PSM(NEWS)

ဧပြီ ၁၈၊၂၀၂၆

စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်နှင့် ဘရာဇီးသမ္မတ လူလာဒါဆေးလ်ဗားတို့သည် ကမ္ဘာတစ်ဝန်း အားကောင်းလာနေသည့် လက်ယာစွန်းဝါဒကို တန်ပြန်စည်းရုံးရန်နှင့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှု ကို ကာကွယ်ရန်အတွက် နိုင်ငံတကာ လက်ဝဲဝါဒီခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးကို စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့၌ စတင်ကျင်းပခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ပြောင်းလဲလာသော နိုင်ငံတကာမူဝါဒများကြောင့် ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်ဖွဲ့မှုများကို ပြန်လည်သုံးသပ်နေရချိန်တွင် ယခုကဲ့သို့ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုကို အားပေးသည့် အစည်းအဝေး ပေါ်ပေါက်လာခြင်းဖြစ်သည်။

အဆိုပါ ထိပ်သီးဆွေးနွေးပွဲသို့ တောင်အာဖရိကသမ္မတ ရာမာဖိုဆာနှင့် မက္ကဆီကိုသမ္မတ ရှိန်းဘောင်းတို့ အပါအဝင် နိုင်ငံတကာခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူ ၃,၀၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

ဝန်ကြီးချုပ် ဆန်းချက်ဇ်က ဟန်ဂေရီတွင် လက်ယာစွန်းခေါင်းဆောင် ဗစ်တာအော်ဘန် ရွေးကောက်ပွဲရှုံးနိမ့်သွားခြင်းကို ထောက်ပြကာ လက်ယာစွန်းလှိုင်းကို တားဆီးနိုင်ကြောင်းနှင့် အခြားရွေးချယ်စရာ လမ်းစဉ်ရှိကြောင်းကို ကမ္ဘာသို့ ပြသရန် လိုအပ်သည်ဟု တိုက်တွန်းပြောကြားခဲ့ပါသည်။ ယခုစုရုံးမှုသည် ဒီမိုကရေစီ ကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘုံရည်မှန်းချက်များအတွက် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှု အင်အားကို မြှင့်တင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။

ကိုးကား Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *