PSM(NEWS)

ဧပြီ ၁၈၊၂၀၂၆

ကမ္ဘာ့ရေနံတင်ပို့မှု၏ ၂၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းရာ အရေးပါသော ဟော်မုဇ်ရေလက်ကြားကို ကုန်သွယ်ရေးသင်္ဘောများအတွက် အပြည့်အဝပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ကြောင်း အီရန်နိုင်ငံက သောကြာနေ့တွင် ပြောကြားခဲ့သည်။

သို့သော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ကမူ အီရန်နိုင်ငံနှင့် နျူကလီးယားအစီအစဉ် အပါအဝင် အခြားသော သဘောတူညီချက်များ ရရှိသည်အထိ အီရန်သင်္ဘောများနှင့် ဆိပ်ကမ်းများကို အမေရိကန်ရေတပ်က ဆက်လက်ပိတ်ဆို့ထားမည်ဟု တုံ့ပြန်ပြောဆိုခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ဂ်ချီ က အစ္စရေးနှင့် အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့တို့အကြား ၁၀ ရက်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် တည်မြဲနေပုံရသည်နှင့်အမျှ ယခုကဲ့သို့ ရေလမ်းကြောင်း ပြန်လည်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

သမ္မတ ဒေါ်နယ်ထရန့် သည် အစပိုင်းတွင် အဆိုပါသတင်းကို ကြိုဆိုကြောင်း လူမှုကွန်ရက်၌ ရေးသားခဲ့သော်လည်း မိနစ်ပိုင်းအကြာတွင် နောက်ထပ်ပို့စ်တစ်ခု တင်ခဲ့ပြီး “အီရန်နှင့် ကျွန်ုပ်တို့အကြား သဘောတူညီချက် ၁၀၀ ရာခိုင်နှုန်း ပြည့်စုံအောင်မြင်ခြင်းမရှိမချင်း” အမေရိကန်ရေတပ်၏ ပိတ်ဆို့မှုကို ဆက်လက်လုပ်ဆောင်သွားမည်ဟု အသိပေးခဲ့သည်။

ထို့အပြင် အီရန်နိုင်ငံသည် ရေလက်ကြားအတွင်းရှိ မိုင်းများကို ဖယ်ရှားရန်အတွက် အမေရိကန်၏ အကူအညီဖြင့် လုပ်ဆောင်နေကြောင်းလည်း သမ္မတက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း လက်ဘနွန်တိုက်ပွဲများကြောင့် အီရန်က ရေလက်ကြားသွားလာမှုကို ကန့်သတ်ခဲ့ပြီးနောက် သမ္မတ ဒေါ်နယ်ထရန့် က အီရန်အား ဖိအားပေးသည့်အနေဖြင့် “အားလုံးဖွင့်ပေးခြင်း သို့မဟုတ် လုံးဝပိတ်ဆို့ခြင်း” မူဝါဒဖြင့် ယခုကဲ့သို့ ရေတပ်ပိတ်ဆို့မှုကို စတင်ခဲ့ခြင်းဖြစ်သည်။

ကိုးကားAP

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *