင်း၌ ဖြစ်ပွားနေသော စစ်ပွဲကြောင့် ဟော်မုဇ်ရေလက်ကြားတွင် သင်္ဘောသွားလာမှုများ ရပ်တန့်သွားပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး ဓာတ်ငွေ့ရောင်းချသူ ဖြစ်သည့် ကာတာနိုင်ငံ၏ ထောက်ပံ့မှုများ ပြတ်တောက်သွားခဲ့သည်။ ထိုအခြေအနေကြောင့် အာရှနိုင်ငံများတွင် ဓာတ်ငွေ့ရှားပါးမှုနှင့် ကြုံတွေ့နေရပြီး အစားထိုး ဓာတ်ငွေ့များ ရရှိရန်အတွက် အလုအယက် ရှာဖွေနေကြသည်။ ဥရောပသို့ ဦးတည်မောင်းနှင်နေသော LNG သင်္ဘောအချို့မှာ အာရှဈေးကွက်၏…
international news အီရန်နိုင်ငံအနေဖြင့် “ခြွင်းချက်မရှိ လက်နက်ချခြင်း” မရှိပါက မည်သည့်ဆွေးနွေးမှုမှ ပြုလုပ်မည်မဟုတ်ဟု ဒေါ်နယ်ထရမ့် အတိအလင်း ပြောကြား March 7, 2026 Htet Ko PSM(NEWS) မတ် ၇ ၊ ၂၀၂၆ အရှေ့အလယ်ပိုင်း၌ စစ်ပွဲဖြစ်ပွားသည့် (၇) ရက်မြောက်နေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအနေဖြင့် “ခြွင်းချက်မရှိ လက်နက်ချခြင်း” မရှိပါက မည်သည့် ဆွေးနွေးမှုမှ ပြုလုပ်မည် မဟုတ်ကြောင်း အတိအလင်း ပြောကြားလိုက်သည်။ လက်ရှိတွင် အစ္စရေးနှင့် အမေရိကန်တပ်ဖွဲ့များက အီရန်၏ စစ်ရေးစွမ်းရည်နှင့် ခေါင်းဆောင်မှုများကို ပစ်မှတ်ထား၍ အပြင်းအထန် တိုက်ခိုက်လျက်ရှိသည်။…
international news အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီး ခရစ္စတီနမ် ရာထူးမှထုတ်ပယ်ခံရ March 6, 2026 Htet Ko PSM(NEWS) မတ် ၆၊ ၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အမိမြေလုံခြုံရေးဝန်ကြီးဌာန (DHS) ၏ ဝန်ကြီး ခရစ္စတီနမ်ကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း ကြာသပတေးနေ့က ကြေညာခဲ့သည်။ သူမ၏ ရာထူးသက်တမ်းမှာ မတ်လ၃၁ရက်နေ့တွင် အဆုံးသတ်မည် ဖြစ်သည်။ ခရစ္စတီနမ်အား အနောက်ကမ္ဘာလုံးခြမ်း လုံခြုံရေးအစီအစဉ်သစ်တွင် အထူးသံတမန်အဖြစ် ပြန်လည်ခန့်အပ်မည်ဟု သမ္မတကဆိုသည်။ သူမ၏နေရာတွင် အိုကလာဟိုးမားပြည်နယ်မှ အထက်လွှတ်တော်အမတ် မာ့ခ်ဝိန်းမူလင်…
international news ကယ်လီဖိုးနီးယားတွင် ဘရစ်တနီ စပီးယားစ် အရက်မူးပြီး ကားမောင်းမှုဖြင့် ဖမ်းဆီးခံရ March 6, 2026 Htet Ko PSM(NEWS) မတ် ၆၊ ၂၀၂၆ ကမ္ဘာကျော် အဆိုတော် ဘရစ်တနီ စပီးယားစ် သည် ကယ်လီဖိုးနီးယားပြည်နယ်တွင် အရက် သို့မဟုတ် မူးယစ်ဆေးဝါး သုံးစွဲပြီး ကားမောင်းမှု (Driving Under the Influence, DUI) သံသယဖြင့် ဖမ်းဆီးခြင်း ခံခဲ့ရသည်။ အသက်၄၄ နှစ် အရွယ်ရှိ ဘရစ်တနီ စပီးယားစ် ကို ဗုဒ္ဓဟူးနေ့ညပိုင်းက…
international news ထိုင်းလူဝင်မှုကြီးကြပ်ရေး အချုပ်ခန်းတွင် တရုတ်နိုင်ငံသားများအတွက် တစ်လ ဘတ် ၂ သိန်းတန် “VIP အခန်း” များရှိဟု တိုင်ကြား March 6, 2026 Htet Ko PSM (NEWS) မတ် ၆၊ ၂၀၂၆ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးအချုပ်ခန်းတစ်ခုအတွင်း တရုတ်နိုင်ငံသား အချုပ်သားများအတွက် တစ်လလျှင် ဘတ် ၂ သိန်းခန့် ပေးဆောင်ရသော “VIP အခန်း” များ စီစဉ်ပေးထားကြောင်း စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့သည်။ ရာဇဝတ်မှုဖြစ်သူများ ကူညီစောင့်ရှောက်ရေးအသင်း (Crime Victims Assistance Club) ၏ ဥက္ကဋ္ဌ အစ္စရိယ ရောင်ရတနာပုန်း…
international news ဟော်မုဇ်ရေလက်ကြား ရေနံတင်ပို့မှု အခက်အခဲကြောင့် အာရှရေနံချက်လုပ်မှု အမြတ်အစွန်း ၄ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိ March 6, 2026 Htet Ko PSM (NEWS) မတ် ၆၊ ၂၀၂၆ အီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောလိုင်းများကို ခြိမ်းခြောက်မှုများ မြင့်တက်လာခြင်းကြောင့် ရေနံစိမ်း စီးဆင်းမှုများ ပြတ်တောက်လာပြီး ရေနံချက်စက်ရုံများ လည်ပတ်မှု လျှော့ချလာရသဖြင့် အာရှဒေသ၏ ရေနံချက်လုပ်မှု အမြတ်အစွန်းသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအဆင့်သို့ မြင့်တက်လာကြောင်း စျေးကွက်အချက်အလက်များနှင့် လေ့လာဆန်းစစ်သူများက ပြောကြားသည်။ အမေရိကန်နှင့် အီရန်ကြား စစ်ရေးတင်းမာမှုများ၏ နောက်ဆက်တွဲ…
international news Google Gemini AI Chatbot ကြောင့် မိမိကိုယ်ကိုယ်သေကြောင်းကြံစည်မှု ဖြစ်ပွားခဲ့သည်ဟုဆိုကာ ဖလော်ရီဒါ မိသားစုက Google ကို တရားစွဲ March 5, 2026 Htet Ko PSM (NEWS) မတ် ၅၊ ၂၀၂၆ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်ရှိ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့မှုနှင့်ပတ်သက်၍ ၎င်း၏ မိသားစုက Google ကုမ္ပဏီကို ဗုဒ္ဓဟူးနေ့တွင် တရားစွဲဆိုလိုက်သည်။ Google ၏ Gemini AI chatbot သည် အဆိုပါအမျိုးသားအား အပတ်ပေါင်းများစွာကြာ စိတ်ကူးယဉ်ဆန်သော လှည့်ဖြားမှုများဖြင့် ဖျောင်းဖျနားချခဲ့ပြီး နောက်ဆုံးတွင် သေကြောင်းကြံစည်ရန် အားပေးကူညီခဲ့ကြောင်း…
international news အီရန်၏ လက်တုံ့ပြန်မှုများကြောင့် အမေရိကန်က ပါကစ္စတန်အပါအဝင် နိုင်ငံလေးခုမှ သံတမန်ဝန်ထမ်းများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း March 5, 2026 Htet Ko PSM(NEWS) မတ် ၅ ၊ ၂၀၂၆ အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများအပြီး အီရန် ဘက်မှ လက်တုံ့ပြန်မှုများ တိုးမြှင့်လာခြင်းကြောင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ စိုးရိမ်ရသည့် အခြေအနေများရှိနေသဖြင့် နိုင်ငံလေးခုရှိ သံရုံးနှင့် ကောင်စစ်ဝန်ရုံးများမှ ဝန်ထမ်းအချို့အား ရာထူးနေရာများမှ ထွက်ခွာရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် အမိန့်ထုတ်ပြန်လိုက်သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ပါကစ္စတန်၊ ဆိုက်ပရပ်စ်၊ အိုမန်နှင့်…
international news အယာတိုလာ အလီခါမေနီ၏ သားဖြစ်သူ ဖခင်၏ ရာထူးကို ဆက်ခံရန် ရှိနေ March 5, 2026 Htet Ko PSM(NEWS) မတ် ၅ ၊ ၂၀၂၆ အသက် ၅၆ နှစ် အရွယ်ရှိ မူဂျတာဘာခါမေနီသည် ၎င်း၏ ဖခင်ဖြစ်သူကဲ့သို့ပင် အီရန်နိုင်ငံကိုဆက်လက် ဦးဆောင်သွားဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြသည်။ အီရန်၏ ခေါင်းဆောင်ကြီးအယာတိုလာ အလီခါမေနီ၏ နေရာတွင် အစားထိုးရန်အတွက် ၎င်း၏ ဒုတိယမြောက်သားဖြစ်သူ မူဂျတာဘာခါမေနီမှာ အလားအလာ အကောင်းဆုံး ကိုယ်စားလှယ်လောင်း ဖြစ်လာကြောင်း သိရသည်။…
international news စစ်ပွဲရပ်တန့်ရန် အီရန် ထောက်လှမ်းရေးများက CIA နှင့် ဆွေးနွေးလိုသည့်အရိပ်အယောင်ပြနေ March 5, 2026 Htet Ko PSM(NEWS) မတ် ၅ ၊ ၂၀၂၆ အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA)) နှင့် တွေ့ဆုံကာ လက်ရှိဖြစ်ပွားနေသော စစ်ပွဲအား အဆုံးသတ်ရန် ဆွေးနွေးဖို့ အီရန်ထောက်လှမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက အရိပ်အယောင် ပြသခဲ့ကြောင်း သိရသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ The New York Times သတင်းစာက ဖော်ပြခဲ့သည်။…