PSM(NEWS) မတ် ၅ ၊ ၂၀၂၆ အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA)) နှင့် တွေ့ဆုံကာ လက်ရှိဖြစ်ပွားနေသော စစ်ပွဲအား အဆုံးသတ်ရန် ဆွေးနွေးဖို့ အီရန်ထောက်လှမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက အရိပ်အယောင် ပြသခဲ့ကြောင်း သိရသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ The New York Times သတင်းစာက ဖော်ပြခဲ့သည်။ အမည်မဖော်လိုသည့် နိုင်ငံတစ်ခု၏ ထောက်လှမ်းရေး အဖွဲ့မှတစ်ဆင့်ယခုကဲ့သို့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အရှေ့အလယ်ပိုင်းနှင့် အနောက်နိုင်ငံများမှ အရာရှိများကို ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။ သို့သော်လည်း အဆိုပါကိစ္စနှင့် ပတ်သက်၍ အိမ်ဖြူတော်နှင့် CIA တို့ဘက်မှ တစ်စုံတစ်ရာ ချက်ချင်းတုံ့ပြန်ခြင်း မရှိသေးပေ။ အီရန်ဘက်မှ ဆွေးနွေးလိုသည့် အချက်ပြမှုများ ရှိနေသော်လည်း ဝါရှင်တန်ရှိ တာဝန်ရှိသူများကမူ ယင်းအပေါ် သံသယရှိနေကြသည်။ အီရန် သို့မဟုတ် ဒေါ်နယ်ထရမ့် အစိုးရအနေဖြင့် လက်ရှိပဋိပက္ခမှ အမှန်တကယ် ဆုတ်ခွာရန်အသင့်ဖြစ်၊ မဖြစ်ကို အရာရှိများက သံသယရှိနေကြသည်။ အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံအတွင်းရှိ ပစ်မှတ်များကို ပူးတွဲစစ်ဆင်ရေး ပြုလုပ်ပြီးနောက်၊ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်ကြီးက အမေရိကန်နှင့် ဆွေးနွေးပွဲပြုလုပ်ရန် အစီအစဉ် မရှိကြောင်း အင်္ဂါနေ့က ပြောကြားခဲ့သည်။ အင်္ဂါနေ့က သမ္မတဒေါ်နယ်ထရမ့် ပြောကြားရာတွင် တီဟီရန်အစိုးရက ဆွေးနွေးလိုသော်လည်း အမေရိကန်၏ စစ်ရေးစစ်ဆင်ရေးများ ဆက်လက်ရှိနေခြင်းကြောင့် အချိန်နှောင်းသွားပြီဖြစ်ကြောင်း ဆိုခဲ့သည်။ ကိုးကား Reuters #စစ်ပွဲရပ်တန့်ရန် #အမေရိကန် #အီရန် #ထောက်လှမ်းရေးအေဂျင်စီ #PSM_News Post navigation ဆော်ဒီအာရေဗျ၏ လုံခြုံရေးကို ကာကွယ်ရန် လိုအပ်သည့် အစီအမံအားလုံး လုပ်ဆောင်သွားမည်ဟု အစိုးရအဖွဲ့ ထုတ်ပြန် အယာတိုလာ အလီခါမေနီ၏ သားဖြစ်သူ ဖခင်၏ ရာထူးကို ဆက်ခံရန် ရှိနေ