PSM(NEWS) မတ် ၆၊ ၂၀၂၆ ကမ္ဘာကျော် အဆိုတော် ဘရစ်တနီ စပီးယားစ် သည် ကယ်လီဖိုးနီးယားပြည်နယ်တွင် အရက် သို့မဟုတ် မူးယစ်ဆေးဝါး သုံးစွဲပြီး ကားမောင်းမှု (Driving Under the Influence, DUI) သံသယဖြင့် ဖမ်းဆီးခြင်း ခံခဲ့ရသည်။ အသက်၄၄ နှစ် အရွယ်ရှိ ဘရစ်တနီ စပီးယားစ် ကို ဗုဒ္ဓဟူးနေ့ညပိုင်းက ကယ်လီဖိုးနီးယားပြည်နယ်အဝေးပြေး လမ်းမကြီး ရဲတပ်ဖွဲ့ က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဗင်တူရာ ခရိုင်ရဲမင်းကြီးရုံး၏ အကျဉ်းသားမှတ်တမ်းများအရ သိရှိရသည်။ ၎င်းကို လက်ရှိတွင် ပြန်လည်လွှတ်ပေးထားပြီး လာမည့် မေလ၄ရက်နေ့တွင် ရုံးတော်သို့ လာရောက် အစစ်ဆေးခံရန် ချိန်းဆိုထားသည်။ “Oops!… I Did It Again”သီချင်းဖြင့် ကျော်ကြားသော အဆိုတော်သည် ဖမ်းဆီးခံရပြီးနောက် ၎င်း၏ အင်စတာဂရမ် အကောင့်ကို ဖျက်သိမ်းသွားပုံရသည်။ ကိုးကား The Independent #ကမ္ဘာကျော်_အဆိုတော် #အရက်မူး_ကားမောင်းမှု #ဘရစ်တနီစပီးယားစ် #ဖမ်းဆီးခံရ #PSM_News Post navigation ထိုင်းလူဝင်မှုကြီးကြပ်ရေး အချုပ်ခန်းတွင် တရုတ်နိုင်ငံသားများအတွက် တစ်လ ဘတ် ၂ သိန်းတန် “VIP အခန်း” များရှိဟု တိုင်ကြား အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီး ခရစ္စတီနမ် ရာထူးမှထုတ်ပယ်ခံရ