PSM(NEWS) မတ် ၇၊ ၂၀၂၆ အရှေ့အလယ်ပိုင်း၌ ဖြစ်ပွားနေသော စစ်ပွဲကြောင့် ဟော်မုဇ်ရေလက်ကြားတွင် သင်္ဘောသွားလာမှုများ ရပ်တန့်သွားပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး ဓာတ်ငွေ့ရောင်းချသူ ဖြစ်သည့် ကာတာနိုင်ငံ၏ ထောက်ပံ့မှုများ ပြတ်တောက်သွားခဲ့သည်။ ထိုအခြေအနေကြောင့် အာရှနိုင်ငံများတွင် ဓာတ်ငွေ့ရှားပါးမှုနှင့် ကြုံတွေ့နေရပြီး အစားထိုး ဓာတ်ငွေ့များ ရရှိရန်အတွက် အလုအယက် ရှာဖွေနေကြသည်။ ဥရောပသို့ ဦးတည်မောင်းနှင်နေသော LNG သင်္ဘောအချို့မှာ အာရှဈေးကွက်၏ မြင့်မားသော ဝယ်လိုအားနှင့် ဈေးနှုန်းကြောင့် လမ်းကြောင်းပြောင်း၍ အာရှသို့ ဦးတည်မောင်းနှင်လာနေကြသည်။ လက်ရှိတွင် သင်္ဘော (၃) စင်းထက်မနည်းလမ်းကြောင်းပြောင်းလဲမှု ပြုလုပ်ထားပြီး ဖြစ်သည်။ အာရှဈေးကွက် (JKM) နှင့် ဥရောပဈေးကွက် (TTF) တို့တွင် ဓာတ်ငွေ့ဈေးနှုန်းများမှာ အမေရိကန် Henry Hub ဈေးနှုန်းထက် များစွာမြင့်မားနေသည်။ ဤအခြေအနေသည် ပို့ဆောင်ခစရိတ် ပိုမိုပေးရသော်လည်း အာရှသို့ ပို့ဆောင်ရန် ပိုမိုဆွဲဆောင်မှုရှိစေသည်။ တောင်ကိုရီးယား၊ အိန္ဒိယ၊ ထိုင်ဝမ်၊ ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံတို့သည် ဓာတ်ငွေ့အစားထိုး ဝယ်ယူရန် ကြိုးပမ်းနေသော်လည်း ဈေးနှုန်းမြင့်မားမှုနှင့် ကုန်ပစ္စည်းရှားပါးမှုကြောင့် အခက်အခဲများ ကြုံတွေ့နေရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်ပင် လွန်စွာမြင့်မားသော ဈေးနှုန်းဖြင့် ဝယ်ယူခဲ့ရသည်။ ရုရှား၏ ပိုက်လိုင်းဓာတ်ငွေ့များကို မှီခိုမှုလျှော့ချထားသည့် ဥရောပနှင့် ကာတာနိုင်ငံထံမှ ထောက်ပံ့မှု လိုအပ်နေသည့် အာရှတို့အကြား ကမ္ဘာ့ LNG စျေးကွက်တွင် ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာနိုင်ဖွယ်ရှိသည်။ ကိုးကား Reuters #ပိုမိုပြင်းထန် #အာရှဈေးကွက် #ဟော်မုဇ်ရေလက်ကြား #သင်္ဘောသွားလာမှု #LNG ဓာတ်ငွေ့ #PSM_News Post navigation အီရန်နိုင်ငံအနေဖြင့် “ခြွင်းချက်မရှိ လက်နက်ချခြင်း” မရှိပါက မည်သည့်ဆွေးနွေးမှုမှ ပြုလုပ်မည်မဟုတ်ဟု ဒေါ်နယ်ထရမ့် အတိအလင်း ပြောကြား တောင်ကိုရီးယားနှင့် အမေရိကန် စစ်တပ်တို့သည် Patriot ဒုံးကျည်များကို အီရန်စစ်ပွဲသို့ ရွှေ့ပြောင်းရန် ဆွေးနွေးနေကြောင်း တောင်ကိုရီးယား ပြောကြား