PSM(NEWS) မတ် ၆၊ ၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အမိမြေလုံခြုံရေးဝန်ကြီးဌာန (DHS) ၏ ဝန်ကြီး ခရစ္စတီနမ်ကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း ကြာသပတေးနေ့က ကြေညာခဲ့သည်။ သူမ၏ ရာထူးသက်တမ်းမှာ မတ်လ၃၁ရက်နေ့တွင် အဆုံးသတ်မည် ဖြစ်သည်။ ခရစ္စတီနမ်အား အနောက်ကမ္ဘာလုံးခြမ်း လုံခြုံရေးအစီအစဉ်သစ်တွင် အထူးသံတမန်အဖြစ် ပြန်လည်ခန့်အပ်မည်ဟု သမ္မတကဆိုသည်။ သူမ၏နေရာတွင် အိုကလာဟိုးမားပြည်နယ်မှ အထက်လွှတ်တော်အမတ် မာ့ခ်ဝိန်းမူလင် ကို အစားထိုးရန် အမည်စာရင်း တင်သွင်းထားသည်။ ဝန်ကြီးဌာနအတွင်း ဘတ်ဂျက်သုံးစွဲမှုဆိုင်ရာ အငြင်းပွားဖွယ်ရာများ၊ လွှတ်တော်တွင်း စစ်ဆေးမေးမြန်းမှုများနှင့် မူဝါဒပိုင်းဆိုင်ရာ ဖိအားများကြောင့် ယခုကဲ့သို့ အပြောင်းအလဲ လုပ်ခြင်း ဖြစ်သည်။ ခရစ္စတီနမ်သည် ပြီးခဲ့သည့် ၁၃ လတာကာလအတွင်း ရွှေ့ပြောင်း နေထိုင်သူများအားအစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးသည့် လုပ်ငန်းစဉ်များကို ဦးဆောင်ခဲ့သူ ဖြစ်သည်။ ကိုးကား The Independent #ဒေါ်နယ်ထရမ့် #ခရစ္စတီနမ် #အမိမြေလုံခြုံရေးဝန်ကြီး #ရာထူးမှထုတ်ပယ် #PSM_News Post navigation ကယ်လီဖိုးနီးယားတွင် ဘရစ်တနီ စပီးယားစ် အရက်မူးပြီး ကားမောင်းမှုဖြင့် ဖမ်းဆီးခံရ အီရန်နိုင်ငံအနေဖြင့် “ခြွင်းချက်မရှိ လက်နက်ချခြင်း” မရှိပါက မည်သည့်ဆွေးနွေးမှုမှ ပြုလုပ်မည်မဟုတ်ဟု ဒေါ်နယ်ထရမ့် အတိအလင်း ပြောကြား